Mechanical and Electromagnetic waves
Aug 14 at 9:13 p.m

လှိုင်းဆိုတာ ကြားခံနယ်ကို ဖြတ်လာတဲ့လှုပ်ရှားမှုလို့ လေ့လာခဲ့ရပါတယ်။ဒါဆို ကျောင်းသားတွေထဲက တစ်ချို့က တွေးမိချင်တွေးမိမယ်။ လှိုင်းဆိုတာ ကြားခံနယ်မရှိရင် မရှိနိုင်တော့ဘူးလား၊ မသွားနိုင်တော့ဘူးလားလို့..။ အဖြေကတော့ ရှိတယ်ဆိုတာပဲ။ ဆိုတော့ လှိုင်းက ၂မျိုးပေါ့။ တစ်ချို့လှိုင်းတွေက ကြားခံနယ်မရှိရင် မဖြစ်နိုင်ဘူး။ ကြားခံနယ်လိုတယ်။ တစ်ချို့လှိုင်းတွေကတော့ ကြားခံနယ်မလိုဘူး။ ဘာလို့အဲဒီလိုဖြစ်ရသလဲဆိုတော့ တစ်ချို့လှိုင်းတွေက သူတို့သယ်လာတဲ့ စွမ်းအင်တွေကို ကြားခံနယ်ကတစ်ဆင့် လွှဲပေးရတာကြောင့်ပဲ။ ဥပမာ - အသံလှိုင်းဆိုရင် လေမော်လီကျူးတွေက အဲ့ဒီအသံစွမ်းအင်ကို လက်ဆင့်ကမ်းသယ်လာရတာ။ ဒါကြောင့် လေဟာနယ်မှာဆိုရင် (သယ်ပေးမယ့် လေမော်လီကျူး လေးတွေ မရှိလို့) အသံမထွက်နိုင်ဘူး။

ကြားခံနယ် လိုတယ် / မလိုဘူးနဲ့ ပတ်သက်လို့ အထင်ရှာဆုံးဥပမာကတော့ ဖန်ဘူးထဲမှာ မီးလုံးတစ်ခုနဲ့ တစ်တစ်မြည်သံပေးတဲ့ နာရီတစ်လုံးကို အတူထားလိုက်၊ အဲ့ဒီအခြေအနေမှာ မီးသီးရဲ့အလင်းကိုလည်း မြင်ရတယ်၊ နာရီရဲ့ အသံကိုလည်း ကြားရတယ်။ ပြီးရင် ဖန်ဘူးထဲက လေကို စုပ်ထုတ်လိုက်၊ ဖန်ဘူးလေဟာနယ် ဖြစ်သွားတဲ့အချိန်မှာ နာရီရဲ့ တစ်တစ်မြည်သံကို မကြားရတော့ဘူး။ ဒါပေမယ့် မီးရောင်ကိုတော့ မြင်နေရတုန်းပဲ။ ဒါကို ကြည့်ရင် အသံလှိုင်းအတွက် ကြားခံနယ်လိုပြီး အလင်းလှိုင်းအတွက် ကြားခံနယ်မလိုဘူးဆိုတာ ထင်ရှားလှတာပေါ့။ အဲ့လိုကြားခံနယ် ရှိရှိ မရှိရှိ သွားနိုင်တဲ့အတွက် စွမ်းအင်တွေဟာ စကြဝဠာအနှံ့ ရောက်နိုင်သွားနိုင်ကြတယ်။

ကြားခံနယ်လိုတဲ့ လှိုင်းအမျိုးအစားကို mechanical wave လို့ ခေါ်တယ်။ ကြားခံနယ်မလိုတဲ့ ကောင်တွေကျတော့ electromagnetic wave လို့ခေါ်တယ်။ မှတ်ထားရမှာက electromagnetic wave တွေအကုန်လုံးက လျှပ်စစ်သံလိုက်ဆိုက်ရာ လှိုင်းအမျိုးအစားတွေပဲ။ နောက်တစ်ခုမှတ်ထားရမှာက ကြားခံနယ်လိုတဲ့ mechanical wave တွေဟာ ကြာလာရင် (ခရီးဝေးဝေစရောက်လာရင်) လျော့နည်းပျောက်ဆုံးသွားကြတယ်။ electromagnetic wave တွေမှာ အဲလိုမရှိဘူး။