လူတစ်ယောက်က ၁၀ ပိသ၁ာလေးတဲ့ အထုတ်ကြီးကို ပေ ၁၀၀ ရွေ့သွားတယ် ဆိုပါစို့။နောက်လူတစ်ယောက်က အဲ့လို
၁၀ ပိသ၁ာအထုပ်ကြီးပဲ။ဒါပေမယ့် ပေ၅၀ပဲ ရွေ့တယ်ဆိုပါစို့။ ဘယ်သူအလုပ်က ပိုလဲ(ဘယ်သူက ပိုအလုပ်လုပ်သလဲ)။နောက်လူတစ်ယောက်က
၅ ပိသ၁ာ အထုပ်ကို ပေ၁၀၀ ရွေ့သွားတယ် ဆိုပါစို့။ ပထမလူနဲ့နှိုင်းယှဉ်ရင် သူက ပိုလုပ်လား၊မလုပ်ဘူးလား။ ဒီဥပမာတွေကို ကြည့်ရင်
ပြီးမြောက်တဲ့ အလုပ်ဆိုတာ ရွေ့သွားတဲ့ ခရီးအကွာအဝေး(distance)ပေါ်မှာလည်း မူတည်တယ်၊ရွေ့ရမယ့်ဝန်ရဲ့ အလေးချိန်ပေါ်မှာလည်း
မူတည်တယ်ဆိုတာ ထင်ရှားပါတယ်။ဒါဆို ပြည့်စုံသွားအောင် နောက်တစ်ခု ထပ်ဖြည့်စဉ်းစားကြည့်ရအောင်။ ၁၀ ပိသ၁ာကို(တွန်းလှည်းပေါ်တင်ပြီး)ရွှေ့တယ်ပဲ
ဆိုပါစို့။ခရီးအကွာအဝေးကလည်း ပေ၁၀၀ ပဲဆိုပါစို့။တစ်ယောက်ရဲ့လမ်းက ချောမွတ်တယ်။နောက်တစ်ယောက်ရဲ့လမ်းက ဖုတွေထစ်တွေနဲ့ ကြမ်းတယ်။
ဒါဆို ဘယ်သူက ပိုပင်ပန်းမလဲ။တစ်နည်းအားဖြင့် ဘယ်သူက ပိုအလုပ်လုပ်လဲပေါ့။အလွန်ရှင်းတဲ့ မေးခွန့်ဆိုတာ သင်တို့လည်း မြင်ပါလိမ့်မယ်။ဒါဆို
အလုပ်နဲ့ ပတ်သက်လို့ တော်တော်ရှင်းတဲ့ ကောက်ချက်ကို ချလို့ရပါပြီ။
အလုပ်ဆိုတာ ခရီးအကွာအဝေးပေါ်မူတည်တယ်။(ရွေ့ရမယ့်ပစ္စည်းရဲ့ အလေးချိန်ထက်)ကိုယ်စိုက်ထုတ်ရတဲ့ အားပေါ်မှာလည်း မူတည်လို့ ကောက်ချက်ချလို့ရသွာြး
နောက်.. အရပ်အမြင်နဲ့ ရူပဗေဒ အမြင် မတူတဲ့အချက်ရှိတယ်။လူတစ်ယောက်က သေတ္တယအလေးကြီးကို အင်တိုက်အားတိုက်တွန်းနေတယ်ဆိုပါစို့။ဒါပေမယ့် သေတ္တအက လေးတော့ နည်းနည်းမှ မရွေ့ဘူးဆိုပါစို့။ သေတ္တာရွေ့ရွေ့ မရွေ့ရွေ့..အရပ်အမြင်အရတော့ ဒီကောင် အလုပ်လုပ်တယ်။ဟုတ်တယ်လေ ချွေးဒီးဒီးတောင်ကျလို့..။ဒါပေမယ့် ရူပဗေဒ အမြင်နဲ့ကတော့ ဒီကောင် အလုပ်မလုပ်ဘူး၊ဒီကောင်ရဲ့ပြီးမြောက်တဲ့ အလုပ်မရှိဘူးပဲ။ဘာလို့လဲဆိုတော့ ရူပဗေဒအမြင်အရ စိုက်ထုတ်ရတဲ့ အားတစ်ခုတင် မကြည့်ဘူး၊ရွေ့သွားတဲ့ အကွာအဝေးကိုပါ ကြည့်တယ်။အဲ့ဒီနှစ်ခု ပြည့်စုံမှ အလုပ်ရှိတယ် လို့သတ်မှတ်တယ်။ စိုက်ထုတ်လိုက်တဲ့ အားတင်မကဘဲ အဲဒီအားကြောင့် ဖြစ်လာမယ့် အကျိုးရလဒ်(တစ်နည်းအားဖြင့် အရွေ့) ကိုပါထည့်တွက်တဲ့သဘောပဲ။နောက်တစ်မျိုး ဥပမာပေးရရင် မင်း.. စာကြည့်စားပွဲမှာ ၂ နာရီလောက်ထိုင်ပြီး စာကြည့်တာ တစ်ပုဒ်မှ မရဘူးဆိုရင် မင်းရဲ့အလုပ်က သုညပဲ။ တိုတိုပြောရရင် ရူပဗေဒ အရ ပြီးမြောက်တဲ့ အလုပ် work done(W) ဆိုတာ စိုက်ထည့်လိုက်တဲ့အား force(F) နဲ့ အဲ့ဒီအားကြောင့် ရွေ့သွားတဲ့ အရွေ့ distance(d) တို့ရဲ့ မြှောက်လဒ်လို့ အဓိပ္ပါယ်သတ်မှတ်ထားတယိ။
work done W = F s
Work may be defined as the product of the force applied and displacement.
