အလေးချိန်(weight)နဲ့ ဒြပ်သား(mass)ဆိုတာ ကျောင်းသားတွေ အရောတတ်ဆုံးအရနှစ်ခုပါပဲ။ကျောင်းသားတွေမှမဟုတ်ပါဖူး
အရပ်ထဲမှာလည်း အဲ့နှစ်ခုကိုရောရောထွေးထွေး သုံးတတ်ကြတယ်။မင်းကိုယ်အလေးချိန်ဘယ်လောက်တုံး။ပေါင်၁၂၀ရှိတယ်။သကြား
တစ်ကီလိုလောက်(1kg)လောက်သွားဝယ်စမ်း။အဲ့ဒီမှာပေါင်ရော ကီလိုကိုပါ အလေးချိန်လို့သတ်မှတ်ကြတယ်။ကိုယ်အလေးချိန်ကိုလည်း တစ်ချို့ကပေါင်နဲ့ပြောပြီး
တစ်ခို့က ကီလိုနဲ့ပြောကြတယ်။ဒါပေမယ့် အဲ့နှစ်ခု (ပေါင်နဲ့ကီလို)မတူကြပါဖူး။ပေါင်က အလေးချိန်(weight)ကို ပြောတာ၊ကီလိုက ဒြပ်သား(mass)ကိုပြောတာ။
ဒါကို မင်းတို့ကမေးမယ် ဘာကွာလဲလို့။ကွာဟချက်ကတော့ အလေးချိန်က အဲ့ဒီအရာဝတ္ထုရဲ့ အောက်ကိုသက်ရောက်တဲ့အားကိုပြောတာ။ဒြပ်သားက အဲ့ဒီအရာဝတ္ထုရဲ့
ပမာဏကိုပြောတာ။
နယူတန်ရဲ့ ဒြပ်ဆွဲအားနိယာမအရ ကမ္ဘာပေါ်ကရှိသမျှအရာဝတ္ထုတွေနဲ့ ကမ္ဘာကြီးကြားမှာ ဒြပ်ဆွဲအားရှိတယ်။ကမ္ဘာကြီးနဲ့ အရာဝတ္ထုတွေက အပြန်အလှန်ဆွဲနေကြတာပေါ့ကွာ။
အမြင့်တစ်နေရာကနေ ပစ္စည်းတစ်ခုခုကို လွှတ်ချလိုက်ရင် အဲ့ပစ္စည်းက(မြေဆွဲအားကြောင့်)အားတောက်လျှောက်သက်ရောက်ခြင်းခံရပြီး ကမ္ဘာပေါ်ကျလာမယ်။
အားသက်ရောက်လိုက်တယ်ဆိုကတည်းက အရှိန်ဆိုတာဖြစ်လာပြီ။အဓိပ္ပာယ်က အမြင့်က ကျလာတဲ့ပစ္စည်းဟာတဖြည်းဖြည်း မြန်လာမယ်ဆိုတာပဲ။
(မယုံရင်စမ်းကြည့်)အဲ့ဒီမြေဆွဲအားကြောင့်ဖြစ်လာမယ့် အရှိန်ကို (gravitational acceleration)လို့ခေါ်မယ်။
(acceleration due to gravityလို့လည်းပြောကြတယ်) နယူတန်ရဲ့ ဒုတိယ နိယာမ အရ အရှိန်ကိုသိရင် အားကိုတွက်လို့ရတယ်။F=maအရ အရှိန်နဲ့ဒြပ်ထု မြှောက်လိုက်ရင် ဖြစ်လာမယ့် အားကိုသိမှာပဲ။
ဒါဆို ဒြပ်ဝတ္ထု (mass)နဲ့နှစ်ခုကြားက ဒြပ်ဆွဲအားကြောင့်ဖြစ်ပေါ်လာမယ့်အရှိန် (gravitational acceleration)ကိုမြှောက်ရင် ဒြပ်ဝတ္ထုနဲ့ ကမ္ဘာကြားမှာရှိတဲ့ အားကို သိရပြီပေါ့။
