wave

Aug 13 at 11:35 a.m

စကြာဝဠာကြီးကို အနှစ်​ချုပ်​လိုက်​ရင်​ နှစ်​ခုပဲရှိတယ်​။အဲ့ဒါက ဒြပ်​၀တ္ထု (mass)နဲ့ စွမ်းအင်​(energy)ပဲ။ဒြပ်​၀တ္ထုရဲ့ အ​ရည်​အချင်းနှစ်​ခုက spaceတစ်​ခုမှာ ​နေရာယူနိုင်​တာ(occupied လုပ်​နိုင်​တာနဲ့)​ရွေ့လျားနိုင်​တာ (moveလုပ်​နိုင်​တာ)ပဲ။ စွမ်းအင်​ဆိုတာက​တော့ဒြပ်​၀တ္ထု​တွေ ဖြစ်​တည်​ ​ရွေ့လျားရခြင်းရဲ့အရင်းခံ​အ​ကြောင်း​ပေါ့။အေး...​လောကမှာ ဒြပ်​၀တ္ထုမဟုတ်​​ပေမယ့်​ဒြပ်​၀တ္ထုလိုပဲ​ရွေ့လျားနိုင်​တဲ့ အရာတစ်​ခုရှိ​သေးတယ်​။ အဲ့ဒါက​တော့လှိုင်း(wave)ပဲ။

လှိုင်းဆိုတာ မင်းတို့မျက်​စိထဲ ​ရေလှိုင်း​ကြီး​တွေ၊​လေ​ပွေလှိုင်း​တွေ၊ငလှုင်​လှိုင်း​တွေ...ဒါ​တွေကို​ပြေးမြင်​မှာပဲ။ဒါ​ပေမယ့်​ လှိုင်း​တွေနဲ့ပတ်​သတ်​လို့ အမှတ်​လွဲတာ​လေး​တွေလည်းရှိမယ်​။ဥပမာ​ရေလှိုင်းဆိုရင်​ ​ရေလှိုင်းကြီး​တွေလှိုင်းအသွင်​နဲ့​ရွေ့လာတယ်​​ပေါ့။ မဟုတ်​ဖူးကွ ​ရေလှိုင်းကြီး​တွေ လှိုင်းအသွင်​နဲ့​​ရွေ့လာတာမဟုတ်​ဖူးကွ။ရေလှိုင်းဆိုတဲ့ ​ရွေ့လျားမှု (movement)ကြီးကသာ​ရေဆိုတဲ့ ကြားခံနယ်​ကို ဖြတ်​ပြီး​ရွေ့လာ​ရောက်​လာတာ။ဘယ်​နှယ့်​ရှုပ်​သွားလား...ဒီလိုကွာ...ဥပမာ ကန်​အလယ်​မှာ ခဲလုံးကြီး ပစ်​ချလိုက်​ရင်​ လှိုင်း​လေး​တွေဖြစ်​သွားပြီး ကမ်းစပ်​ထိ​ရောက်​လာတယ်​ဆိုပါစို့။အဲ့လို​ရောက်​လာတာ ကန်​အလယ်​က​ရေ​တွေကန်​စပ်​ထိ​ရောက်​လာတာ မဟုတ်​ဖူး။လှိုင်းဆိုတဲ့ ​ရွေ့လျားမှုကသာ​ရောက်​လာတာ။ ဒီ့ထက်​ထင်​ရှား​အောင်​​ပြောရရင်​ ဆူနာမီ​ကြောင့်​​ရေလှိုင်းကြီး​တွေ ကိုယ်​တို့မြန်​မာပြည်​ကို​ရောက်​လာတယ်​ဆိုပါစို့။အဲ့ဒါဆူနာမီက​ရေ​တွေမြန်​မာပြည်​ကို​ရောက်​လာတာ မဟုတ်​ဖူး၊လှိုင်းဆိုတဲ့​ရွေ့လျားမှုကြီးကသာမြန်​မာပြည်​ကို​ရောက်​လာတာ။

