လေထုဖိအားဆိုတာ ဘာလဲ ပြောကြည့်ရအောင်။ လေက မမြင်ရဘူး ပေါ့တယ်၊ အလေးချိန်ရှိတယ်လို့မထင်ရဘူး။ မင်းတို့တွေလည်း ဟ.. လေကြီးက ငါတို့အပေါ်ဖိထားတာ သိတောင်မသိပါလားပေါ့။ အမှန်က ဖိအားရှိတယ်၊ ကိုယ်တို့ကို ဖိထားတယ်။ ဘယ်လောက်တောင်ဖိထားသလဲဆိုရင် ကိုယ်တို့အပေါ်သက်ရောက်နေတဲ့ ဖိအားက 200 kN လောက်ရှိတယ်။ တန် ၂၀ လောက်ပေါ့။ (လေထုရဲ့ဖိအားက တစ်မီတာပတ်လည်မှာ 100 kN ရှိတယ်) ဒီလောက်များတဲ့ဖိအား ကိုယ်တို့တွေ ဘာလို့မခံစားမိတာလည်းဆိုရင်.. (၁) မွေးကတည်းက ကြုံလာရတဲ့ ဒီဝန်ကို ရှိလို့ရှိမှန်းကို မသိတော့ဘူး။ (ငါးတွေက ရေထုဖိအားကို မခံစားရသလိုပေါ့) ဒါက ဒဿ နဆန်ဆန် ပြောတာ။ (၂) သိပ္ပံနည်းကျပြောရရင် ကိုယ်တို့ရဲ့ ခန္ဓာဗေဒအရ ကြောင့်ပဲ။(ဇီဝဗေဒဒီဖိုင်းကြောင့်ပဲ) တစ်နည်းပြောရရင် ဒီကမ္ဘာမြေပေါ်မှာ နေနိုင်အောင် ဒီဇိုင်းလုပ်ထားလို့ပဲ။ ဘယ်လိုဒီဇိုင်းလဲဆိုေ တာ့ ကိုယ်တို့ရဲ့ သွေးမှာလည်းဖိအားရှိပြီး အဲ့ဒီဖိအားက လေထုဖိအားထက် နည်းနည်းများတယ်။အဲ့ဒီတော့ လေထုဖိအားကို ခုခံထားတယ်။ဒါကြောင့် ဒီလောက်များတဲ့ဖိအားကို ခံနိုင်တာ။
စကားလက်တံရှည်ရရင် ဒီကမ္ဘာမြေရဲ့လေထုဖိအားကို ခံနိုင်အောင် ဒီဇိုင်းလုပ်ထားတဲ့ ကိုယ်တို့ရဲ့ ခန္ဓာ ကိုယ်ကြီးဟာ တခြားဂြိုလ်တွေပေါ် (ကိုယ်တို့ကမ္ဘာရဲ့ လေထုဖိအားထက် များတဲ့/နည်းတဲ့ ဂြိုလ်တွေပေါ်) သွားနေလို့မရဘူး။ တခြားဂြိုလ်တွေပေါ်မပြောပါနဲ့။ ဟိုး တောင်အမြင့်ကြီးတွေရဲ့ ထိပ်ကို ရောက်သွားခဲ့ရင် တစ်ချို့တွေ နှာခေါင်းသွေးလျှံတာ အဲဒါကြောင့်ပဲ။ တောင်ထိပ်မှာ လေထုက ပါးလွှာသွားပြီး လေထုဖိအား လျော့သွားတယ်။ ကျသွားတယ်။ အဲ့ဒီမှာ ကိုယ်တို့ရဲ့ သွေးဖိအား၊ လေထုဖိအား ကွာဟချက်က ပိုကြီးသွားပြီးတော့နှာခေါင်းသွေးလျှံတော့တာပဲ။ သာမာန်လူတွေအတွက်ကတော့ ပေ-၅၀၀၀ ကျော်သွားတာနဲ့ လေထုဖိအားနည်းလို့ ဖြစ်လာတဲ့ နာကျင်ကိုက်ခဲတာကို ခံစားရတယ်။ mountain sickness လို့ခေါ်တာပေါ့။ ဒါဆို (လေထုဖိအား ကျသွားတာနဲ့ ဒီလိုနာကျင်ဒုက္ခတွေခံစားရရင်) လေထုဖိအား တအားနည်းသွားရင် ဘာဖြစ်နိုင်သွားမလဲလို့ မတွေးမိဘူးလား။ တွေးသင့်တယ်နော်... ။
