Resonance

Sep 3 at 11:18p.m

အရာဝတ္ထုတိုင်းကတုန်​ခါနိုင်​တယ်​ တုန်​ခါမှုတိုင်းက အသံကိုထွက်​​ပေါ်​စေတယ်​လို့ ​ရှေ့မှာ​ပြောခဲ့တယ်​။ ဒါ​ပေမဲ့ တုန်​ခါမှုfrequency​တော့မတူနိုင်​ဘူး အသံ​တွေလည်းမတူဘူး​ပေါ့ကွာ။ အဲဒီအရာဝတ္ထု​တွေရဲ့ ပကတိလွတ်​လွတ်​လပ်​လပ်​ တုန်​ခါနိုင်​မှုကို natural frequency လို့​ခေါ်တယ်​။ ဆို​တော့ အရာဝတ္ထု တိုင်းမှာ ဘယ်​​လောက်​ကြိမ်​နှုန်းနဲ့တုန်​ခါနိုင်​မယ်​ဆိုတဲ့သူရဲ့ natural frequency ဆိုတာရှိတယ်​။ သံလည်သံအ​လျောက်​၊​ကြေးပြားလည်း​ကြေးပြားအ​လျောက်​​ပေါ့။ အလွယ်​ဆုံးက​တော့ ကြမ်းပြင်​​ပေါ်ပစ္စည်း​တွေလွှတ်​ချကြည့်​၊ ထွက်​လာတဲ့အသံ​တွေမတူဘူး.....ဟုတ်​လား၊ဘာလို့လဲဆို​တော့ သူတို့ရဲ့natural frequency ​တွေမတူလို့ပဲ။

တကယ်​လို့များ သူရဲ့ပတ်​ဝန်းကျင်​က သူ့ရဲ့natural frequencyနဲ့ တုန်​​နေမယ်​ဆိုရင်​ ဒီ​ကောင်​​သေချာ​ပေါက်​လိုက်​တုန်​​နေပြီ။ဒီလိုကွာ...... အရာဝတ္ထုတစ်​ခုရဲ့ natural frequencyက 100Hz ဆိုပါ​တော့ သူကအဲ​လောက်​နှုန်းနဲ့တုန်​နိုင်​တယ်​။ တကယ်​လို့ သူ့ပတ်​ဝန်းကျင်​က 100Hz နဲ့တုန်​ခါ​နေမယ်ဆိုရငိ ဒီ​ကောင်​ ​သေချာ​ပေါက်​လိုက်​ခုန်​ပြီ၊ တခြား​ကောင်​​တွေ (natural frequency 100Hz မဟုတ်​တဲ့​ကောင်​​တွေက အဲ့လိုလိုက်​မတုန်​ဘူး ဒီ​ကောင်​တစ်​​ကောင်​တည်းအားရပါးရလိုက်​တုန်​မှာ.....ဘာလို့လဲဆို​တော့ 100Hzဆိုတာ သူရဲ့ natural frequency ဖြစ်​​နေတာကို..။

Physicsမှာ​တော့ အဲလို လိုက်​တုန်​တာမျိုး resonanceလို့​ခေါ်တယ်​။ resonanceဆိုတာ လက်​တင်​စကားကလာတာ။ အဓိပ္ပါယ်​ကresound ပဲ့တင်​ဟိနိးခြင်းတဲ့။ သူများတုန်​လို့ လိုက်​တုန်​တာဖြစ်​လို့ forced motion/forced vibration လို့​ခေါ်ပြီး မူလစတုန်​တဲ့​ကောင်​ကို driving force လို့​ခေါ်တယ်​ ။ အရာဝတ္ထုကို resonanceဖြစ်​​စေ တုန်​​စေတဲ့frequrncyကို​တော့ resonant frequencyလို့​ခေါ်တယ်​။ပြောခဲ့သလို အရာဝတ္ထုတစ်​ခု resonance ဖြစ်​သွားပြီဆိုရင်​ ဒီ​ကောင်​က အားရပါရတုန်​မယ်​။စာလို​ပြောရရင်​ အဲဒီအချိန်​မှာ amplitudeအမြင့်​ဆုံးပဲ ။နောက်​တစ်​မျိုး​ပြောကရင်​ drivimg forceရဲ့ energy ကိုအပြည့်​ဝဆုံးလက်​လွှဲယူနိုင်​ချိန်​​ပေါ့။

