အမှန်တော့ဒီအကြောင်းကို Linear motion အောက်မှာထည့်သင့်တာ။ဘာလို့လဲဆိုတော့ သူတို့ရွေ့လျားမှုကလည်း linear motion မျဉ်းဖြောင့်ရွေ့လျားမှုပဲလေ။ဒါကြောင့် linear motion ကိုနားလည်ရင် ဒိအကြောင်းကလည်း မခက်တော့ဘူး။ အထက်တက်တဲ့ကောင်ပဲဖြစ်ဖြစ် အောက်ကိုကျလာတဲ့ကောင်ပဲဖြစ်ဖြစ် ကိန်းသေအရှိန်ရှိတယ်။ကိန်းသေအရှိန်နဲ့ ကျလာတယ်။ ကိန်းသေအရှိန်နဲံ တက်သွားတယ်။ဘာလို့လဲ....မင်းတို့သိပါတယ်။ကမ္ဘာကြီး၇ဲ့ ဆွဲအားကြောင့်....ဟုတ်လား။တစ်ခွန်းတည်းပြောရရင် အောက်ကိုကျလာတဲ့ကောင်တွေက ဒြပ်ဆွဲအရှိန်ကြောင့် ဖြစ်လာတဲ့ constant acceleration-g နဲ့ကျလာတယ်။ (acceleration ကျလာတာဖြစ်လို့ အောက်ကိုကျလာတဲ့ အမြန်နှုန်းတိုးလာပြီး တစ်ဖြည်းဖြည်းမြန်လာတယ်၊ အောက်ကိုရောက်လေလေမြန်လေလေပဲ။)အထက်ကိုတက်လာတဲ့ ကောင်တွေကလည်း ဒြပ်ဆွဲအရှိန်ကြောင့်ဖြစ်လာတဲ့ constant acceleration-g တက်ရတယ်။အတိအကျပြောရရင် g ကိုဆန့်ကျင်ပြီဂ တက်ရတယ်။တစ်နည်းအားဖြင့် ဘရိတ်ဖမ်းတဲ့သဘော ဆုတ်ရှိန်ပေါ့။(ဆုတ်ရှိန် deceleration တက်လာတာဖြစ်လို့ တက်သွားတဲ့ ပစ္စည်းတွေဟာ အမြန်နှုန်းလျော့လာပြီး တစ်ဖြည်းဖြည်းနှေးလာတယ်၊အထက်ကိုရောက်လေလေ နှေးလာလေလေပဲ နောက်ဆုံးမှာ ရပ်သွားမယ်။)ဒီတော့ Free-falling ပုစ္စာဆိုတာနဲံ g ဆိုတဲ့အရှိန်ရှိတယ်ဆိုတာသဘောပေါက်၊ ပုစ္စာမှာတော့ပေးထားမှာမဟုတ်ဘူး။အော်....နောက်တစ်ခုက ပုစ္စာတွေမှာပေးမထားပေမယ့် သိထားရမယ့်အချက်နှစ်ချက် ရှိသေးတယ်။အောက်ကိုကျလာတဲ့ကောင်တွေဆို စဦးအလျင်က သုည(initial velocity Vo=0)၊ အထက်တက်သွားမယ်ကောင်တွေ အတွက်ဆို(တက်ပြိးရင် ရပ်သွားမှာ ဖြစ်လို့) နောက်ဆုံးအလျင်က သုည(final velocity V=0)ဆိုတာကိုလည်း (ပုစ္စာမှာ မပေူပေမယ့်) သိထားရမယ်။လမ်းခုလတ် ဆိုရင်တော့ သုည မဟုတ်ဘူးနော်လွဲအုံးမယ်။ ကိုင်း....ဒီပုစ္စာတွေအတွက် သုံးရမယ့် ပုံသေနည်းတွေက Linear motion မှာ(အရှိန်နဲ့ ရွေ့တဲ့ကောင်တွေ အတွက်) သုံးတဲံပုံသေနည်းတွေက အတူတူပဲ။တစ်ခုပဲ....အထက်မှာပြောခဲ့သလိုပဲ သူက constant acceleration-g နဲ့ တက်တာကျတာဆိုတော့် တစ်ခါတည်း ပုံသေနည်းမှာပါတဲ့ a နေရာမှာတစ်ခါတည်း g လို့ပြင်လိုက်မယ်။ ဒီတော့ပုံသေနည်းတွေကဒီလိုဖြစ်သွားမယ်။
