Heat conduction is transfer of heat through a
material medium, without the medium moving.
အပူလျှောက်ကူးခြင်းဟူသည် ကြားခံနယ်ကိုယ်တိုင်မရွေ့ဘဲ (အပူက)
ကြားခံနယ်တစ်လျှောက် ဖြစ်၍ စီးကူးသွားခြင်းဖြစ်သည်။
ဒီနည်းအတွက် အထင်ရှားဆုံးဥပမာကတော့ သံချောင်းတစ်ချောင်းရဲ့ ထိပ်ကို အပူပေးလိုက်၊ ကြာရင်
နောက်တစ်ဖက်ကပါ ပူလာတယ်။ အဲလို သံချောင်းရဲ့အဖျားတစ်ဖက်ကနေ နောက်အဖျားတစ်ဖက်ကို အပူ
ကူးသွားတဲ့နည်းဟာ Conduction နည်းပဲ။ တစ်နည်းအားဖြင့် အစိုင်အခဲတွေမှာ တွေ့ရမယ့်နည်းပဲ။ ဒါဆို ဒီ
နည်းမှာ တစ်ဖက်ကအပူဟာ နောက်တစ်ဖက်ကို ဘယ်လိုရောက်သွားတာလဲ။ ပုံစံနှစ်မျိုးနဲ့ အပူကူးပြောင်းသွားတယ်။
ပထမတစ်မျိုးက သတ္တုတွေမှာ ပိုဖြစ်တယ်။ သတ္တုချောင်းတစ်ခုကို အပူပေးလိုက်ရင် အပူပေးခံလိုက်ရတဲ့ နေရာက
လွတ်လပ်အီလက်ထရွန် (free electron)တွေဟာ အပူစွမ်းအင်ရလာတယ်။ ဒီတော့ ရွေ့စွမ်းအင်လည်း
တိုးလာပြီး (အေးတဲ့ဘက်ကို) ရွေ့တော့တာပေါ့။ အဲဒီမှာ ကျန်တဲ့အီလက်ထရွန်တွေနဲ့ တိုးတိုက်မိပြီး ဟိုကောင်က
သူသယ်လာတဲ့အပူစွမ်းအင်တွေကို လက်ဆင့်ကမ်းတော့တာပဲ။ နောက်တစ်မျိုးက သတ္တုမဟုတ်တဲ့ကောင်တွေမှာ
ပိုဖြစ်တဲ့ပုံစံ။ သူတို့ကျတော့ (သတ္တုတွေလို) လွတ်လပ်အီလက်ထရွန်တွေ မရှိဘူး။ ဒါဆို ဘယ်လိုပုံစံနဲ့ အပူကူးတုန်း။
ဒီကောင်တွေကျတော့ အက်တမ်/မော်လီကျူးတစ်ခုလုံးတုန်ခါပြီး စွမ်းအင်(အပူ)ကို (လှိုင်အသွင်နဲ့) လက်ဆင့်ကမ်း
ပစ်လိုက်တာ။ ဒါပေမဲ့ ကိုယ်ကမှတ်ထားရမှာက ဘယ်အစိုင်အခဲမဆို အဲဒီ့ပုံစံ နှစ်မျိုးပေါင်းပြီး အပူကူးတာပဲ။
အဲ သတ္တုမှာတော့ အီလက်ထရွန်ရွေ့ခြင်းကြောင့် ဖြစ်တဲ့အပူက အဓိကပေါ့။ သတ္တုမဟုတ်တဲ့ကောင်တွေကျတော့
တုန်ခါပြီး စွမ်းအင်ပြောင်းပေးတာက အဓိကပေါ့။ နှိုင်းယှဉ်မယ်ဆိုရင် သတ္တုတွေဟာ အပူကူးကောင်းကြတယ်။
(မြန်မြန်ပူတယ်လို့ ပြောတာ) သတ္တုမဟုတ်တဲ့ကောင်တွေက အပူကူးညံ့တယ်။ မြန်မြန် မပူဘူးပေါ့။ ဒါပေမဲ့
သတ္တုမဟုတ်တဲ့ကောင်တောင် အဆင့်မြင့်ပုံဆောင်ခဲ ဖြစ်ခဲ့ရင် အပူကူးမှုမြင့်တယ်။ ဥပမာ - စိန်ဆိုရင် အရမ်းမြင့်တဲ့