နို့ ဘာဖြစ်​လို့​ရေ​တွေပါ​ရွေ့လာတယ်​လို့ထင်​ရတာလဲ။အ​ဖြေက​တော့လှိုင်းဆို တာ ​ရှေ့ကိုတိုးလာတဲ့ ​ရွေ့လျားမှုစ်​ခုဖြစ်​လို့။ဒီ​တော့ အမှတ်​တမဲ့ကြည့်​လိုက်​ရင်​ လှိုင်းက​ရွေ့လာတာကို ​ရေ​တွေ​ရှေ့တိုးပြီး​ရွေ့လာတာလို့ထင်​ရတာ​ပေါ့။ဒါ​ပေမယ့်​ သတိထားကြည့်​ရင်​ မဟုတ်​ဖူးဆိုတာ ​တွေ့ရမယ်​။ဥပမာ ကန်​အလယ်​နားမှာ ဘဲတစ်​​ကောင်​ရှိတယ်​ဆိုပါစို့။အဲ့ဒီဘဲကို လှိုင်းဖြတ်​သွားရင်​ဘယ့်​နဲ့နေမလဲ။ရေ​တွေပါ​ရွေ့လာ​တာလို့ရင်​ရင်​ အဲ့ဒီဘဲက အဲ့ဒီလှိုင်း​တွေနဲ့အတူ ကမ်းစပ်​ကို​ရောက်​လာရမယ်​။တကယ်​က အဲ့လိုမဟုတ်​ဖူး။သေချာသတိထားကြည့်​ရင်​ ဘဲ​လေးက လှိုင်းဖြတ်​သွားရင်​ လှုပ်​တုတ်​လှုပ်​တုတ်​ဖြစ်​သွားမယ်​။လှိုင်းဖြတ်​ပြီးသွားရင်​​တော့ သူ့နဂို​နေရာမှာပဲကျန်​ခဲ့တယ်​။(​ရွေ့လည်းနည်းနည်း​ပေါ့)ဒါ​ကြောင့်လှိုင်းဆိုတာကြားခံနယ်​ကို ​ရှေ့ကိုမ​ရွေ့​စေဘူး။အဲ့ဒီလှိုင်းဖြတ်​သွားရင်​​တော့ ကြားခံနယ်​ကို တုန်​ခါ​စေတယ်​။နေရာ​ရွေ့တယ်​။ဒါ​ပေမယ့်​ လှိုင်းဖြတ်​သွားရင်​​တော့ကြားခံနယ်​က နဂိုအတိုင်း ဘာမှ မ​ပြောင်းပဲ ကျန်​ခဲ့တယ်​။ အဲ့ဒီလှိုင်းရဲ့ အထင်​ရှားဆုံး ဂုဏ်​သတ္တိပဲ။

