Geology

Jan 1 at 5:51 a.m

ဘူမိဗေဒ

ဘူမိဗေဒ (Geology, from Greek: γη, gê, "earth"; and λόγος, logos, "speech" lit. မြေကြီး အကြောင်းပြောခြင်း) သည် ကမ္ဘာမြေကြီးရှိ ဓာတ်ဝတ္တု အဆိုင်အခဲနှင့် ၎င်းတို့၏ ပါဝင်မှုများကို လေ့လာသော သိပ္ပံဘာသာရပ် ဖြစ်သည်။ ကျောက်တုံး၊ မြေကြီး၊ ကျောက်မျက် ရတနာတို့ကို လေ့လာသော ဘူမိဗေဒသည် ပါဝင်ပေါင်းစပ်မှု အချိုးအစား၊ ပုံသဏ္ဌာန်၊ ရုပ်သဘော၊ သမိုင်းကြောင်းနှင့် ကမ္ဘာကြီးအား ပုံထုခဲ့သော ဖြစ်စဉ်များကို လေ့လာသည်။ ဘူမိဗေဒ ပညာရပ်တွင် ကမ္ဘာမြေကြီးတွင် ပါဝင်သည့် ဒြပ်ပစ္စည်းများ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ယင်းတို့၏ ရုပ်သတ္တိ၊ ဒိုင်နမစ် (လှုပ်ရှားမှုစွမ်းအား)နှင့် သမိုင်းအကြောင်းများ၊ ဖွဲ့တည်ပုံဖြစ်စဉ်၊ ရွေ့လျားပုံနှင့် ပြောင်းလဲပုံများကို လေ့လာကြသည်။ ကမ္ဘာမြေကြီး ကိုလေ့လာသောသိပ္ပံပညာ လည်း ဖြစ်သည်။ ဘူမိဗေဒ ပညာရှင် များက ကမ္ဘာ၏ သက်တမ်းကို နှစ်ထောင်ပေါင်း ၄.၆ သန်း ရှိပြီဟု ခန့်မှန်းပြီး ကမ္ဘာ၏ အခွံဖြစ်သော ကျောက်လွှာသည် အပိုင်းပိုင်း အစစသော tectonic platesများ ဖြင့်ဖွဲ့တည်ထားပြီး ရွေ့ရှားလျက်ရှိသည်။ ဘူမိဗေဒပညာရှင်များသည် ကမ္ဘာ၏ သယံဇာတများဖြစ်သည့် ရေနံ၊ ကျောက်မီးသွေး၊ သတ္တုများဖြစ်သော သံ၊ ကြေးနီ၊ ယူရေနီရမ်ကို ရှာဖွေဖေါ်ထုတ်သည်။ ထို့အပြင် စီးပွားရေးအရ အရေးပါသော ကျောက်မျက် ရတနာများ၊ မီးခံကျောက်၊ ကျောက်ပွ(perlite)၊ မိုက်ကာ၊ ဖိုစဖိတ်(phosphates)၊ ဇီယိုလိုက်(zeolites)၊ အိုးမြေ(clay)၊ သလင်းကျောက်နှင့် စီလီကာတို့ကိုလည်း ရှာသည်။ ဘူမိဗေဒသည် မြို့ပြ အင်ဂျင်နီယာ၊ soil mechanics၊ ဟိုက်ဒယိုလိုဂျီ၊ ပတ်ဝင်းကျင် အင်ဂျင်နီယာနှင့် ဘူမိပယောဂဗေဒ (geohazards) တို့တွင် လည်း အရေးပါသည်။ ဘူမိဗေဒသည် အဓိကကျသည့် ပညာရပ်တခုဖြစ်သည့်အပြင် သတ္တု၊ ဟိုင်ဒြိုကာဗွန် ဒြပ်ပေါင်း ထုတ်ယူခြင်း၊ သဘာဝဘေးအန္တရာယ် ရွှေ့ပြောင်းခြင်းနှင့် ဆက်နွှယ်သည့် ဗဟုသုတ၊ အင်ဂျင်နီယာ ပညာရပ်အချို့နှင့် မျက်မှောက်ကာလ ရာသီဥတုပြောင်းလဲမှုနှင့် အာတိတ်မှ ရာသီဥတု၊ သဘာဝဝန်းကျင်များအား နှိုင်းယှဉ် လေ့လာမှုများအတွက် အရေးပါသည့် ပညာရပ် တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် ရေကြီးမှု၊ မီးတောင်ပေါက်ကွဲမှု၊ ငလျင်တိုင်းတာခြင်း၊ မြေအောက်မှ ကျောက်မျက် ရတနာနှင့် ရေနံရှာဖွေ တူးဖော်ခြင်းများ ပါဝင်သည်။

