သိပ်သည်းဆနဲ့ပတ်သက်လို့ နောက်ထက်ပြောစရာရှိသေးတယ်။ အဲ့ဒါကတော့ နှိုင်းရသိပ်သည်းဆ(relative density)ပဲ။ (တစ်ချို့က specific gravity လို့လည်း ခေါ်တယ်) နှိုင်းရသိပ်သည်းဆဆိုတဲ့ အတိုင်း တစ်ခုခုနဲ့ နှိုင်းဆထားတာ။ ဘယ်ကောင်နဲ့ နှိုင်းထားလဲဆို (အစိုင်အခဲတွေ၊ အရည်တွေဆိုရင်) ရေနဲ့နှိုင်းတယ်။ (ဓာတ်ငွေ့တွေကိုတော့ ခြောက်သွေ့တဲ့လေနဲ့ နှိုင်းတယ်) ရေရဲ့သိပ်သည်းဆက အပူချိန် 4 o C မှာ 1000 kg m-3 ရှိတယ်။ အဲ့ဒီကောင်နဲ့ နှိုင်းတာ၊ ဥပမာ အရည်တစ်ခုရဲ့ သိပ်သည်းဆက 2000 kg m -3 ရှိတယ်ဆိုပါစို့။ဒါဆို ရေနဲ့နှိုင်းလိုက်ရင် သူက ၂ ဆ ပိုများတာပေါ့။ ဒါကြောင့် သူရဲ့ နှိုင်းရသိပ်သည်းဆက 2 ..။ဟုတ်ပြီနော်.. သဘောတရားက မခက်ပါဘူး။ ဒါပေမယ့် မေးခွန်းက ဘာလို့ အလုပ်ရှုပ်ခံပြီး ရေနဲ့ သွားနှိုင်းနေတာတုန်း။ ဒီအတိုင်းတွက်လို့မရဘူးလား။ ဟုတ်တယ်လေ A ရဲ့သိပ်သည်းဆကို လိုချင်တယ်။ ဒါဆို A ရဲ့ mass နဲ့ volume ကိုတိုင်း၊ ပြီးရင် စားလိုက်၊သိပ်သည်းဆကို ရရောပေါ့
နံပါတ်-၁ ကတော့ mass ကို အတိအကျတိုင်းနိုင်ပေမယ့် volume ကို mass လောက် တိတိကျကျမတိုင်းနိုင်ဘူး။ ဒီတော့ သိပ်သည်းဆ (density)ကလည်း မတိကျတော့ဘူးပေါ့။ (voulme ဆိုတာက ပုံသဏ္ဌာန် ဆိုင်တယ်။ ကျောက်တုံးတစ်တုံးရဲ့ mass ကို အတိအကျ တိုင်းနိုင်ပေမယ့် volume ကို အတိအကျတိုင်းဖို့က ခက်တယ်လေ။ အမှန်တော့ တိုင်းတဲ့နည်းလမ်းတွေတော့ ရှိတယ်) နောက်တစ်ကြောင်းကတော့ သိတဲ့အရာဝတ္တုနဲ့ နှိုင်းတာဖြစ်လို့ ပိုပြီး အဆင်ပြေတယ်။ စက်မှုလုပ်ငန်းတွေမှာ သုံးကျတာပေါ့ကွာ။ အထူးသဖြင့် ဘူမိဗေဒပညာရှင်တွေ၊ ကျောက်မျက်ပညာရှင်တွေ အများဆုံးသုံးတယ်။ ဥပမာ ဒီကျောက်တုံးထဲမှာ ဘယ်လိုသတ္တုရိုင်းတွေပါလဲ၊သိပ်သည်းဆ ဘယ်လောက်ရှိနိုင်လဲ...၊နောက် ဒီကျောက်မျက်ရတနာ စစ်လား၊ မစစ်ဘူးလား.. ဒါတွေကို နှိုင်းရသိပ်သည်းဆနဲ့ အဖြေထုတ်လို့ရတယ်။ (သိပ်သည်းဆကို တကူးတက မတွက်တော့ဘူး) နှိုင်းရသိပ်သည်းဆဆိုတာ အရာဝတ္ထုရဲ့သိပ်သည်းဆကို ရေရဲ့သိပ်သည်းဆနဲ့ နှိုင်းတာ။သခ်ာၤလိုဆို-
RD မှာ ယူနစ် (unit) မရှိဘူး။