at

wave motion ဆိုတာ လှိုင်းစဉ်အတွဲကြီးလို့ ပြောခဲ့တယ်... ။ဖြစ်လာတဲ့လှိုင်းလုံးတစ်လုံးနဲ့ အကွာအဝေး(တိတိကျကျပြောရရင် ကပ်လျက်လှိုင်းထိပ်နှစ်ခုရဲ့ အကွာအဝေး)ကို လှိုင်းအလျား (wavelength: )လို့ ယူတယ်။ ဘာလို့လဲဆိုတော့ wave motion တစ်ခုမှာ လှိုင်းထိပ်နှစ်ခုရဲ့ အကွာအဝေးက အမြဲ အတူတူပဲဖြစ်နေတယ်။ ဒါလည်း သူ့ရဲ့ ထင်ရှားလှတဲ့ ဂုဏ်သတ္တိပေါ့။ (တကယ့်တကယ်က ကပ်လျက်ဖြစ်နေတဲ့ လှိုင်းထိပ်တင်မကဘူး၊ လှိုင်းခွက်နှစ်ခုရဲ့ အကွာအဝေးကလည်း wavelength ပဲ။ အဲဒီအကွာအဝေးကလည်း အတူတူပဲ) ပုံမှာကြည့်ကြည့်။ အကွာအဝေး distance ဖြစ်လို့ မီတာ (metre - m)နဲ့တိုင်းတယ်။

လှိုင်းရဲ့အလျား (wavelength: )ကိုလည်း သိတယ်၊ အဲဒီအတွက်ကြာချိန် (period: T)ကိုလည်း သိတယ်ဆို အဲဒီလှိုင်းရဲ့အမြန်နှုန်း (wave velocity - v)ကိုလည်း တွက်လို့ရပြီပေါ့။ ထုံးစံအတိုင်းပဲလေ အမြန်နှုန်းဆိုတာ distance ကို time နဲ့ စားတာမဟုတ်လား။ စောစောကဥပမာနဲ့ ပြန်ပေးရရင် လှိုင်းရဲ့ အလျားက 2 m ရှိတယ်ဆိုပါစို့။ အဓိပ္ပါယ်က 0.2 sec အတွင်း 2 m ရွေ့သွားတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဒါကြောင့် အဲဒီလှိုင်းရဲ့ အမြန်နှုန်းက 2 / 0.2 = 10 ဖြစ်မယ်။ ( unit ကတော့ velocity ရဲ့ ယူနစ် ms-1 ပဲ၊ အတူတူပဲ) လှိုင်းရဲ့ အမြန်နှုန်းကို သချာင်္အီကွေးရှင်းအနေနဲ့ ပြရရင်