ဥပမာ ရေလှိုင်းဆိုတာ ရေတွေကို ရှေ့တိုးစေတာမဟုတ်ဘူး၊ ဒါပေမယ့် ရေကိုတော့ (ရေမော်လီကျူး​တွေကို​တော့) ​နေရာ​ရွေ့​စေတယ်​။ ဒါ​ပေမဲ့ လှိုင်းဖြတ်​ပြီးတာနဲ့ အဲဒီ့ရွေ့သွားတဲ့ ​ရေအမှုန်​​လေး​တွေက သူ့ရဲ့နဂိုမူလ​နေရာကို ပြန်​​ရောက်​သွားတယ်​။ (လှိုင်းဖြတ်​သွားတုန်းက​တော့ ကြားခံနယ်​က လှုပ်​သွားတယ်​/တုန်​သွားတယ်​ vibrate ဖြစ်​သွားတယ်​​ပေါ့ကွာ) ကဲ ကဲ မင်းတို့လည်း နားညီး အဲ မျက်​စိ​ညောင်း​လောက်​ပြီ။ တိုတို​ပြောရရင်​ လှိုင်းဆိုတာ လှုပ်​ရှားမှုတစ်​ခု/အ​ရွေ့တစ်​ခု (movement တစ်​ခု)ပဲ။ (ပညာရပ်​ပိုင်းဆိုင်​ရာမှာ​တော့ disturbance လို့ သုံးတယ်​။ အ​နှောင့်​အယှက်​​ပေါ့။ ကြားခံနယ်​ကို ​နှောင့်​ယှက်​တဲ့​ကောင်​။ အဲဒီစကားလုံးထက်​စာရင်​ movement လို့ သုံးတာ မျက်​စိထဲ ပို​ပေါ်သလားလို့ .. ကိုယ်​က​တော့ movement လို့ပဲ သုံးချင်​တယ်​)အဲဒီလို ​ရွေ့တဲ့အခါမှာလည်း သူဖြတ်​သန်းလာရတဲ့ ကြားခံနယ်​ကို (ခဏတဖြုတ်​ ​လောက်​ တုန်​သွားရုံကလွဲလို့) ဘာမှ အ​နှောင့်​အယှက်​မ​ပေးဘူး။ (လှိုင်း​ကြောင့်​ ကြားခံနယ်​ ပျက်​စီးမသွားဘူး) အဲဒါလှိုင်းပဲ။ လှိုင်းရဲ့ ဂုဏ်​အင်္ဂါပဲ။

လှိုင်းမှာ ​နောက်​ထပ်​ အ​ရေးအကြီးဆုံးဂုဏ်​သတ္တိတစ်​ခု ရှိ​သေးတယ်​။ အဲဒါက​တော့ လှိုင်းတိုင်းဟာ စွမ်းအင်​ (energy) နဲ့ အဟုန်​ (mometum)ကို သယ်​လာနိုင်​တာပဲ။ ​ရှေ့မှာလည်း ​ပြောခဲ့တယ်​၊ ဒီ​လောကကြီးမှာ ဒြပ်​နဲ့ စွမ်းအင် ​နှစ်​မျိုးပဲရှိုတယ်​လို့။ အဲဒီ့နှစ်​မျိုးမှာ ဒြပ်​က ​ရွေ့နိုင်​တယ်​။ စွမ်းအင်​က​တော့ မ​ရွေ့နိုင်​ဘူး။ ဥပမာ နေမင်းကြီးဆီက လာတဲ့အပူကို ကျွန်တော်တို့ခံစားရတယ်။ ဒါ.. နေမင်းရဲ့ အပူစွမ်းအင်က ကျွန်တော်တို့ဆီရောက်လာလို့ပေါ့။ စွမ်းအင်တွေက တစ်နေရာက တစ်နေရာကို မရွေ့နိုင်ဘူးဆို..ဟိုးအဝေးကြီးကအပူစွမ်းအင်တွေက ကမ္ဘာကြီးဆီ ဘယ်လိုလုပ် ရောက်လာရတာလဲ။ အဖြေက လှိုင်းပဲ။ စွမ်းအင်တွေ ရွေ့ချင်ရင်လှိုင်းအသွင်နဲ့ ရွေ့တယ်။ ဒါကြောင့်လှိုင်းတိုင်းဟာ စွမ်းအင်တွေ သယ်လာတယ်လို့ပြောတာပေါ့။ အဲ ..စွမ်းအင်​​တွေ ​ရွေ့ချင်​ရင်​ လှိုင်းအသွင်​နဲ့ ​ရွေ့ရတယ်​။ တစ်​နည်းအားဖြင့်​ လှိုင်း​တွေက စွမ်းအင်​​တွေကို သယ်​လာတယ်​​ပေါ့။ ကြည့်​စမ်း ဘယ်​​လောက်​အ​ရေးပါတဲ့ ဂုဏ်​သတ္တိလဲ။ လှိုင်းသာမရှိဘူးဆိုရင်​ စွမ်းအင်​​တွေ တစ်​​နေရာက တစ်​​နေရာကို ​ရောက်​ဖို့ ဘယ်​လိုသွားရပါ့ .. ဟုတ်​လား။ အဲဒါ .. လှိုင်းပဲ။ လှိုင်းရဲ့ ဂုဏ်​သတ္တိပဲ။ အဲဒီ့လှိုင်း​တွေကို အမျိုးအစား​တွေ ခွဲထားတယ်​။