ပြီးတော့ ထူးပြီးမဆန်းတဲ့အချက်က gravitational acceleration က ကိန်းသေဖြစ်နေတာပဲ။ဘယ်အရာဝတ္ထုမျိုးမဆိုအောက်ကို ပြုတ်ကျလာရင် ဖြစ်လာမယ့် အရှိန်က တူတူပဲ။အရာဝတ္ထုအကြီးအသေးနဲ့လုံးဝမဆိုင်ပါဖူး။ကြီးကြီးသေးသေး နှုန်းတူတူနဲ့ပဲ ပြုတ်ကလာတယ်။လမင်း အပါအ၀င်ပေါ့။
အမှတ်တမဲ့ကြည့်ရင် ပေါ့တဲ့ပစ္စည်းနဲ့လေးတဲ့ပစ္စည်းအတူတူပြုတ်ကျလာရင် လေးတဲ့ပစ္စည်းက အရင်ရောက်မယ်လို့ထင်ရတယ်။စာအုပ်တစ်အုပ်နဲ့သံတုန်းတစ်တုန်း ပြိုင်တူပြုတ်ကျလျှင် သံတုန်းက အရင်ရောက်မယ်လို့ထင်ကြတယ်။နယူတန်ရဲ့ဒြပ်ဆွဲအား နိယာမသာမှန်ခဲ့လျှင် အတူတူရောက်ရမယ်။
တစ်နည်းအားဖြင့် ဖြစ်လာတဲ့အမြန်နှုန်းနဲ့ အရှိန်နှုန်းက အတူတူပဲ။ဒါကြောင့်အောက်ကိုပြိုင်တူရောက်ရမယ်။ (ဒါပေမယ့် ဖြစ်လာတဲ့အားတွေတော့ကွာမယ်နော်။စာအုပ်ဆို ဘုတ်ခနဲ ကျပြီး၊သံတုန်းဆို အုန်းခနဲပဲဟုတ်လား။massကွာတဲ့အတွက်ကြောင့် မြေကြီးနဲ့
ရိုက်မိတဲ့ အားကတော့ကွာမှာပဲ)အဲ့ဒါနဲ့ပတ်သတ်လို့လူသိများတဲ့ပုံပြင်တစ်ခုရှိတယ်။အရာဝတ္ထုတွေ ပြုတ်ကျလာရင် ပြိုင်တူရောက်ရမယ်ဆိုပြီး ပီဆာမျှော်စင်ပေါ်ကနေ မတူတဲ့ပစ္စည်းနှစ်ခုကို လွှတ်ချပြတယ်ဆိုတဲ့ ပုံပြင်ပေါ့။လက်တွေစမ်းပြတဲ့သူကတော့ နယူတန်မဟုတ်ဖူး၊ဂယ်လီယိုယိုဆိုတဲ့
နက္ခပညာရှင်ကြီး၊နယူတန်ထက်စောတယ်။(ဂယ်လိုယိုယိုသေတဲ့ နစ်မှာယူတန့်ကိုမွေးခဲ့တာ)
ကိုင်း...ထား၊လိုရင်းကို ပြန်ဆက်ရရင် အဲလိုနှုန်းအတူတူကျလာဖြစ်လာတယ်ဆိုတဲ့ သဘောတရားကဘာမှမထူးဆန်းဘူး၊သချာင်္နည်းနဲ လွယ်လွယ်ဘဲ သက်သေပြလို့ရတယ်။
အရာဝတ္တ Aနဲ့ကမ္ဘာနဲ့ကြားမှာရှိတဲ့ ဒြပ်ဆွဲအားကိုနယူတန်ရဲ့ဒြပ်ဆွဲနိယာမနဲ့တွက်ကြည့်မယ်ဆိုရင်...
ဒြပ်ဆွဲအားကြောင့်အဲဒီ့အရာဝတ္ထုဟာတစ်ခုသောအရှိန်နဲ့ အောက်ကို ပြုတ်ကျလာမယ်။သူပြုတ်ကျလာမယ့် အရှိန်နဲ့ massကနေ(သူနဲ့ကမ္ဘာကြားမှာဖြစ်လာမယ့်)...
အားကို နယူတန်ရဲ့ဒုတိယနိယာမအရ တွက်ကြည့်ရင်.....
F=m a
အဲအီကွေးရှင်းနှစ်ကြောင်းကို ညီမျှခြင်းချလိုက်ရင်-
ကိုင်း အီကွေးရှင်းကိုကြည့်ပြီး သဘောပေါက်.
