အသံလှိုင်းဆိုတာ ကျွန်တော်တို့နဲ့ အရမ်းရင်းနှီးတဲ့လှိုင်းပေါ့။ ဒါပေမယ့် ကျွန်တော်တို့စိတ်ထဲတော့ အသံဆိုတာ wave motion မှ ဟုတ်ပါ့မလားလို့ တွေးချင်တွေးမိမှာပဲ။ ဘာလို့လဲဆိုတော့ ရေလှိုင်းကို မျက်စိနဲ့မြင်ရတာလည်း မဟုတ်တဲ့အပြင် longutudinal wave လည်းဖြစ်နေလို့ပဲ။ အသံလှိုင်းရဲ့အစကတော့ တုန်ခါမှုပဲ။
အရာဝတ္ထု တွေရဲ့ တုန်ခါမှုတိုင်း (vibration တိုင်း)က အသံကို ထုတ်ပေးနိုင်တယ်။ (ဗဟုသုတအနေနဲ့ ပြောရရင် BBC မှာ Television Series on Science Topic ဆိုတဲ့ အစီအစဉ် တစ်ခုရှိတယ်။ တစ်ခါတုန်းက အဲ့ဒီအစီအစဉ်မှာ ဆွံ့အနားမကြားကချေသည်မလေးကို အင်တာဗျူးတယ်။ နားမကြားဘဲနဲ့ ဘယ်လိုများ ကနိုင်သလဲပေါ့။ ကချေသည်မလေးက ပြန်ဖြေတယ်။ တုန်ခါမှုနဲ့ပါတဲ့။ အသံလှိုင်းရဲ့ တုန်ခါမှုကို သူ့ခန္ဓာကိုယ်က ခံစားလို့ရတယ်။ အဲဒီတုန်ခါမှုကို ခံစားပြီး ကတာပါတဲ့) ကျွန်တော်တို့လည်း လက်တွေ့ကြုံဖူးပါတယ်။ စပီကာတို့၊ sound box တို့ အသံထွက်နေရင် အဲ့ဒီကောင်တွေပေါ် လက်တင်ပြီးစမ်းကြည့်၊ တုန်နေနာကိုတွေ့ရမယ် ဟုတ်လား။ ပြောရရင်တော့ ကျွန်တော်တို့ အသံကိုကြားရတယ်ဆိုတာကလည်း အသံလှိုင်းရဲ့တုန်ခါမှုကို နားစည်က ဖမ်းယူခံစားတာပဲလေ။ဟုတ်ပြီ။ ထားတော့..ပြောချင်တာက အရာဝတ္ထုတစ်ခုတုန်ခါတယ်ဆိုတာနဲ့ အသံလှိုင်းဆိုတာ ဖြစ်လာတယ်။ တုန်ခါမှုစဖြစ်သွားတာနဲ့ အသံလှိုင်းဖြစ်လာတယ်။ အဲ့ဒီအသံလှိုင်းဖြတ်သွားတဲ့ ကြားခံနယ် (လေမော်လီကျူးတွေ)က စုလိုက် (compression ဖြစ်လိုက်) ကျဲလိုက် (rarefaction ဖြစ်လိုက်)နဲ့ ဖြစ်သွားတယ်။
အဲဒါ အသံလှိုင်းဖြစ်လာပုံပဲ။ လှိုင်းရဲ့ direction နဲ့ ကြားခံနယ်လေ ရွေ့သွားတဲ့ direction က အတူတူပဲဖြစ်လို့ အသံလှိုင်းဟာ longitudinal wave ဖြစ်တယ်။ ပြီးတော့ သတိထားကြည့်၊ အသံလှိုင်းက လေမော်လီကျူး (လေကြားခံနယ်)ကို ဖိညှစ်ပစ်လိုက်တယ်။ ဒါကြောင့် အသံလှိုင်းကို pressure wave လို့လည်း ခေါ်ကြတယ်။နောက်.. အသံလှိုင်းက ကြားခံနယ်လိုတဲ့အတွက် mechanical wave ဖြစ်တယ်။ ကြားခံနယ် လေမော်လီကျူးလေးတွေက လက်ဆင့်ကမ်း သယ်ပေးလို့သာ အသံလှိုင်းက သွားနိုင်တယ်။ ကြားခံနယ်သာ မရှိရင် အသံလှိုင်းလည်း မရှိနိုင်ဘူး။ အဓိပ္ပါယ်က လေဟာနယ်ကို ဖြတ်ပြီး အသံက မသွားနိုင်ဘူး။ လေဟာနယ်မရှိတဲ့ အာကာသထဲမှာ ကျွန်တော်တို့ ဘယ်လောက်ပဲ အော်အော်...အသံဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။
အသံလှိုင်းဟာ ကြားခံနယ်လိုတဲ့ mechanical wave အမျိုးအစားဖြစ်တဲ့အတွက် သူ့ဂုဏ်သတ္တိတွေက သူဖြတ်သန်းလာတဲ့ ကြားခံနယ်ပေါ်မှာလည်း မူတည်သည်။ ဥပမာ ကြားခံနယ်ကွာလို့ သူ့ရဲ့ velocity တွေပြောင်းသွားနိုင်တာမျိုးပေါ့။ အဲလိုပြောတော့ ကျွန်တော်တို့စိတ်ထဲ အံ့သြချင်ရင် အံ့သြမယ်။ ဘာလို့လဲဆိုတော့ အသံဆိုတော့ လေကိုပဲ ဖြတ်လာနိုင်တယ်လို့ ထင်တက်ကြတာကိုး။ အမှန်က မဟုတ်ဘူး။ ဒီကောင်က လေလို gas တွေအပြင် solid ဖြစ်တဲ့ အစိုင်အခဲတွေကိုရော၊ liquid ဖြစ်တဲ့ အရည်အမျိုးမျိုးကိုပါ ဖြတ်သန်းနိုင်တယ်။(ကျွန်တော်တို့ဇာတ်ကားတွေထဲမှာ ကြည့်ဖူးလောက်ပါတယ်၊ ရန်သူမြင်းတပ် လာမလာကြိုသိအောင် မြေကြီးနဲ့ ကပ်နားထောင်တာတို့ဘာတို့လေ၊ အသံက မြေကြီးကို ဖြတ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ် ပေါ့)