သမိုင်း

ရှေးဟောင်းဂရိ ဒဿနိကပညာရှင် အရစ်တိုတယ်(Aristotle)၏ တပည့် ရှေးဟောင်း ဂရိပညာရှင် သီအိုဖရေးတပ်စ် (Theophrastus) ရေးသားခဲ့သည့် Peri Lithon (ကျောက်တုံးပေါ်တွင်) စာအုပ်သည် နှစ်ထောင်နဲ့ချီ လွှမ်းမိုးခဲ့သည်။ Peri Lithon အား လက်တင်နှင့် အခြားဘာသာများအဖြစ် ပြန်ဆိုခဲ့ပြီးဖြစ်သည်။ အလယ်ခေတ်နှောင်းပိုင်းတွင် Avicenna ၏ ကျောက်ဖြစ်ြခင်း သီအိုရီ မထွက်ပေါ်လာမီကာလအထိ ယင်းစာအုပ်အတွင်း ကျောက်ဖြစ်ရုပ်ကျွင်းများအကြောင်း ဖော်ဆိုချက်များသည် ဂန္ဓဝင်ခေတ်(classical Antiquity)နှင့် အလယ်ခေတ်ဦးပိုင်းတွင် ဩဇာသက်ရောက်မှု အရှိဆုံးသီအိုရီ အဖြစ်တည်ရှိခဲ့သည်။ ဇရာအိုကြီး ပလင်နီ (Pliny the Elder) သည် ရောမအင်ပါယာခေတ်ကာလတွင် အကျယ်တဝင့်အသုံးပြုခဲ့သည့် သတ္တုများနှင့် တွင်းထွက်ပစ္စည်းများအကြောင်း ကျယ်ကျယ်ပြောပြော ဆွေးနွေးခဲ့သည်။ သူသည် ပယင်းများအတွင်း ပိတ်မိနေသည့် အင်းဆက်ပိုးများအား လေ့လာချက်မှ ပယင်းများသည် ထင်းရှူးပင်အဆီများ၏ ကျောက်ဖြစ်ရုပ်ကျွင်းများ ဖြစ်ကြောင်းပထမဦးဆုံး မှန်ကန်စွာ ခွဲခြားနိုင်ခဲ့သူတဦး အပါအဝင်ဖြစ်သည်။ သူသည်လည်း စိန်၏ ဖွဲ့စည်းတည်ဆောက်ပုံ ရှစ်မျက်နှာပုံဆိုင်ခဲကို ရေးဆွဲခဲ့သည်။

လေ့လာမှုနယ်ပယ်မျာ

ဘူမိဗေဒဆိုသည်မှာ အင်္ဂလိပ်လို ” geology “ ဖြစ်ပါသည်။ geo = the earth , logy = study Geology is the study of the earth. ဘူမိဗေဒဆိုသည်မှာ ကမ္ဘာမြေကြီးကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ကမ္ဘာမြေကြီး၏ မည်သည့် အစိတ်အပိုင်း များကို လေ့လာကြသည်ကို ဖော်ပြရသော် အောက်ပါကဲ့သို့ ဖြစ်ပေသည်။