ပြီလား။ အရာဝတ္ထုAပဲဖြစ်ဖြစ် B ပဲဖြစ်ဖြစ်ဖြစ်လာမယ့်အရှိန်က အတူတူဘဲ။GM_earth/r²ပဲ။(ဘယ်လိုပဲဖြစ်ဖြစ်m-(A)တို့၊ m-(B)တို့
ကကျေသွားမှယကို၊)ဒြပ်ဆွဲအားကြောင့်ဖြစ်လာမယ့်အရှိန်၊တစ်နည်းအားဖြင့် ကမ္ဘာပေါ်ဘယ်ပစ္စည်းပဲပြုတ်ကျကျဖြစ်zမယ့်အရှိန်က...........
GM_earth/r²ပဲ။G,M_earth,r တွေကကိန်းသေတွေဆိုတော့ GM_earth/r²ကလည်းကိန်းသေပဲဖစ်သွားတယ်။
အဲဒီ့ဒြပ်ဆွဲအားကြောင့် ဖြစ်လာမယ့်အရှိန်ကိုသင်္ကေတg
နဲ့သတ်မှတ်မယ်။တစ်နည်းအားဖြင့်g=GM_earth/r²ပေါ့။G,M,rရဲ့တန်ဖိုးတွေကိုထည့်တွက်လိုက်ရင် gတန်ဖိုးရမှာပေါ့။ g တန်ဖိုးက Slမှာ..
9.8ms-²ဖြစ်ပြီး CGS မှာ980cm-²ဖြစ်တယ်။FPSမှာဆို32fts-²ပေါ့။ကမ္ဘာပေါ်ကျလာမယ့် အရာဝတ္ထုတိုင်းရဲ့အရှိန်ကအဲလောက်ပဲ။
[acceleration due to gravity=g=9.8ms-²=980cm-²=32fts-²]
ဒါဆိုကိုယ်တို့အနေနဲ့ဒြပ်ဆွဲအားကို တွက်ချက်ရင်နယူတန်ရဲ့ ဒြပ်ဆွဲအားနိယာမအရတွက်လည်းရတယ်။ဒါမှမဟုတ်နယူတန်ရဲ့ဒုတိယနိယာမကို သုံးပြီးအရှိန်နဲ့ဒြပ်ထုနဲ့မြှောက်လို့တွက်လည်းရတာပေါ့။F=maဆိုတဲ့ ဒုတိယနိယာမအရ F=mgပေါ့။(a အစားဒြပ်ဆွဲအရှိန် gကိုသုံးမယ်) massကိုသိတာနဲ့ဖြစ်လာမယ့်ဒြပ်ဆွဲအားကိာတွက်နိုင်ပြီပေါ့။မင်းတို့အရာဝတ္ထုတွေကို 'မ'ကြည့်လို့လေးတယ်လိုခံစားရတာ ဒြပ်ဆွဲအားကို တွက်နိုင်ပြီပေါ့။မင်းတို့အရာဝတ္ထုတွေကို'မ'ကြည့်လို့လေးတယ်လို့ခံစားရတာဒြပ်ဆွဲအားကြောင့်ပဲ။ ဘာလို့လဲ ဆိုတော့'မ' တယ်ဆိုကတည်းကဒြပ်ဆွဲအားကိုလွန်ပြီး ဆန့်ကျင်ပြီး 'မ'ရတာကိုး။ဥပမာသံတုန်းနဲ့ကမ္ဘာကြားကဒြပ်ဆွဲအားက10N ဆိုရင်မင်းသံတုန်းကို'မ' ဖို့10Nအားသုံးရမယ်။ကမ္ဘာက10Nအားနဲ့ဆွဲအားတာကို ကိုယ်က10Nအားနဲ့ပြန်ဆွဲတယ်ဆိုတဲ့အဓိပ္ပါယ်ပေါ့။ ဒါကြောင့်မင်းတို့ လေးလိုက်တာ၊ပေါ့လိုက်တာလို့ပြောနေတဲ့ အလေးချိန်(weight)ဆိုတာအမှန်တော့ဒြပ်ဆွဲအားပဲ။ဒါကြောင့် အလေးချိန်(weight)ဆိုတာအောက်ကိုသက်ရောက်နေတဲ့အားလို့ပြောတာပေါ့။ နောက်တစ်မျိုးလှည့်ပြောရရင်ဒီပစ္စည်း10Nလေးတယ်ဆိုတာအဲ့ပစ္စည်းနဲ့
အရာဝတ္ထုတစ်ခုပေါ်သက်ရောက်သောဒြပ်ဆွဲအား=အလေးချိန် gravitational force=weight=mg
ဒီလောက်ဆို ဘာလိုmassနဲ့ weight နဲ့မတူတာလည်းသိလောက်ပါပြီ။massဆိုတာဒြပ်သားပမာဏ
(amount of substance)ဖြစ်ပြီးအလေးချိန်ဆိုတာဒြပ်ဆွဲအားတစ်နည်းဖြင့်down-ward forceဖြစ်တယ်။ယူနစ်တွေကလည်း အကွာကြီး၊weight
ကအားရဲ့ယူနစ်တွေ(N,dye,lb)တွေပဲဖြစ်ရမယ်။massကိုတော့kgတွေgတွေနဲ့တိုင်းတယ်။
စကားလက်တံထပ်ရှည်ရရင်အလေးချိန်ဆိုတာ ဒြပ်ဆွဲအားနဲပဲ တိုက်ရိုက်တာဖြစ်လို့ တကယ်လို့ ဒြပ်ဆွဲအားသာမရှိရင်....