မင်းတို့ အာကာသသိပ္ပံဇာတ်ကားတွေမှာ ကြည့်ဖူးတယ်မလား။ အဖြူရောင် အာကာသဝတ်စုံအကြီးကြီးကို ..။ အဲဒါ ဝတ်ချင်လို့ ဝတ်ထားတာတော့မဟုတ်ဘူး။ အာကာသမှာ လေထုဖိအားက Zero(0) ဆိုတော့ မင်းတို့ရဲ့ သွေးကြောတွေ ပေါက်ထွက်ကုန်မှာစိုးလို့ ဝတ်ထားရတာ။ အဲဒီဝတ်စုံက ကမ္ဘာ့လေထုဖိအားကို ဖန်တီးပေးထားရတာ။ နောက်တစ်ကြောင်းကတော့ ရေဆူမှတ်ကြောင့်ပဲ။ မင်းတို့စိတ်ထဲမှာ ရေဆူမှတ်ဆိုတာ အပူချိန်သက်သက်ပဲလို့ ထင်မှာပဲ။ အမှန်က ဒီကောင်ကလည်း နှိုင်းရပဲ။ လေထုဖိအားနဲ့ ဆက်စပ်နေတယ်။ ဘာလို့လဲဆိုတော့ ရေကနေ ရေငွေ့အဖြစ်ကို ပြောင်းသွားတယ်ဆိုတာ (အဲ့ဒီရေငွေ့လေးတွေက) လေထုဖိအားကိုကန်ပြီးထွက်လာရတာ။ အဓိပ္ပါယ်က သူ အပူကနေရတဲ့ စွမ်းအင်က လေထုဖိအားထက် နည်းမယ်ဆို အဲဒီရေမဆူနိုင်ဘူး။ လေထုဖိအားကို လွန်နိုင်မှသာ ဆူနိုင်မှာ။ ဖိအားများမယ်ဆို အပူစွမ်းအင်ပိလိုမယ်၊ရေဆူမှတ်မြင့်မယ်။ ဖိအားနည်းမယ်ဆို အပူစွမ်းအင်နည်းနည်းလေးပဲ လိုမယ်။ ရေဆူမှတ်နိမ့်မယ်။ ဒါကြောင့် ရေဆူမှတ်ဆိုတာ နှိုင်းရပဲ။ ဒီထက်ရှင်းအောင် ပြောရရင် မင်း ဂန်လန်ရာဇီတောင်ထိပ်မှာ ရေနွေးအိုးသွားတည်၊ မြေပြန့်မှာထက် မြန်မြန်ဆူမှာပဲ။ (ရေဆူမှတ် 100 °C ဆိုတာ စံသတ်မှတ်ထားတဲ့ သာမာန်လေထုဖိအား 76cmHg မှာ တိုင်းထားထာ) ပြန်ကောက်ရရင် အာကာသဝတ်စုံသာ ဝတ်မထားရင် အပူချိန်နည်းနည်းလေးရတာနဲ့ မင်းတို့ရဲ့သွေးတွေဟာ ပွတ်ပွတ်ဆူသွားမှာပဲ။
လေထုဖိအားကို တောင်ထိပ်မှာ နည်းသွားတယ်လို့ ပြောခဲ့တယ်။ အဓိပ္ပါယ်က ကမ္ဘာတစ်ခုလုံးမှာ ညီတူညာတူမရှိဘူးပေါ့။ တောင်ထိပ်ပေါ်မှာ နည်းမယ်၊ မြေပြန့်မှာ ပိုမယ်။ ဝင်ရိုးစွန်းတွေမှာ အီကွေတာထက်စာရင် နည်းမယ်။ ဆိုတော့ နေရာဒေသ (locality) အရ ကွာခြားနိုင်တာပေါ့။ (မြင့်လေ နည်းလေ) ပြီးရင် အချိန်ကာလအရလည်း ကွာခြားနိုင်တယ်။ ဥပမာ မြို့ကတော့ဒီမြို့ပဲ.. ဒါပေမယ့် မြို့လေးပေါ်သက်ရောက်တဲ့ လေထုဖိအားက နွေအခါနဲ့ မိုးအခါ မတူဘူး။ မိုးအခါနဲ့ ဆောင်းအခါ မတူဘူး။ နေ့အခါနဲ့ ညအခါမတူဘူး။ ပူတဲ့လေ(ပူတဲ့ရာသီဥတု)က