ကောင်းပြီ...ပစ္စည်းတွေဟာ စုပ်ယူဆ/ဖြာထွက်ဆ တစ်ခုနဲ့တစ်ခု မတူဘူး။တစ်ချို့ကကောင်းတယ်၊ တစ်ချို့က ညံ့တယ်။ဒါဆို စုပ်ယူဆ/ဖြာထွက်ဆ အကောင်းဆုံး ပစ္စည်း(ရာနှုန်းပြည့် စုပ်ယူနိုင်/ဖြာထွက်နိုင်တဲ့ 'ဝတ္ထုနက်(black body)' ဆိုတဲ့ စံပစ္စည်းတစ်ခုကို စဉ်းစားတွေးခေါ်ခဲ့တယ်။ (ရာနှုန်းပြည့် စုပ်ယူနိုင်/ဖြာထွက်နိုင် ရင် သူ့ရဲ့ဂုဏ်သတ္တိတွေ က ဘယ့်နှယ့်ဖြစ်နေမလဲလို့ စဉ်းစားချင်လို့ 'စိတ်ကူးစံပစ္စည်းတစ်ခု' ကို ဖန်တီးလိုက်တာ။ရှင်းရှင်းပြောရရင် လက်တွေ့မှာမရှိဘူး၊ စိတ်ကူးထဲမှာပဲရှိတယ်။)
The object which can absorb all electromagnetic radiations falling upon it is called a black body.
ဝတ္ထုနက်ဟူသည် ၄င်းပေါ်ကျရောက်သော လျှပ်စစ်သံလိုက်ဖြထွက်ခြင်းအားလုံးကို စုပ်ယူနိုင်သောပစ္စည်းဖြစ်သည်။
ဝတ္ထုနက် (black body) က ရာနှုန်းပြည့် စုပ်ယူနိုင်တယ်/ဖြာထွက်နိုင်တယ် ဆိုတော့ ဒီကောင်က perfect absorber/best emitter
ပေါ့။ရာနှုန်းပြည့် ဖြာထွက်နိုင်တယ်ဆိုတော့ သူ့ရဲ့ဖြာထွက်နိုင်စွမ်း emissivity တန်ဖိုးကို 'တစ်'(e=1)လို့ သတ်မှတ်တယ်။ကျန်တဲ့အရာဝတ္ထုတွေက
သူ့လောက် မစုပ်နိုင်/မဖြာနိုင်ဘူး။ဒါကြောင့် ကျန်တဲ့ကောင်တွေရဲ့ emissivity တန်ဖိုးက သေချာပေါက် တစ်ထက်ငယ်မယ်။(for other body,e<1)
ဥပမာ ပစ္စည်းတစ်ခုက သူ့အပေါ်ကျလာတဲ့ အပူစွမ်းအင် (radiant energy) ရဲ့ တစ်ဝက်တိတိကို စုပ်ယူနိုင်တယ်ဆိုရင် သူ့ရဲ့စုပ်ယူနိုင်ဆ (emissivity e)
တန်ဖိုးက 0.5 ပေါ့။လေးပုံတစ်ပုံ စုပ်ယူနိုင်ရင် e တန်ဖိုးက 0.25 ပေါ့။ပစ္စည်းတစ်ခုရဲ့ e တန်ဖိုးကို သိတာနဲ့ ဒီကောင်က သူ့အပေါ်ကျလာတဲ့ radiant energy ရ
ဲ့ ဘယ်လောက်ရာခိုင်နှုန်းကိုပဲ စုပ်ယူနိုင်မလဲဆိုတာ သိနိုင်တာပေါ့။