What is power?

Jul 15 at 9:00 a.m

အလုပ်လုပ်တာမှာ တစ်ယောက်နဲ့တစ်ယောက် အလုပ်လုပ်တဲ့နှုန်း တူမှာ မဟုတ်ဘူး။ဒါလည်း ရှင်းပါတယ်။တစ်ယောက်က တစ်နာရီအတွင်း ဆန် ၁၀ အိတ် ထမ်းပို့နိုင်ပေမဲ့ နောက်တစ်ယောက်က ၇အိတ်ပဲ ထမ်းနိုင်တာမျိုးပေါ့။အဲ့လို အလုပ်လုပ်နိုင်တဲ့အစွမ်း /အလုပ်လုပ်တဲ့နှုန်း ကို Power လို့ခေါ်တယ်။
ဆိုတော့ power ဆိုတာ အလုပ်လုပ်တဲ့ အလားအလာ (potential)သဘောကို ညွှန်းတာပါ။ လူတစ်ယောက်က တစ်နာရီအတွင်း ထင်းအစည်း ၅၀ ခွဲနိုင်တယ်၊ဒီကောင်စိုက်သမက လယ်တစ်ကွက်ကို တစ်မနက်ပဲကြာတယ်လို့ ပြောတာတွေဟာ သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်း၊ သူတို့ရဲ့ power(စွမ်းအင်) တွေကိုပြောနေတာပါ။ ဒီတော့ power(စွမ်းအင်)ကို သိခြင်းအားဖြင့် အလုပ်လုပ်နိုင်စွမ်း ကို ခန့်မှန်းလို့ရတယ်။ "မင်း အဲ့ဒီကောင်ကိုတော့ သွားမခိုင်းနဲ့...ဒီကောင့်အလုပ်လုပ်ပုံနဲ့ မင်းအလုပ် ၂ရက်နဲတောင်ပြီးမှာ မဟုတ်ဘူး'' ဆိုတာ power(စွမ်းအင်)အရ (အလုပ်လုပ်နိုင်စွမ်းကို ခန့်မှန်းမိပြီး) ဆုံးဖြတ်တာမျိုးပေါ့။ပြောချင်တာက power ဆိုတာ အလုပ်နဲ့ပက်သက်လို့ အရေးပါတဲ့ အတိုင်းအတာတစ်ခု၊ စက်တွေဘာတွေမှာဆို(သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းကို သိရအောင်)power ကိုမဖြစ်မနေ ဖော်ပြကြတယ်။ အဲ့ဒါမှ ဝယ်သင့်၊မဝယ်သင့် ဆုံးဖြတ်လို့ရမှာပါ။ဒီစက်ရဲ့ power က 1000W,2000W တို့ဆိုတာ (power ရဲ့ယူနစ်က watt-W)စက်ရဲ့အလုပ်လုပ်နိုင်စွမ်းကိုပြောတာပေါ့။ "မင်းတို့အရပ်ထဲမှာ ကြားဖူးမှာပါ၊ဒီစက်က မြင်းကောင်ရေ ၁ကောင်အား၊ဟိုစက်က ၂ကောင်ခွဲအားရှိတယ်ဆိုတာတွေကလည်း power ကိုပြောနေတာ။

ဒါပေမယ့် တစ်ခု သတိထားရမှာက power ဆိုတာ အလုပ်လုပ်နိုင်မယ့် အလားအလာကိုပဲ ညွှန်းတာ။ တကယ့်ပြီးမြောက်မဲ့ အလုပ်ကို ညွှန်းတာမဟုတ်ဘူး။ မင်း..တစ်နာရီ စာ ၁၀ ပုဒ် ကျက်နိုင်တယ်ဆိုတာ မင်းရဲ့ power ပဲ။ ဒါပေမယ့် မင်းတစ်ကယ်လုပ်မှ အဲ့ဒီ ၁၀ပုဒ်ရမှာ။ကျက်နိုင်တယ်ဆိုတာနဲ့ ၁၀ပုဒ်ရသွားတာမဟုတ်ဘူး။
Power is the rate of doing work.
ပါဝါဟူသည် အလုပ်လုပ်သည့်နှုန်း ဖြစ်သည်။

နှုန်းမှန်သမျှဟာ အချိန်နဲ့စားထားတာပဲ ခရီးသွားနှုန်းဆိုတာ သွားတဲ့ ခရီးအကွာအဝေးကို အချိန်နဲ့စားထားတာ။ အလုပ်လုပ် နှုန်းဆိုတာ အလုပ်ကို အချိန်နဲ့စားထားတာ။ ဒါကြောင့် သချာင်္ လိုပြရရင်

power P = W / t

Related Articles

Popular Posts