Heat Radiation

Aug 8 at 9:12 p.m

ကဲ​နောက်​ထပ်​အပူကူးနည်း တစ်​ခုကို စဉ်းစားကြည့်​ရ​အောင်​။အရာဝတ္ထု​တွေ အရည်​​တွေ အ​ငွေ့​တွေမှာ အပူဘယ်​လိုကူးခဲ့သလဲဆိုတာ သိခဲ့ပြီးပြီ။နေမင်းကြီးရဲ့အပူက ကမ္ဘာ​မြေ​ပေါ်​ရောက်​လာတာ အဲ့လိုနည်း​တွေနဲ့မဟုတ်​ဖူးဆိုတာ ငါ့​ကောင်​​တွေလည်း ရိပ်​မိမှာပါ။နေနဲ့ကိုယ်​တို့ ကြားမှာ ​လေဟာ ဟင်းလင်းပြင်​ကြီးပဲ ရှိတယ်​ဆိုတာ ကိုယ်​တို့သိတယ်​။ဒီ​တော့ လက်​ဆင့်​ကမ်းသယ်​လာတာတို့ မဖြစ်​နိုင်​ဖူး ဒါဆို ဘယ်​လိုနည်းနဲ့လဲ... .ဖြာထွက်​ခြင်း(radiation)နည်းနဲ့​ပေါ့။ဒီ​ကောင်​က တစ်​ခြားနှစ်​ခုနဲ့မတူဖူး နည်းနည်းထူးတယ်​။နံပါတ်​၁ထူးခြားချက်​က radiationဆိုတာလျှပ်​စစ်​သံလိုက်​လှိုင်း (electromagnetic wave)၊ဒါ​ကြောင့်​ radiation ဖြစ်​ဖို့အတွက်​ ကြားခံနယ်​မလိုဖူး။
နံပါတ်​၂ထူးခြားတာက radiationဖြစ်​ဖို့ အပူချိန်​ခြားနားဖို့မလိုဖူး။အရာဝတ္ထုတစ်​ခု အပူချိန်​ရှိတာနဲ့ဖြာထွက်​ခြင်းဖြစ်​တယ်​။ဆို​တော့ အစိုင်​အခဲပြဲဖစ်​ဖြစ်​၊အရည်​ပဲ ဖြစ်​ဖြစ်​၊အ​ငွေ့ပဲ ဖြစ်​ဖြစ်​အပူရှိရင်​ဖြာထွက်​ခြင်းဖြစ်​တယ်​။ ဒါ​ပေမယ့်​ ပတ်​၀န်းကျင်​အပူချိန်​က များ​နေရင်​ အသားတင်​စုပ်​ယူမှ ဖြစ်​မယ်​။အရာဝတ္ထုရဲ့ အပူချိန်​က ပတ်​၀န်းကျင်​ထက်​များ​နေရင်​ အသားတင်​ဖြာထွက်​ခြင်းဖြစ်​တယ်​။

Radiation is the transfer of that does not require a material medium.Energy is transferring by electromagnetic waves that pass through a medium or even vaccum.
အပူဖြာထွက်​ခြင်းဟူသည်​ ရုပ်​ပစ္စည်းကြားခံနယ်​ မလို​သောအပူကူး​ပြောင်းမှုဖြစ်​သည်​။စွမ်းအင်​သည်​ ​လေဟာနယ်​ကို ဖြတ်​၍(သို့)ကြားခံနယ်​ကိုဖြတ်​၍ လျှပ်​စစ်​သံလိုက်​လှိုင်းပုံစံဖြင့်​ကူး​ပြောင်းသွားသည်​။

Conductionမှာတုံးက အရာဝတ္ထု​တွေရဲ့အပူကူးနိုင်​ဆ (Thermal conductivity)ဟာ တစ်​ခုနဲ့ တစ်​ခု မတူဘူး။အေး ဒီလိုပဲအရာ ၀တ္ထု​တွေရဲ့ အပူဖြာထွက်​နိုင်​စွမ်း၊စုပ်​ယူနိုင်​စွမ်းဟာ တစ်​ခုနဲ့တစ်​ခုမတူဘူး။ဥပမာ ဘုရားရင်​ပြင်​​ပေါ်မှာ ​ကျောက်​ပြား အဖြူနဲ့အနက်​ခင်းထားတယ်​။ဘယ်​​ကျောက်​ပြားကပိုပူမှာလဲ။ (​နေ့လည်​ခင်းဘုရား​ပေါ်တက်​ပြီးစမ်းကြည့်​)အပူရတာခြင်းအတူတူ ​ကျောက်​ပြားအနက်​က ပိုပူ​နေတာကို ​တွေ့ရမယ်​။ (​ပြောင်းပြန်​​ပြောရရင်​ ​အေးတဲ့ရာသီသွားစမ်းကြည့်​ရင်​ ​ကျောက်​ပြားအနက်​က ပို​အေး​နေတာ​တွေ့ရလိမ့်​မယ်​)ဘာလို့လဲ...။ အရာဝတ္ထုရဲ့ အပူဖြာထွက်​နိုင်​စွမ်း၊အပူစုပ်​ယူနိုင်​စွမ်းမတူလို့ပဲ။အပူဖြာထွက်​နိုင်​စွမ်းကို emissive powerလို့​ခေါ်တယ်​။အပူတူရင်​​တောင်​ ပစ္စည်းမတူရင်​ (emissive powerမတူရင်​)ဖြာထွက်​နိုင်​စွမ်း၊စုပ်​ယူနိုင်​စွမ်းမတူနိုင်​ဘူး။ပြီး​တော့​စော​စောက​ပြောသလိုပဲ အနက်​​ရောင်​က အဖြူ​ရောင်​ထက်​ ဖြာထွက်​ဆ/ စုပ်​ယူဆပို​ကောင်းတယ်​။အနက်​​ရောင်​ရဲ့ emissive powerက အဖြူ​ရောင်​ရဲ့ emissive powerထက်ပိုများတယ်​။(အ​ရောင်​ရင့်​ရင့်​​တွေက အ​ရောင်​​ပျော့​ပျော့​တွေထက်​စုပ်​ယူဆပို​ကောင်းတယ်​၊​နွေရာသီမှာ အ​ရောင်​​ပျော့​ပျော့​တွေပဲဝတ်​သင့်​တာ​ပေါ့)

The total emissive power is defined ​as the total radiant energy of difference wavelength emitted from unit area of a surface of a body in one second.
စုစု​ပေါင်းဖြာထွက်​နိုင်​စွမ်းဟူသည်​ တစ်​စက္ကန့်​အတွင်း တစ်​ယူနစ်​ဧရိယာမှ ဖြာထွက်​သွား​သော လှိုင်းအမျိုးမျိုးရှိ​သောဖြာထွက်​စွမ်းအင်​စုစု​ပေါင်းပင်​ဖြစ်​သည်​။

ပစ္စည်းတစ်​ခုဖြာထွက်​နိုင်​ဆကို​တော့ emissivity(e)လို့​ခေါ်တယ်​။အရာဝတ္ထုတစ်​ခုစီရှိရဲ့ ဖြာထွက်​နိုင်​စွမ်း/စုပ်​ယူနိုင်​စွမ်း​ပေါ့။အပူဖြာထွက်​ဆ​ကောင်းရင်​ emissivity (e)တန်​ဖိုးမြင့်​တယ်​။