ပြီးမြောက်သော အလုပ်ဟူသည် သက်ရောက်အားနှင့် (ထိုအားကြောင့် ရွေ့သွားသော) အရွေ့(အကွာအဝေး)တို့၏ မြှောက်လဒ်ဖြစ်သည်။
ဒါပေမယ့် အဲဒီ့ပုံသေနည်းထက် ပိုတိကျတဲ့ ပုံသေနည်းတစ်ခု ရှိသေးတယ်။ W=F cos α x s တဲ့။ဘာလို့ cos α ပါလာရတာလဲဆိုရင် တစ်ခါတစ်လေမှာ စိုက်ထုတ်လိုက်တဲ့အားက အကုန်မရောက်ဘူး။ ဥပမာ - တွန်းလှည်းတစ်ခုကို နောက်ကနေ တည့်တည့်တွန်းတာနဲ့ ကြိုးတပ်ပြီး ခပ်စောင်းစောင်းဆွဲတာ (သက်ရောက်တဲ့အားချင်း) မတူဘူး။နောက်ကနေ တည့်တည့်တွန်းတာက 50N အားနဲ့ တွန်းရင် 50N အပြည့်ရောက်တယ်။ကြိုးနဲ့ 50N ဆွဲရင် သက်ရောက်တဲ့အားက 50N မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ အားက x,y direction အတိုင်း ခွဲသွားလို့ပဲ။ Show below the figure, အဲဒီမှာ x-direction အတွက်အားက မူးရင်းအားရဲ့ F cos α နဲ့ y-direction မှာသက်ရောက်မယ့်အားက မူရင်းအားရဲ့ F sin α ပဲရှိတော့တယ်။
ဒီလို စောင်းဆွဲရင် အားအပြည့်မရောက်ဘူး။ မူရင်းအားရဲ့ F cos α ပဲရောက်တော့တယ်။
ဒီအတိုင်း ဒဲ့ဆွဲရင် အားအပြည့်ရောက်တယ်။
နောက်တစ်ခုက အမြင့်ကနေကျလာတဲ့ အရာဝတ္တုတွေ၊အမြင့်ကို တက်သွားတဲ့ အရာဝတ္တူအတွက်ဆိုရင် displacement(s) အရွေ့အစား အမြင့် height(h) လို့ပြောင်းသုံးတယ်။ ဒါလည်း ဘာမှ မဆန်းပါဘူး။အထက်ကို တက်သွားရင် အမြင့်၊အောက်ကိုဆို အနက်၊ မြေပြင်မှာဆို အလျားအနံ.. ဘယ်လိုပဲအခေါ်တွေပြောင်းပြောင်း အားလုံးက ရွေ့သွားတဲ့အကွာအဝေးကို ပြောတာပဲလေ။နောက်တစ်ခုက..အဲ့လို အရာဝတ္တုတွေ အထက်အောက် ရွေ့သွားတဲ့အခါ ဖြစ်လာတဲ့အား (လိုအပ်တဲ့အား) က သူရဲ့ အလေးချိန်ပဲ။အုတ်ခဲတစ်ခု ပြုတ်ကျလာတာ သူ့အပေါ်သက်ရောက်တဲ့အား မရှိဘူးမထင်နဲ့။ မြေဆွဲအားက သူ့အပေါ်သက်ရောက်လိုက်တဲ့အားပဲ။အဲ့ဒီ မြေဆွဲအားဆိုတာ အဲဒီကောင်ရဲ့ အလေးချိန်ပဲ။ဥပမာ 10N လေးတဲ့ပစ္စည်းတစ်ခု ပြုတ်ကျလာရင် အဲဒီအတွက် ပြီးမြောက်တဲ့အလုပ် W (work done) ကိုလိုချင်ရင် သက်ရောက်အားဖြစ်တဲ့ သူရဲ့အလေးချိန် w(weight)နဲ့ ကျလာမယ့် အမြင့် h(height) တို့ကို မြှောက်ရမယ်။
အထက်ကို တက်သွားရင်လည်း အဲလိုပဲ။အထက်ကို တက်ဖို့ လိုအပ်တဲ့အားက သူရဲ့အလေးချိန်ပဲ။ဥပမာ 20N လေးတဲ့ အုတ်ခဲတစ်ခုကို အပေါ်တက်သွားဖို့ 'မ' မယ်ဆိုရင် မင်းစိုက်ထည့်ရမယ့်အားက 20N ပဲ။ အဓိပ္ပါယ် က အုတ်ခဲကို အပေါ်ကို မ နေတဲ့ တစ်လျှောက် အဲဒီအုတ်ခဲပေါ် 20N အားသက်ရောက်နေတယ် ဆိုတဲ့ အဓိပ္ပါယ် ပဲ။ဒါကြောင့် သူ့အတွက် W ကို လိုချင်ရင် သူရဲ့အလေးချိန်နဲ့ တက်သွားမယ့် အမြင့်တို့ကို မြှောက်ရမယ်။