Measurement of Temperature

Aug 9 at 7:28 p.m

အပူချိန်​(temperature)ကိုတိုင်းတဲ့ ​ပေတံသုံးခုရှိတယ်​။စင်​တီဂရိတ်​​ပေတံ၊ဖာရင်​ဟိုက်​​ပေတံနဲ့၊ကယ်​ဗင်​​ပေတံတို့ပဲ။စင်​တီဂရိတ်​စ​ကေး၊ဖာရင်​ဟိုက်​စ​ကေးနဲ့ ကယ်​ဗင်​စ​ကေးတို့ပဲ။(သုံးခုကြီးများလှချည်​လားလုပ်​မ​နေနဲ့....အကွာအ​ဝေးကို​တောင်​ ​ပေ​တွေလက်​မ​တွေစင်​တီမီတာ​တွေ မီတာ​တွေ မိုင်​​တွေနဲ့တိုင်းလာကြတယ်​...)

စင်​တီဂရိတ်​စ​ကေးကို အရင်​​ပြေပြမယ်​။စိတီဂရိတ်​ကို ဆဲလ်​စီးရပ်​စ်​စ​ကေး(celsius scale )လို့လည်း​ခေါ်တယ်​။ဘာလို့လဲဆို​တော့ ဆွီဒင်​ပညာရှင်​ အင်​ဒါဆဲလ်​စီးရပ်​စ်​က တီထွင်​ခဲ့လို့ပဲ။အများသုံးယူနစ်​စ​ကေးတစ်​ခု​ပေါ့။သူက ​ရေခဲ​နေတဲ့အပူချိန်​ တစ်​နည်းအားဖြင့်​ ​ရေခဲမှတ်​( freezing point)ကို သုညဒီဂရီစင်​တီဂရိတ်​(0°C)၊ ​ရေဆူ​နေတဲ့အပူချိန်​ တစ်​နည်းအားဖြင့်​ ​ရေဆူမှတ်​ (boiling point)ကို 100°Cလို့ သတ်​မှတ်​ကြတယ်​။ပြီး​တောာအစိတ်​တစ်​ရာစိတ်​လိုက်​တယ်​။အဲ့ဒါစင်​တီဂရိတ်​စ​ကေးပဲ။

ဖာရင်​ဟိုက်​စ​ကေးကို​တော့ ဂျာမန်​သိပ္ပံပညာရှင်​ ဒင်​နီရယ်​ဖာရင်​ဟိုက်​(Gabriel Daniel Fahrenheit)ကတီထွင်​ခဲ့တာ။အပူချိန်​စ​ကေးမှာ အ​စောဆုံး​ပေါခဲ့တဲ့ စ​ကေး​ပေါ့။ဖာရင်​ဟိုက်​က​တော့​ရေခဲမှတ်​ (freezing point)ကို ၃၂ဒီဂရီဖာရင်​ဟိုက်​ (32°F)၊​ရေဆူမှတ်​ (boiling point)ကို ၂၁၂ဒီဂရီဖာရင်​ဟိုက်​(212°F) သတ်​မှတ်​လိုက်​တယ်​။ပြီး​တော့ အစိတ်​၁၈၀စိတ်​လိုက်​တယ်​။ဒီစ​ကေးကို​တော့ အင်္ဂလိပ်​စကား​ပြောနိုင်​ငံ​တွေမှာ အသုံးများတယ်​။ဆရာဝန်​​တွေအဖျားတိုင်းတဲ့ပြဒါးတိုင်​ကိုြ မင်​ဖူးတယ်​မဟုတ်​လား။လူနာကိုအပူချိန်​တိုင်းပြီး အင်း အဖျားကြီးတယ်​ ၁၀၀​တောင်​​ကျော်​တယ်​လို့​ပြောမယ်​။အဲ့တာဖာရင်​ဟိုက်​စ​ကေးနဲ့​ပြော​နေတာ။လူတစ်​​ယောက်​ရဲ့ သာမာန်​အပူချိန်​က 98°F​လောက်​ရှိတာကိုး။100​ကျော်​တယ်​ဆိုရင်​​တော့ဖျားပြီပေါ့။(အိမ်​တွင်းသုံး အပူချိန်​တိုင်းကိရိယာ(thermometer)မှာ​တော့စင်​တီဂရိတ်​စ​ကေးကို​ရော၊ ဖာရင်​ဟိုက်​စ​ကေးကို​ရော ပြကြတယ်​။)ဖာရင်​ဟိုက်​၉ဆင့်​ 9°Fဟာ စင်​တီဂရိတ်​ ၅ဆင့်​ 5°Cနဲ့ညီတယ်​။(ဖာရင်​ဟိုက်​မှာ 9°Fတက်​သွားရင်​ စင်​တီဂရိတ်​မှာ 5°Cတက်​သွားမယ်​။)သူတို့နှစ်​ခုရဲ့ ဆက်​သွယ်​ချက်ကို သင်္ချာအီ​ကွေးရှင်းနဲ့ပြရရင်​-