အလေးချိန်ဆိုတာလည်းရှိတော့မှာမဟုတ်ဘူး။zero gravity ဆိုzero weight(weightless)ပဲ။မြေဆွဲအားမဲ့တဲ့အာကာသထဲမှာဆိုမင်းအနေနဲ
့ဂေါ်ဇီလာကိုတောင်လက်ညိုးလေးနဲမလို့ရတယ်။မယုံမရှိနဲ့။သူကိုဆွဲထားတဲ့ ဒြပ်ဆွဲအားမရှိတော့မင်းအအနေနဲ့
ကလည်း(အဲဒီ့ဒြပ်ဆွဲအားကိုဆန့်ကျင်ပြီး)ပြန်ဆွဲရမယ့်အားလည်းမရှိတော့ဘူးပေါ့။
တစ်နည်းအားဖြင့်လေးတယ်ဆိုတာကိုအသာလေး'မ'လို့ရတယ်။ကမ္ဘာမှာမ'မ'နိုင်တဲ့ဝန်မျိုးကိုမင်းလပေါ်မှာ'မ'
လို့ရတယ်။ဘာလို့လည်းဆိုတော့လကကမ္ဘာထက်သေးတယ်။ဒါကြောင့်လဆွဲအားကကမ္ဘာဆွဲအားထက်နည်းမယ်။ဒါကြောင့်ဆွဲအားကိုဆန့်ကျင်ပြီးမင်းပြန်'မ'
ရမယ့်အားကကမ္ဘာထက်ပိုနည်းမယ်....
ကျောက်တုံးကဒီကျောက်တုံးပဲ။
ဒါပေမဲ့ကမ္ဘာဆွဲအားနဲ့လဆွဲအားမတူလို့
ကျောက်တုံးရဲ့အလေးချိန်ကလည်း
တူမှာမဟုတ်ဘူး။လပေါ်မှာပိုပေါ့မယ်။
ဆိုတော့ဒြပ်ထု/ဒြပ်သား(mass)ဆိုတာကမပြောင်းနိုင်ဘူး။အလေးချိန်(weight)ကတော့ဒြပ်ဆွဲအားကွာရင်ပြောင်းမှာပဲ။တစ်လက္ခပတ်လည်ရှိတဲ့ေ
ငွတုံးလေးဟာ10kgရှိတယ်ဆိုပါစို့လပေါ်မှာလည်း10kgပဲ။အင်္ဂါဂြိလ်ပေါ်မှာလည်း10kgပဲ။ဒြပ်ဆွဲအားမဲ့အာကာသထဲမှာလည်းအရွယ်အစားတစ်လက္ခပတ်လည်နဲ့
10kgပဲရှိနေမယ်။ဘာမှပြောင်းလဲမှာမဟုတ်ဘူး။ဒါပေမဲ့အလေးချိန်ကတော့ကွာသွားလိမ့်မယ်။
ကိုင်း ဒီလောက်ဆိုရှင်းလောက်ပါပြီ၊နောက်တစ်ခုကအဲဒီ့massတွေ၊weightတွေနဲ့ဆက်စပ်နေတဲ့ အရေးကြီးတဲ့သဘောတရားတစ်ခုရှိတယ်။သိပ်သည်းဆတဲ့။