crystalline solid ဖြစ်လို့ အပူကူးမှုအရမ်းကောင်းတယ်။ (အပူကူးကောင်းပါတယ်ဆိုတဲ့ ငွေထက်ကို ငါးဆ
လောက်ပိုမြင့်တယ်) အစိုင်အခဲတွေမှာပဲ ဖြစ်တာလားလို့မေးရင် ဓာတ်ငွေ့တွေ၊ အရည်တွေမှာပါ ဒီနည်းလမ်းနဲ့
အပူကူးပြောင်းမှုဖြစ်တယ်၊ ဒါပေမဲ့ အရမ်းနည်းတယ်လို့ မှတ်ထားပါ။
အဲလို ကူးပြောင်းတဲ့အခါ အပူကူးပြောင်းတဲ့နှုန်းဟာ အပူချိန်ခြားနားချက်၊ တက်စပ်မျက်နှာပြင်နဲ့ တိုက်ရိုက်
အချိုးကျပြီးတော့ (အပူလွှဲပြောင်းယူရမယ့်) အရာဝတ္ထုရဲ့အထူ (အပူကူးရမယ့်အလျား)နဲ့ ပြောင်းပြန်အချိုးကျတယ်။
equation အနေနဲ့ ကြည့်ရင် -
H = κA T2 - T1 / L (OR) H = κA Δ T / L
ဆိုပါစို့ ။ အခန်းတစ်ခုကို အလူမီနီယံပြားနဲ့ ကာထားတယ်ဆိုပါစို့။ အခန်းအပြင်ဖက်က အပူချိန်မြင့်တယ်၊ အခန်းတွင်းက အပူချိန်က နိမ့်တယ်ဆိုပါစို့။ ဒါဆို အပြင်ကအပူတွေက (အလူမီနီယံပြားကို ဖြတ်ပြီး) အတွင်းကို ရောက်လာမယ်။ အဲဒီ့ရောက်လာမယ့် အပူကူးနှုန်းဟာ အတွင်းနဲ့အပြင် အပူချိန်ကွာဟချက်များရင် ပိုပြီးမြန်မြန်ဖြစ်မယ်။ မျက်နှာပြင်ဧရိယာကြီးရင် ပိုပြီးမြန်မြန်ဖြစ်မယ်။ ပါးရင်အပူကူနှုန်းပိုမြန်မယ်။ ထူရင် အပူကူးနှုန်းပိုနှေးမယ်။ အောက်ကပုံမှာကြည့်။
အပူကူးနှုန်းဟာဒီမျက်နှာရဲ့ထုနဲ့ ပြောင်းပြန်ဖြစ်တယ်။ ထူရင်း အပူကူးရမယ့် အလျားရှည်ရင် နှုန်းနှေးမယ်။ မြန်မြန်မပူဘူး။ ပါးရင်၊ အလျားတိုရင် တစ်ဖက်မှာ မြန်မြန်ပူလာမယ်။
အပူကူးတဲ့နှုန်းဟာ ဒီမျက်နှာပြင်နဲ့ တိုက်ရိုက်အချိုးကျနေတယ်။ မျက်နှာပြင်ကြီးရင် နှုန်းမြန်မယ်။ (တစ်ဖက်မှာ မြန်မြန်နဲ့ များများပူမယ်) မျင်နှပြင်သေးရင် နှုန်းနှေးမယ်။
ဒါဆို တော်တော်သဘောပေါက်လောက်ပါပြီ။ နောက်တစ်ခုက equation မှာပါတဲ့ κ ..။ thermal conductivity လို့ခေါ်တယ်။ အရာဝတ္ထုတစ်ခုရဲ့ အပူကူးနိုင်စွမ်းပေါ့။ အရာဝတ္ထုကွာရင် အပူကူးနှုန်းလည်း ကွာတယ်ဆိုတာ မင်းတို့လည်း သတိထားမိမှာပါ။ ဥပမာ - ငွေဇွန်းနဲ့ စတီးလ်ဇွန်း .. အပူပေးရင် ငွေဇွန်းက မြန်မြန်ပူလာတာကို သတိထားမိမှာပါ။ ဒါ .. ငွေရဲ့ အပူကူးနိုင်စွမ်းက စတီးလ်ထက်မြင့်လို့ပေါ့။ တစ်နည်းအားဖြင့် ငွေရဲ့ κ တန်ဖိုးက စတီးလ်ရဲ့ κ တန်ဖိုးထက် ပိုမြင့်လို့ပေါ့။ အခန်းတစ်ခုကို သွပ်ပြားနဲ့ကာတာ၊ ဝါးနဲ့ကာတာ၊ အဝတ်နဲ့ကာတာ .. အပူချိန်ကွာကြောင်း သိသာပါတယ်။ ဟုတ်လား။ ဘာဖြစ်လို့လဲ .. သူတို့ရဲ့ κ တန်ဖိုးတွေ မတူလို့ပေါ့။ κ တန်ဖိုးမတူတော့ အပူစီးကူးနှုန်လည်း မတူတော့ဘူးပေါ့။