နောက်အရေးကြီးဆုံးအချက်က direction သဘောကိုတစ်ခါတည်းထည့်စဉ်းစားရမယ်။ဘယ်လိုလဲဆိုတော့ အောက်ကိုကျလာရင်
ကိစ္စမရှိပေမယ့် အထက်ကိုတက်သွား သွားတဲ့ direction နဲ့ (တစ်နည်းအားဖြင့် v တို့ s တို့ရဲ့ direction နဲ့)acceleration-g ရဲ့
direction ကအောက်ကို....ဟုတ်လား။အဲ့ဒီလိုဖြစ်သွားရင် V ရဲ့ direction နဲ့ g ရဲ့ direction က လက္ခဏာမတူတော့ဘူး။အတူတူပေးလို့
မရတော့ဘူး။ဒါကြောင့် အထက်ကိုတက်သွားရင် g ကို အနှုတ် (minus,-) နဲ့ပြရမယ်။g ကို အနှုတ်မပေးစေချင်ရင် v နဲ့ s တွေကိုအနှုတ်ပေးရ
လိမ့်မယ်။သေချာတာကတော့ တစ်ခုခုကို အနှုတ်ပေးရမယ်။(လွယ်အောင် g ကိုပဲအနှုတ်ပေးလိုက်ပါ) အောက်ကိုကျလာတဲ့ ကောင်တွေကတော့ direction
တွေကအတူတူပဲ။ v တို့ s တို့ရဲ့ direction ရော g ရဲ့ direction ပါအောက်ဖက်ကိုပဲ။ ဒါ့ကြောင့် အောက်ကိုကျလာရင်တော့ g ကိုအနှုတ်ပေးစရာ မလိုဘူး။
ဒီသဘောလေတွေ နားလည်ရင် free falling ပုစ္စာကို တွက်လို့ရပြီ။ပုံသေနည်းကိုလည်း ဒီလိုတစ်ခါတည်းပြင်လိုက်မယ်။
၁- a တွေကို g လို့ပြင်မယ် (အတက်အဆင်း နှစ်ခုအတွက် +g,-g ရယ်လို့ နှစ်မျိုး ရှိတယ်)
၂-အကွာအဝေး s ကို အမြင့် h လို့ပြင်မယ် (သင်္ကေတ စာလုံးပြောင်းသွားတာ ဘာမှမဟုတ်ဘူး)
ဒီတော့ ပုစ္စာကိုသေချာဖတ် တက်တာလား၊ ကျတာလား။ဖတ်ပြီး တစ်ခါတည်း အပေါင်းအနှုတ်ခွဲ....ဟုတ်လား။ နာက်တစ်ခုက ဖတ်စာအုပ်ထဲမှာ
free-falling ပုစ္စာအတွက်
ဆိုတဲ့ အီကွေးရှင်းတွေ ထက်တိုးလာတယ်။ အီကွေးရှင်းများလှတယ် ဆိုပြီး လန့်မသွားနဲ့.....အထက်က အီကွေးရှင်းတွေကို ပြင်လိုက်တာဆိုပါတော့....
ဆိုတာ အောက်ကိုကျလာတဲ့ ကောင်တွေအတွက် ဆိုတဲ့ အီကွေးရှင်းကို ပြင်တာ။ အောက်ကိုကျလာရင် က သုညကိုး။ သုည အစားသွင်းလိုက်တော့ ကိုရတာပေါ့။
ဆိုလဲ အဲ့လိုပဲ....အောက်ကိုကျလာတဲ့ကောင်တွေ အတွက်