စွမ်းအင်သယ်လာပုံကို ရေလှိုင်းနဲ့ပဲ ဥပမာပြမယ်။ ပင်လယ်ကမ်းစပ်မှာရှိတဲ့ ကျောက်ဆောင်ကြီးတွေဟာ ကြာလာတော့ ပဲ့ရွဲ့ကုန်တယ်။ ပုံသဏ္ဌာန်တွေ ပြောင်းကုန်တယ်။ မာကျောတဲ့ ကျောက်တုံးကြီးတွေတောင် ပျော့ပျောင်းတဲ့ ရေနဲ့ ခဏခဏထိပါများရင် မခံနိုင်ဘူး..ဆိုပြီး လူကြီးတွေပြောတာ ကျွန်ပ်တို့ကြားဖူးမှာပါ။ အမှန်တော့ ပျော့တယ် မာတယ်ဆိုတာထက် ရေလှိုင်းကသယ်လာတဲ့ စွမ်းအင်ကြောင့်သာ အဲ့လိုဖြစ်သွားတာ။ ရေလှိုင်းက ဘယ်လာတာ အရွေ့စွမ်းအင် (kinetic energy)တွေ... ကျောက်ဆောင်နဲ့တွေ့တော့ အဲ့ဒီအရွေ့စွမ်းအင်ကို ရေလှိုင်းပ ကျောက်ဆောင်ကို ပေးလိုက်တယ်။ အရပ်ပြောပြောရရင် ကျောက်ဆောင်ကို အားနဲ့ရိုက်တယ်ပေါ့ကွာ။ အဲ့ဒီသယ်လာတဲ့ အရွေ့စွမ်းအင်ကြောင့်ပဲ ကျောက်ဆောင်ကြွသွားတာ။ ပင်လယ်ကမ်းရိုးတန်းရဲ့ ပုံပန်းသဏ္ဌာန်တွေဆိုတာလည်း ပင်လယ်လှိုင်းရဲ့စွမ်းအင်ကြောင့် ဖြစ်လာတာပေါ့။

Every kind of wave carry energy and momentum.
လှိုင်းတိုင်းသည် စွမ်းအင်နဲ့ အဟုန်ကို သယ်လာသည်။

စွမ်းအင်တွေက ဘယ်လိုကြောင့် လှိုင်းအသွင်နဲ့ ရွေ့နိုင်ရတာလဲ။ အထက်မှာပြောခဲ့သလိုပဲ လှိုင်းဆိုတာ ရွေ့လျားမှု၊ ဒါပေမယ့် သူဖြတ်သန်းရွေ့သွားတဲ့ ကြားခံနယ်ကို ဘာမှမဖြစ်စေဘူး၊ မပျက်စီးစေဘူး။ ဒါကြောင့်စွမ်းအင်တွေက ပတ်ဝန်းကျင်ကို မပျက်စီးစေဘဲ၊ အနှောင့်အယှက်မဖြစ်စေဘဲ လှိုင်းအသွင်နဲ့ စိတ်ရှိလက်ရှိသွားနို င်ကြတယ်။စကားကို လှည့်ပြောရရင် စွမ်းအင်အမျိုးမျိုးဟာ လှိုင်းအသွင်နဲ့(တစ်နေရာက တစ်နေရာကို)ရောက်သွားနိုင်/ရွေ့သွားနိုင်တယ်။ စွမ်းအင်က စကြဝဠာကြီးရဲ့ အသက်ဆိုတော့ စွမ်းအင်ကို တစ်နေရာကနေ တစ်နေရာကို ကူးပြောင်းပေးနိုင်တဲ့ 'လှိုင်း' ဆိုတဲ့ကောင်ကြီးကလည်း အရမ်းအရေးကြီးတာပေါ့။