°F ကနေ °C ပြောင်းချင်ရင် > °C = 5/9 ( °F - 32 )

°C ကနေ °F ပြောင်းချင်ရင် > °F = 9/5 ( °C + 32 )

နောက်​ဆုံးတစ်​မျိုးက​တော့ ကယ်​ဗင်​စ​ကေးပဲ။သိပ္ပံလက်​​တွေ့စမ်းသပမှု​တွေမှာ သုံးတဲ့စ​ကေး​ပေါ့။အထက်​မှာတုံးက​ပြောခဲ့တယ်​.. အပူချိန်​သည်​ သုည​အောက်​ အနှုတ်​ငါးဒီဂရီစင်​တီဂရိ​တ်​(-5°C)တို့ဘာတို့။ပြောချင်​တာက ​ရေခဲရဲ့အပူချိန်​ဖြစ်​တဲ့ ဆိုတာ အပူချိန်​လုံးဝမရှိတာ မဟုတ်​ဖူး။သူ့​အောက်​ကျတဲ့ သူ့ထက်​​အေးတဲ့အပူချိန်​ဆိုတာရှိတယ်​။ဒါဆို အ​အေးဆုံးအပူချိန်​ တစ်​​နည်းအားဖြင့်​ အပူလုံးဝမရှိတဲ့ အပူချိန်​ zero temperatureဆိုတာ မရှိနိုင်​ဖူးလား။ရှိခဲ့ရင်​ဘယ်​လိုဖြစ်​မလဲဆိုတာ သိပ္ပံပညာရှင်​​တွေစဉ်းစားကြတာ​ပေါ့။အဲ့လိုနဲ့တွက်​ချက်​ကြည့်​ကြ​တော့ အနိမ့်​ဆုံးအပူချိန်​ absolute zero temperatureဆိုတာ ဒီဂရီစင်​တီဂရိတ်​အ​နေနဲ့ -237°Cရှိပြီး(အတိအကျ​ပြောရရင်​ -237.15 °C)ဖာရင်​ဟိုက်​အ​နေနဲ့ က​တော့ (-459.67F)ရှိတယ်​။အဲ့အနိမ့်​ဆုံးအပူချိန်​ကို ကယ်​ဗင်​စ​ကေးအ​နေနဲ့ သုညလို့ သတ်​မှတ်​လိုက်​တယ်​။ဇီးရိုးကယ်​ဗင်​ 0K​ပေါ့။ပြီး​တော့စင်​တီဂရိတ်​လိုပဲ ဆယ်​လီစိတ်​စနစ်​ကိုသုံးတယ်​။အဲ့တာကယ်​ဗင်​စ​ကေးပဲ။ဆို​တော့စင်​တီဂရတ်​နဲ့ ကယ်​ဇင်​က ၂၃၇ဆင့်​ကွာသွားတာ​ပေါ့။အနိမ့်​ဆုံးအပူချိန်​ကို ကယ်​ဗင်​အ​နေနဲ့ 0 K,စင်​တီဂရိတ်​အ​နေနဲ့ -237°C,​ရေခဲမှတ်​(freezing point)က 0°Cနဲ့273K၊​ရေဆူမှတ်​(boiling point)က 100°Cနဲ့ 373K။လွယ်​​လွယ်​​ပြောရရင်​ စင်​တီဂရိတ်​စ​ကေးကို ကယ်​ဗင်​စ​ကေး​ပြောင်းချင်​ရင်​ ၂၇၃​ပြောင်းရမယ်​။သင်္ချာအီ​ကွေးရှင်းနဲ့ပြရရင်​-

Tk = TC + 273