frequency(f), Period(T)

Aug 14 at 11:09 p.m

အဲ့ဒီမှာ ​နောက်​ထပ်​linear motion​မှာ မရှိတဲ့ အချက်​​တစ်​ချက်​​ပေါ်လာပြန်​တယ်​။အဲ့ဒါက လှိုင်းလုံးအ​ရေအတွက်​ပဲ။wave motionဖြစ်​လာတယ်​ဆိုတာနဲ့ လှိုင်းလုံးအတွဲ ကြီး​တွေဖြစ်​လာမယ်​။အဲ့လိုဖြစ်​လာတဲ့အခါ တစ်​စက္ကန့်​အတွင်းမှာ ​နေရာတစ်​ခုအတွင်းမှာ ဖြတ်​သွားတဲ့လှိုင်းလုံးအ​ရေအတွက်​ကို(frequency) ကြိမ်​နှုန်းလို့​ခေါ်တယ်​။(linear motion​တွေမှာ ဒီသ​ဘောမရှိဖူး)ဥပမာ​ရေကန်​ထဲမှာ လှိုင်းဖြစ်​လာတယ်​ဆိုပါစို့။ ကန်​ထဲကဘဲ​​လေးကို လှိုင်းဖြတ်​သွားရင်​ အဲ့ဒီဘဲ​လေးက နိမ့်​ချည်​မြင့်​ချည်​ဖြစ်​လိမ့်​မယ်​။အဲ့ဒီ​ကောင်​ကို frequency(f) ကြိမ်နှုန်း လို့​ခေါ်တယ်​။

တစ်​စက္ကန့်​အတွင်းမှာ ငါးခါဖြတ်​သွားရင်​ သူ့ရဲ့frequencyက 5​ပေါ့။လှိုင်းတစ်​ခုစီအတွက်​ ကြိမ်​နှုန်းကတူတူပဲ။ဥပမာ ကြိမ်​နှုန်း၅နဲ့ စထွက်​လာတဲ့လှိုင်း​ဟာ​နောက်​လည်း၅ပဲ။၅နဲ့စထွက်​ပြီးခဏ​နေ​တော့၁၀ဖြစ်​သွားတယ်​။၃ဖြစ်​သွားတယ်​လို့မရှိဖူး။ဒါ​ကြောင့်​ လှိုင်းတစ်​ခုစီမှာ သတ်​မှတ်​ကြိမ်​နှုန်းတစ်​ခုစီရှတယ်​။တစ်​စက္ကန့်​အတွင်းဖြတ်​သွားတဲ့အ​ရေအတွက်​လို့ သူ့ရဲ့ယူနစ်​က per secondဖြစ်​တယ်​။ဒါ​ပေမယ့်​ SI unitမှာ herzt(Hz)လို့သုံးတယ်​။

ပြောင်းပြန်​​ပြောရရင်​ လှိုင်းလုံးတစ်​ခုနဲ့တစ်​ခု ဖြတ်​သွားဖို့အချိန်​ဘယ်​​လောက်​ကြာသလဲ​ပေါ့။အဲ့ဒါကိုperiod(T)လို့​ခေါ်တယ်​။စော​စောက ဥပမာလိုတစ်​စက္ကန့်​အတွင်းငါးခါဖြတ်​သွားတယ်​ဆိုရင်​...တစ်​လုံးပြီး​နောက်​တစ်​လုံး​ရောက်​ဖို့ကြာချိန်က 1/5=0.2 secမှာ တစ်​လုံးဖြတ်​သွားတယ်​။ ဒါ​ကြောင့်​တစ်​စက္ကန့်​အတွင်းမှာ လှိုင်းလုံးငါးလုံးဖြတ်​သွားတာ​ပေါ့။ ကြာချိန်​ဖြစ်​လို့ စက္ကန့်​နဲ့တိုင်းတယ်​။ဆို​တော့ frequency(f)နဲ့ period(T)က​ပြောင်းပြန်​ပဲ။(frequencyက တစ်​စက္ကန့်​အတွင်းဖြတ်​သွားတဲ့လှိုင်းလုံးအ​ရေအတွက်​၊periodက တစ်​လုံးနဲ့ တစ်​လုံးကြာဖို့အချိန်​)သူတို့နှစ်​ခုရဲ့ဆက်​သွယ်​ချက်​ကို သင်္ချာလို​ရေးပြရရင်​-

f = 1 / T or T = 1 / f