ရေလှိုင်းဖြတ်သွားတဲ့အခါ နိမ့်လိုက်မြင့်လိုက်ဖြစ်သွားတာကို သတိထားမိကြမှာပဲ။အမြင့်ဆုံးတက်သွားတာကို လှိုင်းထိပ်(peak)လို့
ခေါ်တယ်။ပြီးရင်ပြန်နိမ့်သွားမယ်။အဲ့အနိမ့်ဆုံးကို လှိုင်းချက်(Trough)လို့ခေါ်တယ်။အဲ့ဒီမှာ လှိုင်းရဲ့ဂုဏ်သတ္တိက
အဲ့ဒီအမြင့်ဆုံးတက်သွားတဲ့အမြင့်(လှိုင်းထိပ်)နဲ့ အနိမ့်ဆုံးဖြစ်သွားတဲ့အနိမ့်(လှိုင်းချက်)တို့ရဲ့အမြင့်တွေကတူတူပဲ။ဥပမာ
နဂိုကန်ရေပြင်က ညီနေငြိမ်နေမယ်။လှိုင်းဖြစ်သွားတဲ့အခါ မြင့်တက်သွားတဲ့လှိုင်းထိပ်(peak)က 5mဆိုရင် နိမ့်သွားတဲ့ အနိမ့်(trough)ကလည်း
5mပဲ။လှိုင်း(wave motion)ဆိုတာ အဲ့လို လှိုင်းထိပ်လှိုင်းခွက်ချိတ်ဆက်နေတဲ့အတွဲ ကြီးပဲ။ပြီးတော့ wave motionတစ်ခုရဲ့ peakနဲ့
troughtတွေကတူတူပဲ။
ဒီဂုဏ်အရည်အချင်းက linear motionတွေမှာ မရှိတဲ့၊wave motionတွေမှာပဲရှိတဲ့ လှိုင်းရဲ့ဂုဏ်ပဲ။လှိုင်းရဲ့လွှဲကျယ် amplitude(A)က
လှိုင်းတစ်ခုသယ်ဆောင်လာတဲ့ စွမ်းအင်ပမာဏကိုပြောပြတယ်။ကျန်တာတွေတူရင် amplitudeများတဲ့ကောင်က စွမ်းအင်ပိုများတယ်။