အေးတဲ့လေ (အေးတဲ့ရာသီဥတု)ထက် ဖိအားပိုများတယ်။ စိုထိုင်းဆများတဲ့လေက ခြောက်သွေ့တဲ့လေထက် ဖိအားပိုများတယ်။ ဒီတော့ လေထုဖိအားဆိုတာ locality and time အရ မတူဘူး။ ပြောင်းတယ်၊ အဲ့လိုမှတ်ထား။ အဲ့လို မတူလို့လည်း လေစီးကြောင်းတွေ၊မုန်တိုင်းတွေကို ဖြစ်စေတယ်။ မိုးတွေကို ရွာစေတယ်။ ပြောရရင် ကမ္ဘာ့ရာသီဥတုကို ဖန်တီးတဲ့ လက်သည်းကြီးပေါ့။ မင်းတို့ မိုးလေဝသကြေညာရင် မြေပုံကို ကြည့်ကြည့် ..ကွန်တိုမျ ဉ်းလို မျ ဉ်းတွေကို တွေ့ရလိမ့်မယ်။ အဲ့ဒါ လေဖိအားကို ပြတဲ့ မျ ဉ်းတွေ .. မိုးလေဝသကို ခန့်မှန်းရာမှာ အရေးကြီးဆုံး indicator ကြီးပေါ့။ ကြားဖူးတယ်မဟုတ်လား .. လေဖိအားနည်းရပ်ဝန်းသည် .. တစ်ဖြေးဖြေးအားကောင်းလာ၍ အားအသင့်အတင့်ရှိသော မုန်တိုင်းတစ်ခုဖြစ်လာပါသည်တို့ဘာတို့။ လက်တွေ့ပတ်ဝန်းကျင်မှာကို လေထုဖိအားကို အသုံးချနေတာမင်းတို့ သတိမထားမိလို့.. ။ မင်းတို့ အအေးပုလင်းကို ပိုက်နဲ့ စုပ်သောက်တယ်။ sucking လုပ်တယ်ပေါ့။ အဲဒါ လေထုဖိအားကို အသုံးချတာပဲ။ မင်းတို့စိတ်ထဲမှာတော့ ငါတို့က ရေကိုစုပ်ယူလိုက်တယ်လို့ပဲ ထင်မှာ။မဟုတ်ဘူး။ အမှန်က မင်းတို့က ပိုက်ထဲက လေကိုစုပ်ယူလိုက်တာ။ အတိအကျပြောရရင်တော့ ပိုက်နဲ့ ပါးစပ်ထဲမှာ ရှိတဲ့ လေရဲ့သိပ်သည်းဆနည်းသွားအောင်လုပ်တာ။ အပြင်လေထုဖိအားထက် အများကြီးနည်းသွားတယ်ပေါ့။ ပိုက်ဘေးကရေကို ဖိထားတဲ့ လေဖိအားက များတော့ အဲ့ဒီဖိအားကြောင့်ပဲ အရည်တွေ အပေါ်ကို တက်သွားတာ။ ကလေးဆော့တဲ့ ရေပြွန်တို့၊ ဆရာဝန်ကိုင်တဲ့ ဆေးထိုးပြွန် (syringe) တို့ အားလုံးဟာ ဒီသဘောပဲ။
လေထုဖိအားဟာ တစ်နေရာနဲ့ တစ်နေရာ၊ တစ်ချိန်နဲ့ တစ်ချိန် မတူပေမယ့်လို့ စံထားရမယ့် ပျမ်းမျှလေထုဖိအားတစ်ခုတော့ လိုတာပေါ့။ normal atmospheric pressure လို့ခေါ်တယ်။ အဲ့ဒီကောင်ကို ဘယ်ကရသလဲဆိုရင် ပင်လယ်မှာ တိုင်းထားတာ၊ ထပ်ခါထပ်ခါတိုင်းပြီး ပျမ်းမျှတန်ဖိုးယူထားတာ။ (ပင်လယ် sea level ဆိုတာ အနိမ့်ဆုံးလို သတ်မှတ်ထားတာကိုး) အဲဒီ normal atmospheric pressure (P atm) ရဲ့ တန်ဖိုးက 76cmHg (760 mmHg)ရှိတယ်။ အဲဒီမှာ ထပ်ပြီးပြောဖို့ လိုလာတာက ဘာနဲ့တိုင်းတာလဲ၊ဖိအားဆိုပြီးတော့ သူရဲ့ယူနစ်က အားနဲ့ ဆိုင်တဲ့ newton(N)တို့ pound(lb) တို့ မဟုတ်ဘဲ ဘာလို့ cmHg/mmHg ဖြစ်နေတာလဲ။ အဲဒါကို မရှင်းခင် ကြားဖြတ်ပြီး တစ်ခုလောက်မေးချင်တယ်။ မင်းတို့အရပ်ထဲမှာ ကြားဖူးတယ်မလား။ သွေးပေါင်ချိန်တာလေ.. သွေးတိုးနေတာ အပေါ်သွေး ၁၄၀ လောက်ရှိတယ်တို့၊သွေးကျနေတာလေ။ ၁၀၀ တောင်မပြည့်ချင်ဘူးတို့.. အဲ့ဒါ သွေးဖိအားကိုပြောနေတာ။ အတိအကျဆို 140mmHg, 100mmHg လို့ပြောနေတာ။ အထက်မှာ ပြောခဲ့ပါတယ်။ သွေးဖိအားက လေထုဖိအားထက် ပိုတယ်ဆိုတာ ..မေးပြီး သာမာန်လေထုဖိအားက 760 mmHg ၊ သွေးဖိအားက 100 mmHg, 140mmHg ဆိုတော့... why... ဖြစ်နိုင်ပါ့မလား။... စိတ်ဝင်စားရင် တွေးကြည့်ကြည့်ပေါ့..😂
ယူနစ်အကြောင်း မရှင်းခင်လေထုဖိအားကို ဘယ်လိုတိုင်းလဲဆိုတာ အရင်ပြောရမယ်။လေထုဖိအားကိုတိုင်းတဲ့ ကိရိယာက်ု barometerလို့ခေါ်တယ်၊လုပ်အားပုံက ရှင်းတယ်။တစ်ဖက်ပွင့်ပြွန်ကို မာကျူရီဖြည့်ထားတဲ့ ခွက်ထဲမှာ စိုက်ထားမယ်။အဲ့ဒီပြွန်ရဲ့ တစ်ဖက်ကိုလေဟာနယ်ဖြစ်အောင် လုပ်ထားမယ်။ဆိုတော့ဘေးကလေတွေက ဖိလိုက်တာနဲ့မာကျူရီအရည်တွေက ပြွန်ထဲကိုတက်သွားတာပေါ့။ ( လေဟာနယ်ဆိုတော့ အတားအဆီး အခုအခံမရှိဖူး) ဘယ်လောက်တက်သွားလဲဆိုတော့ သူမိသလောက်တက်သွားမှာပဲ။ တစ်ပိဿာအားနဲ့ဖိလိုက်ရင် တက်သွားမယ့် မာကျူရီရဲ့ အလေးချိန်ကလည်း တစ်ပိဿာပဲ။မပိုဖူး...မလျော့ဖူး...။ ဆိုတော့တက်သွားတဲ့မာ ကျူရီရဲ့အလေးချိန်က လေထုဖိအားပဲပေါ့။ လွယ်အောင်လို့အလေးချိန် အနေနဲ့မပြောပဲ သူဘယ်လောက်တက်သွားသလဲဆိုတာကိုပဲ လေထုဖိအားအနေနဲ့ပြောကြတယ်။သာမာန်အခြေအနေမှာ အဲ့ဒီမာကျူရီဟာ 76cmHg တက်သွားလို့ normal atmospheric pressure (P atm)ကို cmHgလို့သတ်မှတ်ခေါ်ဆိုကြတာ။ဆိုတော့ ဒီဂဏန်းဟာ အသုံးပြုဖို့လွယ်အောင်သုံးတဲ့၊သတ်မှတ်ဖန်တီးထားတဲ့ကိန်းဂဏန်းပဲ၊အညွှန်းတစ်ခုပဲ၊အစစ်အမှန်ကိန်းဂဏန်းမဟုတ်ဖူး။သိပ္ပံစမ်းသပ်မှုတွေမှာ ဒီကဏန်းကို သုံးလို့မရဖူး( နှိုင်းရအညွှန်းအနေနဲ့တော့သုံးလို့ရတယ်၊သုံးတယ်) လေထုဖိအားရဲ့တကယ့်ကဏန်းအစစ်အမှန်က