The amplitude of the motion reaches a mum when the frequencyof driving force equals the natural frequency of the system ,fွ called resonant frequency of the system . Under this condition, the system is said to be in resonance.
မူလတုန်​ခါမှုဧ။်​ကြိမ်​နှုန်းသည်​ အဖွဲ့အစည်းတစ်​ခု၏ resonant frequency (fွ )ဟု​ခေါ်​သော neutral frequency နဲ့တူသွားလျှင်​ ထိုအဖွဲ့အစည်းလှုပ်​ရှားမှု၏ လွှဲကျယ်​သည်​ အမြင့်​ဆုံးသို့​ရောက်​သွားသည်​။ ထိုအ​ခြေအ​နေမျိုးရှိ အဖွဲ့အစည်းကို ပဲ့တင်​ဟိန်းတုန်​ခါ​နေသည်​ဟုဆိုသည်​။

ဖတ်​စာအုပ်​ထဲမှာ resonanceရဲ့ ဥပမာအဖြစ်​ pendulum ​လေးခုပြထားပြီး natural frequency တူတဲ့ pendulum ၂ခု ကပဲလိုက်​တုန်​တယ်ဆိုတာ သရုပ်​ပြထားတယ်​။

Resonance အတွက်​ အထင်​ရှားဆုံးဥပမာက​တော့ အသံ​ကြောက့်​ ဖန်​​တွေမှန်​​တွေ ကွဲကုန်​တာပဲ။ လှိုင်းမှန်​သမျှက စွမ်းအင်​​တွေသယ်​လာတာဟုတ်​​ပေမဲ့ အခုကိစ္စမှာ​တော့ အသံလှိုင်းသယ်​လာတဲ့ စွမ်းအင်​ကြီးက ဖန်​ခွက်​ကြီးကို ရိုက်​ချလိုက်​လို့ ဖန်​ခွက်​ကွဲသွားတာ မဟုတ်​ဘူး။ အဲဒီ အသံလှိုင်းရဲ့ frequencyကဖန်​ခွက်​ရဲ့ nautral frequency နဲ့သွားတူတာ.... အဲဒီမှာ ဖန်​ခွက်​က ဂွမ်းခနဲ ​နေ​အောင်​ အားရပါးရ တုန်​​တော့တာပဲ။တိတိကျကျ​ပြောရရင်​ အသံရဲ့ amplitudeနဲ့လည်းဆိုင်​တယ်​။စစ်​သား​တွေ တ​ဖြောင်း​ဖြောင်းတဂွမ်းဂွမ်းနဲ့ ချီတက်​လို​ တံတား​တွေ ဘာ​တွေပြိုသွားတာလည်း အတူတူပဲ။စစ်​သား​တွေ ထုတ်​လိုက်​တဲ့ frequency ကတံတားရဲ့nautral frequency နဲ့ထပ်​တူသွားတိုးတာ......အဲဒါ​ကြောင့်​ တံတားကြီးပြိုသွားတာ။ nautral frequency မဟုတ်​ရင်​ မကွဲနိုင်​မပြိုနိုင်​ဘူးလားဆို​တော့.. nautral frequencyမှသာ လှိုင်းသယ်​လာတဲ့စွမ်းအင်​ကို အပြည့်​ဝဆုံးလက်​​ပြောင်းယူနိုင်​တာကိုး။ကဲ...ဒီ​လောက်​ဆိုresonceအ​​ကြောင်းနားလည်​​လောက်​ပါပြီ