  1. The origin and age of the earth .ကမ္ဘာမြေကြီး၏ မူလအစနှင့်သက်တမ်းကို လေ့လာရန်၊
  2. The internal structure and composition of the earth .ကမ္ဘာ့အတွင်းပိုင်းအနေအထားနှင့် ဖွဲ့စည်းပုံကို လေ့လာရန်၊
  3. The chemical composition of the rock and their genese .ကမ္ဘာမြေကြီးကို ဖွဲ့စည်းထားသော ကျောက်များ၏ ဓာတ်ဖွဲ့စည်းပုံနှင့်၎င်းတို့၏ဖြစ်ပေါ်လာပုံ၊
  4. The primary and secondary structure of the rock formed.ဖြစ်ပေါ်လာသော ကျောက်များ၏ မူလဖြစ် အနေအထားနှင့် နောက်ဖြစ်အနေအထား၊
  5. The economic mineral deposits and their genese . စီးပွားရေးတွင် အရေးပါသော တွင်းထွက်သိုက်များနှင့် ၎င်းတို့ဖြစ်ပေါ်လာပုံ၊
  6. The study of the ever changing morphology of the earth’s surface , and the natural forces and processes that cause an unstable phenomenon of the earth’s interior .ကမ္ဘာ့မျက်နှာပြင်၏ ဘူမိရုပ်သွင်ထာ၀ရ ပြောင်းလဲမှုနှင့် သဘာ၀တရား၏ ပြုလုပ်မှု ဖြစ်စဉ်များကြောင့် ကမ္ဘာ့အတွင်းပိုင်း၏ မတည်မြဲသော ထူးခြားဆန်းကြယ်သည့် အသွင်များ၊
  7. The geologists history of the earth .ကမ္ဘာကြီး၏ ဘူမိသမိုင်းကြောင်းကို လေ့လာရန်၊
အထက်ပါအချက် (ရ) ချက်ဖြင့် ကမ္ဘာမြေကြီးကို ဘူမိဗေဒပညာရှင် (geologists) များက လေ့လာကြပေသည် ။ ၎င်းလုပ်ငန်းများမှာ_ သဘာဝအန္တရာယ်များဖြစ်သော မီးတောင်ပေါက်ကွဲမှုများ ၊ ရေကြီးလွှမ်းမိုးမှုများ ၊ မြေလွှာပြတ်ရွှေ့မှုများ၊ ငလျင် လှုပ်ခတ်မှုများကို ခန့်မှန်းပေးရန် စသည့်လုပ်ငန်းကြီး (၁၀)ရပ်ကို မိမိတို့၏ တတ်သိသောပညာဖြင့် စွမ်းစွမ်းတမံ ဖော်ထုတ်၍ လူသားအကျိုးထမ်းဆောင်ရပေမည်။
ဘူမိဗေဒဘာသာရပ်သည် သဘာဝသိပ္ပံ (natural science) ဘာသာရပ်ဖြစ်သည် ။ ၎င်းဘာသာရပ်သည် Physics, Chemistry, Mathematics, Biology, Botany, Geography အစရှိသော ဘာသာများရပ်များနှင့် ဆက်စပ်နေသော ဘာသာရပ်ဖြစ်သည်။ ဘူမိဗေဒ (Geology) ဘာသာရပ်၏ ဘာသာရပ်ခွဲများကို ဖော်ပြရသော်… စသည့် ဘာသာရပ်ခွဲများ ဖြစ်ပေသည် ။ ဘူမိဗေဒဘာသာရပ်သည် သဘာဝသိပ္ပံဘာသာရပ်ဖြစ်သည်နှင့်အညီ ကမ္ဘာမြေကြီး၏ သဘာဝတရားများကို ခေတ်အဆက်ဆက် ဖော်ထုတ်ရပေမည်။ ဘူမိဗေဒနှင့် အခြားသဘာ၀သိပ္ပံပညာရပ်များ၏ ဆက်စပ်မှုကို တိုးချဲ့လေ့လာခဲ့ကြ၍-
  1. ဘူမိဓာတုဗေဒ (Geochemistry)၊
  2. ဘူမိရူပဗေဒ (Geophysics)၊
  3. ဇလဘူမိဗေဒ (Hydrogeology)၊
  4. အင်ဂျင်နီယာဘူမိဗေဒ (Engineering Geology)၊
  5. ပတ်ဝန်းကျင်ရေးရာ ဘူမိဗေဒ (Environmental Geology)၊
  6. အဏ္ဏဝါဘူမိဗေဒ (Marine Geology)

စသည့် ဘူမိသိပ္ပံပညာရပ်ခွဲများ ပေါ်ထွက်လာခဲ့သည်။