Temperatureကို တိုင်းတဲ့ ယူနစ်သုံးမျိုးရှိသလို အပူ(heat)ကိုတိုင်းတဲ့ ယူနစ်သုံးမျိုးလည်းရှိတယ်။(အပူခန်းကို ကျောင်းသားတွေမျက်စိနောက်တာ အဲ့တာတွေကြောင့်လည်းပါတယ်)ကိုင်းမျက်စိတော့မနောက်နဲ့...သုံးလေးမျိုးဆိုတော့လည်း သုံးလေးမျိုးမှတ်ရမှာပေါ့။ပြီးတော့ ယူနစ်တွေများတဲ့အတွက်တော့ ကြောက်စရာမလိုဖူး၊ပုစ္ဆာမတွက်ခင် သတိထားဖို့ပဲလိုတယ်။ဘယ်ယူနစ်က ဘယ်အုပ်စုထဲက၊ဘယ်ယူနစ်နဲ့တွက်ရင် အဖြေဘယ်နှစ်မျိုးရတယ်...ဒါလေးကိုပဲ သတိထားပါ။Uကိုင်းယူနစ်အကြောင်းပြန်သွားမယ်။
အပူနဲ့ပတ်သတ်လို့ အစောဆုံးပေါ်ခဲ့တဲ့ ယူနစ်က ကယ်လိုရီ(calories)ပဲ။လက်တွေ့အသုံးအများဆုံးယူနစ်လည်း ဖြစ်တယ်။ကီလိုကယ်လိုရီ(kilo calories)နဲ့
အများဆုံးသုံးကြတယ်။(ကီလိုကယ်လိုရီဆိုတာ ၁၀၀၀ကိုပြောတာ 1kcal=1000calပေါ့။ကယ်လိုရီယူနစ်က သေးလို့ ကီလိုကယ်လိုရီယူနစ်ကိုသုံးတာ)ပြီးတော့ ဒီယူနစ်က
မင်းတို့နဲ့ရင်းနှီးကျွမ်းဝင်တဲ့ ယူနစ်လည်းဖြစ်တယ်။အစားအသောက်တွေမှာပါတတ်တယ်လေ..ဘယ်လောက်ကယ်လိုရီရှိတယ်ဆိုပြီး။ဒါပေမယ့် တကယ့်တကယ်က
အစားအသောက်တွေမှာပါတဲ့ ကယ်လိုရီက အပူ(heat)ကို ညွှန်းမပေးတတ်ဖူး။တကယ့်အစားစာတွေနဲ့ chemical bondထဲမှာပါတဲ့ energyကို ညွှန်းထားတာ။ရေးရင်လည်း
Cအကြီးနဲ့ (cal)လို့ရေးရတယ်။တစ်ချို့ကလည်း
food caloriesလို့သုံးတယ်။တန်ဖိုးအားဖြင့် ကီလို ကယ်လိုရီနဲ့အတူတူပဲ။1 Food Calorie=1 kilo Calorie=1000 calories ပေါ့။ဒါက ဗဟုသုတအနေနဲ့ပြောတာ။
နောက်ထပ်အစောဆုံးပေါခဲ့တဲ့ ယူနစ်ကတော့ အင်္ဂလိပ်တွေသုံးခဲ့တဲ့ ယူနစ်ပဲ။British Thermal Unit -btu လို့ခေါ်တယ်။(တစ်ချို့က BTUလို့အကြီးနဲ့ရေးတယ်)ဒါပေမယ့်သိတဲ့ အတိုင်းပဲ British systemက ဆယ်လီစနစ်ကို
အခြေခံထားတာ မဟုတ်တော့ တွက်ရတာ ပိုပြီး လက်ဝင်တယ်။တိကျမှုအားနည်းတတ်တယ်။ဒါကြောင့် ဒီယူနစ်ကတော့ အခုချိန်မှာ တော်တော် အသုံးနည်းသွားပြီ။
နောက်ထပ်အရေးကြီးဆုံး ယူနစ်ကတော့ ဂျိုး(joule-J)ပဲ။ဒီယူနစ်ကို မင်းတို့ကောင်းကောင်းသိပါတယ်။Work and Energyအခန်းမှာ တွေ့ရမယ့် ယူနစ်၊work နဲ့energyတို့ရဲ့ ယူနစ်လေ။ဘယ့်နဲ့လုပ် အပူရဲ့ယူနစ်က work/energyတို့ရဲ့ ယူနစ်ဖြစ်ရလဲဆိုတာ ရှင်းပါတယ်ေ နာ်။အပူဆိုတာ စွမ်းအင်တစ်မျိုးကိုး..ဒါကြောင့်အပူရဲ့ယူနစ်ဟာ work/energyတို့ရဲ့ ယူနစ်ဖြစ်လို့ရတယ်။ဒီတော့ အပူရဲ့ယူနစ်က Joule နောက်ပြန်ချင်ရင် ft-lb ၊erg တို့နဲ့ပါ ပြလို့ရတယ်။(အဲ့ဒါတွေကလည်း work/energyတို့ရဲ့ ယူနစ်တွေပဲလေ)လွယ်လွယ်မှတ်ချင်ရင် အပူရဲ့ယူနစ်တွေက cal,BTU+အလုပ်နဲ့ စွမ်းအင်တို့ရဲ့ ယူနစ်တွေပေါ့။အဲ့တော့ မင်းတို့အနေနဲ့ ဒီလောက်ယူနစ်အများကြီး ကျွန်တော်တို့ ဘယ်ပုစ္ဆာတွေမှာ ဘယ်ယူနစ်တွေသုံးရမလဲလို့ ခေါင်းကိုက်သွားနိုင်တယ်။မကိုက်နဲ့ အဓိက ယူနစ်ကတော့ (cal)နဲ့ joule(J)ပဲ။ပုစ္ဆာတွေမှာ ဒီနှစ်ခုကိုပဲ အဓိက သုံးမယ်။ဒါကြောင့်အဲ့ဒီယူနစ်တွေရဲ့ဆက်သွယ်ချက်ကို သိထားတာမယ်။
1cal=4.184J (or) 1kcal = 4184J
နောက် Btuနဲ့ J,calနဲ့ဆက်သွယ်ချက်ကိုလည်း သိထားရမယ်။
1Btu=1055J (or) 1Btu=3.96 kcal