Tension

Sep 4 at 1:42p.m

ကိုင်း ကြိုးတစ်ချောင်းမှာဖြစ်လာတဲ့ stationary waveဟာ ကြိုးရဲ့အလျားနဲ့ ဘယ်လိုပတ်သက်တယ်ဆိုတာကိုတော့ ပြောပြီးသွားပြီ။ (ကြိုးအလျားရှည်ရင် လှိုင်းအလျားရှည်မယ်၊ လှိုင်းအလျားရှည်ရင် ကြိမ်နှုန်းနိမ့်မယ်.. ဟုတ်လား) အဲ့လိုပဲ ကြိုးတစ်ချောင်းမှာဖြစ်လာတဲ့ stationary waveရဲ့ အမြန်နှုန်းပေါ် ထိန်းချုပ်ထားတဲ့ နောက်ထပ် အချက်နှစ်ချက်ရှိတယ်။ အဲ့ဒါတွေကတော့ ကြိုးရဲ့ လုံးပတ်အတုတ်နဲ့ ကြိုးရဲ့တင်းအားပဲ။
မင်းတို့လည်းသိပါတယ်.. ကြိုးထူထူ တုတ်တုတ်ကြီးရဲ့ တုန်ခါမှုက ကြိုးသေးသေးမျှင်မျှင်ရဲ့ တုန်ခါမှုနဲ့ မတူဘူးဆိုတာ..။ ကြိုးတုတ်တုတ်ကြီးက တုန်ခါနှုန်းနှေးတယ်၊ ကြိုးသေးသေးမျှင်မျှင်ဆို တုန်ခါမှုသွက်တယ်ပေါ့။ ဥပမာ ဂီတာကြိုး ၆-ကြိုးမှာ အောက်ဆုံးကြိုးက အမျှင်ဆုံး အသေးဆုံး။ အပေါ်ဆုံးကြိုးက အထူဆုံး အတုတ်ဆုံး။ အဲ့ကြိုးနှစ်ခုကိုယှဉ်တီးကြည့်ရင် အောက်ဆုံးကြိုးမျှင်မျှင်လေးရဲ့ တုန်ခါမှုက ပိုသွက်တယ်။ အပေါ်ဆုံးကြိုးတုတ်တုတ်ကြီးက အဲ့လောက်မသွက်ဘူး။ လွယ်လွယ်ပြောရရင် သေးမျှင်တဲ့ကြိုးက အသံစူးတယ်။ တုတ်တဲ့ကြိုးက အသံနိမ့်တယ်။ အမြန်နှုန်းက ကြိုးရဲ့ အတုတ်/အသေး၊ တစ်နည်းအားဖြင့် ကြိုးရဲ့ အလေးချိန်နဲ့ သက်ဆိုင်တယ်ပေါ့။ တိတိကျကျပြောရရင် အလျားသိပ်သည်းဆနဲ့ ဆိုင်တယ်။ mass per unit length (μ) လို့ခေါ်တယ်။ တစ်ယူနစ်အလျားမှာရှိတဲ့ ဒြပ်ထုပေါ့ကွာ။ ကြိုးတုတ်လေလေ ( μ တန်ဖိုးကြီးလေလေ) တုန်ခါနှုန်း နှေးလေလေပဲ။ အဲ့ဒီနှစ်ခုက ပြောင်းပြန် ပတ်သက်တာပေါ့။ Inversely proportional ပေါ့။

နောက် .. တုန်နှုန်းရဲ့ အမြန်နှုန်းက ကြိုးရဲ့တင်းအား ( tension-T) ပေါ်မှာလည်း မူတည်တယ်။ ကြိုးလျော့လျော့ကို တီးတာနဲ့ ကြိုးတင်းတင်းကိုတီးတာ .. မြန်နှုန်းမတူဘူး။ တင်းရင် ပိုမြန်တယ်။ ( အကောင်းဆုံး ဥပမာကတော့ ဂီတာကြိုးကို အလျော့အတင်းလုပ်ပြီးတီးကြည့်..) ဆိုတော့ ကြိုးရဲ့တင်းအားနဲ့က တိုက်ရိုက်ပတ်သက်တာပေါ့။ Directly proportional ပေါ့။ ဒါကြောင့် stationary wave တစ်ခုရဲ့ အမြန်နှုန်း (velocity-V) က (tension-T) နဲ့ တိုက်ရိုက် ပတ်သက်ပြီး μ နဲ့ ပြောင်းပြန် ပတ်သက်တယ်။အတိအကျဆိုရင်

...ဆိုတော့

ယူနစ်တွေနဲ့ပတ်သက်လို့ကတော့ ထူးထူးခြားခြားမှတ်စရာ မရှိပါဘူး။ ဒါပေမဲ့ ရောသွားမှာစိုးလို့ ရေးပြလိုက်တယ်။

Frequency (f)
quantity = scalar
SI unit = hertz (Hz)

Tension (T)
quantity = vector
SI unit = newton (N)

wavelength(λ)
quantity = scalar
SI unit = metre (m)