အဲ့ဒီတက်သွားတဲ့မာကျူရီရဲ့အလေးချိန်ပဲ။တိတိတကျကျပြောရရင် တက်သွားတဲ့မာကျူရီရဲ့ပေါ့။76cmရှိတဲ့မာကျူရီရဲ့ဖိအားက101300 N/m2 ရှိတယ်။ အဓိပ္ပာယ်က 1m2ပတ်လည်မှာသတ်ရောက်တဲ့လေထုဖိအားက101300 Nm2ရှိတယ်လို့ပြောတာ။ဖိအား pressure Pဆိုတာ forceကို Areaနဲ့စားထားတာ P=F/A။ဒါကြောင့် SI unitက Newton per meter square (Nm -2)။ဒါပေမယ့် ပုစ္ဆာတွက်တွေမှာတော့ newton per meter square အစား Paလို့သုံးတယ်။
ဘာရိုမီတာရဲ့ အခြေခံသဘောတရားကို သုံးပီးထွင်ထားတဲ့ အရည်တွေ အငွေ့တွေရဲ့ ဖိအားကိုတိုင်းတဲ့ကိရိယာတစ်ခုလည်း ရှိသေးတယ်။
မန်နိုမီတာ(manometer)လို့ ခေါ်တယ်။နာမည်ကွဲတွေတော့ အများကြီးရှိတယ်။ဒါပေမဲ့ သာမန် manometer က U-shapedပုံစံရှိတဲ့
၂-ဖက်ပွင့်ပြန်အကောက်လေး။(များသောအားဖြင့် ဓာတ်ငွေ့ရဲ့ဖိအားတွေကို တိုင်းတဲ့နေရာမှာ သုံးတယ်)အဲဒီထဲမှာ ပေါ့တဲ့ အရည်တစ်ခုခုကို
ထည့်ထားမယ်။မာကျူရီကိုလည်း သုံးလို့ရတယ်။ တစ်ဖက်ကို တိုင်းချင်တဲ့ဓာ်ျငွေ့ကန်နဲ့ ဆက်၊ နောက်တစ်ဖက်ကတော့ ဒီအတိုင်းပဲ လေထဲမှာ
ထားထား။ဓာတ်ငွေ့ရဲ့ဖိအားကြောင့် manometer ထဲမှာရှိတဲ့ အရည်ဟာ လေထုဖိအားကို လွန်ပြီးတက်သွားလိမ့်မယ်။အဲ့ဒီတက်သွားတဲ့
အရည်ရဲ့အမြင့်(အရည်ရဲ့လေးချိန်)က ဓာတ်ငွေ့ရဲ့ဖိအားပဲ။ တိတိကျကျပြောရရင် လေထုဖိအားကို လွန်ပီးတက်ရတာဆိုတော့ ဓာတ်ငွေ့ဖိအားက လေထုဖိအား +
တက်သွားတဲ့အမြင့်ပဲ။
ဥပမာ။ manometer ထဲမှာ မာကျူရီထည့်ထားတယ်၊ ဓာတ်ငွေ့ကို တိုင်းတဲ့အချိန်မှာ အဲဒီမာကျူရီlevelက 20mm
တက်သွားမယ်။ဒါဆို အဲဒီဓာတ်ငွေရြဲ့ဖိအားက (လေထုဖိအား + တက်သွားတဲ့အရည်ဖိအား) 760mm + 20mm = 780mmပဲ။780mmHgပဲ။အဲ့
ဓာတ်ငွေ့ရဲ့ဖိအားက လေထုဖိအားထပ်နည်းရင် အရည်က တက်မလာဖူး ၊ ကျသွားလိမ့်မယ်။ဥပမာ 700mmHgပဲ ရှိတယ်။တစ်ဖက်က လေထုက
760mmHg ရှိတယ်။ဒါဆို မာကျူရီ level က 60mm နိမ့်သွားမှာပဲ။ဆိုတော့ level ကနိမ့်သွားရင် လေထုဖိအားထဲက နှုတ်ရမယ်ပေါ့။
(ပုစ္ဆာတွက်တော့ မရှိဘူး၊ ဒီလောက်နားလည်ရင် ရပြီ)