နောက် သူလိုပဲ ဘယ်လောက်အပူချိန်တိုးလာဖို့ အပူဘယ်လောက် လိုတယ်ဆိုတာကိုပြတဲ့ အညွှန်းကိန်း တစ်ခု ရှိသေးတယ်။ အဲဒါကတော့ heat capacity. ဒါမှမဟုတ် thermal capacity (C) တဲ့။ specific heat capacity နဲ့ ဘာကွာလို့လဲဆိုတော့ ဒီကောင်က ယေဘုယျသဘောကို ပြောတာ။ အခြေအနေတစ်ခုအတွက် ယေဘုယျသဘောကို ပြောတာ။ ဥပမာ ဒီရေပုံးထဲက ရေတွေ အပူချိန် 1 K တိုးလာဖို့ လိုအပ်တဲ့အပူ၊ ဒါမှမဟုတ် ဒီရေခွက်ထဲကရေတွေ အပူချိန် 1 K တိုးလာဖို့ လိုအပ်တဲ့အပူဆိုပြီး ပြောတာတွက်တာ၊ တစ်နည်းအားဖြင့် အခြေအနေတစ်ခုစီအတွက်ပဲ ပြောတာ။ အဲဒါကို thermal capacity လို့ ခေါ်တယ်။ ဒီ့ထက်ရှင်းအောင် ပြောရရင် mass ကို ထည့်မစဉ်းစားဘဲ ဒီအရာဝတ္ထုထဲကို အပူဘယ်လောက်ထည့်လိုက်ရင် အပူချိန် ဘယ်လောက် တက်လာမလဲဆိုတာကို ပြောတာ။ သူက အခြေအနေတစ်ခုစီ (mass တစ်ခုစီအတွက်) အတွက်ပဲ စဉ်းစားတာ။ (အခြေအနေပြောင်းသွားရင် mass မတူရင် thermal capacity က ပြောင်းသွားမယ်)
ဆိုပါစို့ .. အခြေအနေတစ်ခုက ရေ 10kg၊ နောက် အခြေ အနေတစ်ခုက ရေ 50kg ဆိုရင် သူတို့ အပူချိန် 1K တက်လာဖို့ လိုအပ်တဲ့အပူ တူပါ့မလား၊ မတူနိုင်ဘူး။ 10kg ဆိုတဲ့ရေကို အပူချိန် 1K တက်လာဖို့ အပူ 41690 J လိုမယ်။ 50kg ဆိုတဲ့ရေကို 1K တက်လာဖို့ အပူ 208450 J လိုမယ် (10kg ထက် ၅-ဆ ပိုလိုမှာပေါ့)။ ဒီတော့ ပထမအခြေအနေအတွက် thermal capacity ကို 41690 J K-1 လို့ ပြောမယ်။ ဒုတိယကောင်အတွက် thermal capacity ကို 208450 J K-1 လို့ပြောမယ်။ ရေတော့ ရေပဲနော်။ ရေရဲ့ specific heat capacity ကတော့ ပြောင်းမှာမဟုတ်ဘူး။ အခြေအနေကွာလို့ (mass ကွာလို့) thermal capacity က ပြောင်းသွားတယ်။
တစ်ခွန်းတည်းပြောရရင် specific heat capacity ဆိုတာက အရာဝတ္ထုရဲ့ ပင်ကိုဂုဏ်သတ္တိ။ လုံးဝမပြောင်းဘူး။ thermal capacity ဆိုတာက အခြေအနေတစ်ခုအတွက်ပဲ စဉ်းစားတာ။ ဒါကြောင့် ပြောင်းတယ်။ သင်္ချာအီကွေးရှင်းအရဆို -
C = Δ Q / ΔT
ယူနစ်ကတော့ kcal K-1 နဲ့ Sl unit က J K-1 ပေါ့။
thermal capacity ဆိုတာ mass ကို ထည့်မစဉ်းစားဘူး၊ ဆိုတော့ mass နဲ့သာ ပြန်စားလိုက်ရင် အဲဒ်ီအရာဝတ္ထုရဲ့ specific heat capacity ကို ပြန်ရမှာပေါ့။ ဥပမာ အထက်မှာ ပြောခဲ့တဲ့ 41690# K1 တို့၊ 208450# K1 တို့ကို သူတို့ရဲ့ mass တွေ 10kg, 50kg တွေနဲ့ ပြန်စားလိုက်ရင် ရေရဲ့ specific heat capacity ကို ပြန်ရမှာပေါ့။ ဒါကြောင့် specific heat capacity - c နဲ့ thermal capacity - C တို့ရဲ့ ဆက်သွယ်ချက်က -
** M ကို mass per mole လို့ ပြောလို့ မျက်စိလည်မသွားနဲ့။ တစ်ခွန်းတည်းပြောရရင် mass ပါပဲ။ 1 mol မှာ ရှိတဲ့ mass လို့ ပြောတာ။ အဲဒါဆို C ကလည်း 1 mol အတွက်ပဲဖြစ်မယ် .. J mol-1 K-1 ပေါ့။