ကဲ...အခုပဲ ကျွန်တော်တို့ လေ့လာရမယ့် လှိုင်းအမျိုးအစားရောက်တော့မယ်။ကိုယ်အထက်မှာပြောခဲ့တဲ့ လှိုင်းအမျိုးအစားတွေ အကုန်လုံးက (အလင်းလှိုင်း၊အသံလှိုင်း၊ရေလှိုင်း)စတဲ့နေရာက တဖြည်းဖြည်းဝေးတဲ့နေရာကိုရောက်သွားတယ်။အဲ့လိုလှိုင်းတွေကို ရှေ့တိုးလှိုင်း( progressive wave)လို့ခေါ်တယ်။မင်းတို့စိတ်ထဲမှာတွေးမိမယ်။ရှေ့တိုးတဲ့လှိုင်းဆိုတော့ ရှေ့မတိုးတဲ့လှိုင်းရော ရှိလာပေါ့။ရှိတယ်... ရှေ့မတိုးတာတော့မဟုတ်ဖူး၊နယ်ပယ်အကန့်အသတ်တစ်ခုထဲမှာပဲ ဖြစ်သွားတယ်၊လှုပ်ရှားသွားတယ်။အဲ့ဒီအကန့်အသတ်ကိုကျော်ပြီး ရှေ့ကိုရောက်မသွားဖူး။ (လွယ်လွယ်ပြောရရင် အဲ့ဒီကြားခံနယ်မှာ စပြီး အဲ့ဒီကြားခံနယ်မှာပဲ ဆုံးသွားတဲ့လှိုင်းမျိုးပေါ့)အဲ့ဒီလှိုင်းကို တန့်လှိုင်း(Stationary wave) လို့ခေါ်တယ်။(တစ်ချို့ကလည်း Standing waveလို့ခေါ်တယ်)
The waves which spread out away from sources are called Progressive waves.
လှိုင်းထွက်ပေါ်ရာ ပင်ရင်းနေရာမှ အဝေးသို့ ပျံ့လွှင့်သွားသော လှိုင်းကို ရှေ့တိုးလှိုင်း(progressive wave)လို့ခေါ်သည်။
The waves which do not spread out but reamain in the region in which they are produced are called Stationary waves.
လှိုင်းထွက်ပေါ်ရာ ပင်ရင်းနေရာမှ အဝေးသို့ပျံ့လွင့်မသွားပဲ မူလနယ်၌ရှိသောလှိုင်းတန့်လှိုင်း (Stationary Wave)ဟုတခေါ်သည်။
အင်း...ဘာသာပြန်ရတာလည်း တော်တော်ခွကျတယ်။တန့်လှိုင်းဆိုလို့ မလှုပ်တဲ့လှိုင်းကြီးလို့ထင်နေအုံးမယ်။မဟုတ်ဖူးနော်... လှိုင်းဆိုကတည်းကလှုပ်ပြီးသား။(လှိုင်းဆိုတာ movementတစ်ခု၊မမေ့နဲ့)ဘယ်နဲ့ရွေ့တယ်လည်းပြောသေး၊တန့်တယ်လည်းပြောသေး၊ ရှေ့မတိုးဖူးလို့လဲပြောသေးဘာကြီးတုံး။ အဲ့လိုလှိုင်းမျိုးအတွက်...အထင်ရှားဆုံးကတော့ ကြိုး/စပရိန်တစ်ခုခုကို တစ်ဖက်မှာတင်းအောင်ချည်၊နောက်တစ်ဖက်ကို (လက်နဲ့ပဲ ဖြစ်ဖြစ်) ခတ်ဆတ်ဆတ်လှုပ်တဲ့အခါ(ဖတ်စာအုပ်ထဲမှာတော့ လှပ်စစ်ခေါင်းလောင်းရဲ့မောင်းတံမှာ ချည်ပြီးမောင်းတံကိုလှုပ်စေတာ)ဖြစ်သွားမယ့်လှိုင်းမျိုးပဲ ။ဘာထူးလဲလို့မင်းတို့ထင်မယ်။ထူးတာက မင်းလက်ကပဲ ဖြစ်ဖြစ်၊စွမ်းအင်ပေးလို့ လှုပ်သွားတဲ့အလှုပ်ဟာဟိုတစ်ဖက်ကိုရောက်သွားရင် မင်းဆီကို ပြန်လာတယ်။ဒါကြောင့်သူ့ကိုစတဲ့ကြားခံနယ်ကနေ ကျော်ပြီးရှေ့ကို မထွက်သွားဖူးလို့ပြောတာ။ပုံလေးကိုကြည့်လိုက်။