Transverse and Longitudinal waves

Aug 13 at 11:35 a.m
Transverse Wave and Longitudinal Wave

လှိုင်းကို ကြားခံနယ်​ရဲ့ လှုပ်​ရှားသွားပုံအရ နှစ်​မျိုးခွဲနိုင်​တယ်​။ ကန့်​လန့်​လွှလှိုင်း (transverse wave)နဲ့ အလျားလိုက်​လှိုင်း (longitudinal wave)တဲ့။

ကဲ ​စော​စောက ​ရေလှိုင်း​ပေါ်က ဘဲ​လေးကို ပြန်​ကြည့်​ရ​အောင်​။ လှိုင်းဖြတ်​သွား​တော့ ဘဲ​လေး ဘယ်​လို လှုပ်​သွားလဲ။ အထက်​​အောက်​ .. ဟုတ်​လား။ လှိုင်းရဲ့ ​ရွေ့လျားမှုက ကမ်းစပ်​ဆီကို အလျားလိုက်​၊ ဒါ​ပေမဲ့ ကြားခံနယ်​ဖြစ်​တဲ့ ​ရေရဲ့လှုပ်​ရှားမှုက အထက်​​အောက်​ ​ထောင်​လိုက်​။ အဲလိုလှိုင်းရဲ့အ​ရွေ့ (လှိုင်းသွားတဲ့လမ်း​ကြောင်း)နဲ့ လှိုင်းဖြတ်​လာတဲ့ကြားခံနယ်​ရဲ့အလှုပ်​ဟာ ကန့်​လန့်​ဖြစ်​​နေရင်​ အဲလိုလှိုင်မျိုးကို ကန့်​လန့်​လွှဲလှိုင်း (transverse wave)လို့ ​ခေါ်တယ်​။ water wave တို့၊ light wave တို့ဟာ transverse wave ​တွေ​ပေါ့။ ​နောက်​ တစ်​ခုက လှိုင်းရဲ့အ​ရွေ့နဲ့ ကြားခံနယ်​ရဲ့အလှုပ်​ဟာ တူ​နေမယ်​ဆိုရင်​ အလျားလိုက်​လှိုင်း (longitudinal wave)လို့ ​ခေါ်တယ်​။ ဥပမာ - စပရိန်​တစ်​ခုကို တွန်းလိုက်​လို့ ​ရှေ့တိုး​နောက်​ဆုတ်​ဖြစ်​သွားတဲ့ လှိုင်းမျိုး​ပေါ့။ အားသွားတဲ့ လမ်း​ကြောင်းကလည်း တည့်​တည့်​ပဲ၊ ကြားခံနယ်​ဖြစ်​တဲ့ စပရိန်​ရဲ့ လှုပ်​ရှားမှုကလည်း တည့်​တည့်​ပဲ။ အဲဒါမျိုးကို အလျားလိုက်​လှိုင်း (longitudinal wave)လို့ ​ခေါ်တယ်​။ အထင်​ရှားဆုံး longitudinal wave က​တော့ အသံလှိုင်း sound wave ၊ ပြီး​တော့ ​မြေငလျင်​လှိုင်း seismic wave တစ်​ချို့​တွေပဲ။