နောက်တစ်ခုက _______ ဆိုတဲ့ အပူချိန်ခြားနားချက်နဲ့ အပူကူးရမယ့်အလျားတို့ရဲ့ အချိုးအဆကို
temperature gradient လို့ ခေါ်တယ်။ အပူကူးနှုန်းဟာ အဲဒီ temperature gradient နဲ့ တိုက်ရိုက်
ပတ်သက်နေတယ်လို့ မှတ်ထားပါ။
အပူကူးပြောင်းတဲ့နှုန်း (rate of heat flow - H)ဆိုတာ နှုန်းဖြစ်တဲ့အတွက် ပါဝါပဲ။ အလုပ်လုပ်တဲ့နှုန်း
ဆိုရင် အလုပ်ကို ကြာချိန်နဲ့စားတာ၊ အဲလိုပဲ အပူကူးပြောင်းတဲ့နှုန်းဆိုတာ အပူပမာဏ (amount of heat - Q)ကို
ကြာချိန် (time taken - t)နဲ့ စားတာ။ သင်္ချာလိုဆို -
H = Q/t
အပူကူးပြောင်းတဲ့နှုန်း rate of heat flow (H)အတွက် သိထားရမှာတွေက -
quantity = scalar quantity (အပူပမာဏကိုပဲ ပြောတာဖြစ်လို့ စကေလာ)
SI unit = watt (W) (စံယူနစ်က ဝပ်ဖြစ်တယ်၊ ပါဝါနဲ့ အတူတူပဲ)
equivalent unit = joule per second (Js) (တူညီယူနစ်က ဂျိုးပါစက္ကန့် ..)
အပူပမာဏ amount of heat (Q)ရဲ့ ယူနစ်တွေကိုလည်း မှတ်ထားဦး၊ ရောတတ်လို့။
quantity = scalar quantity
SI unit = joule (J)
other units = calories (cal), kilo calories (kcal), British thermal unit (BTU)
အပူလျှောက်တဲ့နည်းလမ်း (heat conduction)နဲ့ ပတ်သတ်လို့ မှတ်ထားရမှာက -
(၁) ဒီနည်းလမ်းဟာ အစိုင်အခဲတွေမှာပဲ အဖြစ်များတယ်။
(အက်တမ်တွေ မော်လီကျူးတွေက အပူကို လက်ဆင့်ကမ်းပြီး သယ်တဲ့နည်းလို့ မှတ်ထား)
(၂) metal သတ္တုတွေဟာ အပူကူးနိုင်စွမ်းမြင့်တယ်။ ကောင်းတယ်။ (good conductor of heat)
ပြောင်းပြန်ပြောရရင် အပူကာနိုင်စွမ်းနိမ့်တယ်။ ညံ့တယ်။ (poor insulator of heat)
κ တန်ဖိုး မြင့်တယ်။
(၃) Non-metal သတ္တုမဟုတ်တဲ့ကောင်တွေဟာ အပူကူးနိုင်စွမ်းညံ့တယ်။(poor conductor of heat)
အပူခင်နိုင်စွမ်း မြင့်တယ်။ ကောင်းတယ်။ (good insulator of heat)
κ တန်ဖိုး နိမ့်တယ်။