မက္ကင်းနစ်သည် ဒြပ်ဝတ္တု ကို အား သို့ အရွေ့ သက်ရောက်သောအခါ ၄င်း၏ အပြုအမူ နှင့် ၄င်းတို့၏ ပတ်ဝန်းကျင်တို့ကို အကျိုးသက်ရောက်မှု တို့နှင့်ဆိုင်သော ရူပဗေဒ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သည်။ ခေတ်သစ် မော်ဒန် အစတွင် ဂယ်လီလီယို၊ ကပ်ပလာ၊ အထူးသဖြင့် နယူတန် တို့က မူလလက်ဟောင်း မက္ကင်းနစ် (classical mechanics) ခေါ်နည်းကို မျိုးစေ့ချပေးခဲ့သည်။
အဓိကအားဖြင့် မက္ကင်းနစ်ကို မူလလက်ဟောင်း မက္ကင်းနစ် နှင့် ကွန်တမ် မက္ကင်းနစ် (quantum mechanic) ဟု ခွဲခြားထားသည်။
သမိုင်းတွင် မူလလက်ဟောင်း မက္ကင်းနစ်သည် ဦးစွာပေါ်လာပြီး ကွန်တမ် မက္ကင်းနစ် သည် အသစ်စက်စက် ထွန်းကားလာခြင်းဖြစ်သည်။ မူလလက်ဟောင်း မက္ကင်းနစ် သည် နယူတန် ရေးခဲ့သော principia Mathematica တွင်ပါသော ရွေ့လျားမှုနိယာမများ (laws of motion)ကို အခြေခံပြီး ကွန်တမ်မက္ကင်းနစ်သည် ၁၉၀၀ထိ မပေါ်သေးပေ။ နှစ်ခုစလုံးသည် သဘာဝ ရုပ်ဝတ္တု သဘောတရားကို တစ်နည်းတစ်ဖုံအားဖြင့် အတူတကွ ပေါင်းစပ်ဖြေရှင်းလျက်ရှိသည်။ မူလလက်ဟောင်း မက္ကင်းနစ်ကို တိကျမှု တွင်အခြေခံသော ပုံစံအသွင်ဖြင့် ရှုမြင်ခြင်းဖြစ်သည်။ ၄င်းတိကျမှုကို အရင်းခံသောကြောင့် သချာင်္သီအိုရီများ တွင်တွင် သုံးခြင်းသကဲ့သို့ မှန်မမှန်ကို လက်တွေ့လုပ်ဆောင်ရခြင်းပင်ဖြစ်သည်။
ကွန်တမ် မက္ကင်းနစ် သည် ပို၍ ကျယ်ပြန့်ပြီး မူလလက်ဟောင်း မက္ကင်းနစ် နည်းစဉ်များကို အသုံးချသလို အနေအထားအလိုက် ကန့်သတ်မှုများလည်း ရှိပေသည်။ တန်ပြန်သက်ရောက်ခြင်းသဘော (corresponding principle)အရ အရာဝတ္ထု နှစ်ခုတို့အကြား ဆန့်ကျင်ခြင်း ကွဲလွဲခြင်း မရှိသလို အခြေအနေ တစ်ခုကြောင့်ပင် တည်ရှိခြင်းဖြစ်သည်။ ကွန်တမ် မက္ကင်းနစ်သည် မူလလက်ဟောင်း မက္ကင်းနစ် ကို အခြေခံ ကျကျ ကျော်လွန်ပြီး မော်လီကျူလာ သို့မဟုတ် အက်တမ် တို့ကို ရှင်းရာတွင် မရှိမဖြစ်လိုအပ်သည်။ သို့သော် မူလလက်ဟောင်း မက္ကင်းနစ် သည် အကြီးစား ဖြစ်ပျက်ခြင်းများကို ရှင်းလင်းရာတွင် လုံလောက်သကဲ့သို့ ကွန်တမ် မက္ကင်းနစ် ရှင်းလျှင်လည်း မဖြစ်နိုငိသောကြောင့် မူလ လက်ဟောင်းကြီးမှာ ကောင်းကောင်းကြီး အသုံးဝင်လျက်ရှိသည်။
Classical mechanicsသည် ရူပဗေဇနယ်ပယ်၌ မက္ကင်းနစ်၏ အစွဲတစ်ခုဖြစ်သည်။ယင်းနှင့် အပြိုင်မှာ ကွမ်တမ် မက္ကင်းနစ်ဖြစ်သည်။ဂန္တ၀င် မက္ကင်းနစ်သည် အားသက်ရောက်မှုပေါ်၌ ရွေ့လျားကုန်သော ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတို့၏ နိယာမများနှင့်သက်ဆိုင်သည်။အရာဝတ္ထုတို့၏ေ ရွ့လျားခြင်းကို လေ့လာခြင်းသည် ရှေးအကျဆုံး သိပ္ပံ ဘာသာရပ် အင်ဂျင်နီယာနည်းပညာနှင့် နည်းပညာတို့ပင်ဖြစ်ပေသည်။ယင်းအား နယူတန်နီယန် မက္ကင်းနစ်ဟုလည်း သိထားကြသည်။ဂန္တ၀င် မက္ကင်းနစ်သည် အသေးငယ်ဆုံးသော မိုက်ခရိုစကော့ပစ် အရာဝတ္ထုတို့၏ရွေ့လျားမှုမှသည် နက္ခတ္တအရာဝတ္ထုများဖြစ်သော အာကာသယာဉ်၊ကြယ်၊ဂြိုလ်၊ဂလက်ဆီများ ရွေ့လျားမှုများကို လေ့လာသည်အထိပါဝင်သည်။ဂန္တ၀င် မက္ကင်းနစ်သည် အလင်းအလျင်သို့မရောက်ရှိသော အမြန်နှုန်းများကို တိုင်းတာရာ၌ အင်မတန်ထိရောက်ခဲ့သည်။သို့သော် အရာဝတ္ထုသည် အလွန်သေးငယ်လာပြီးအ မှုန်လှိုင်းသဘော ဆောင်လာသည့်အခါကင်းနစ်၏အစွဲ ဖြစ်သော ကွမ်တမ် မက္ကင်းနစ်စနစ်သည် ပါလာခဲ့သည်။
ကွမ်တမ်မက္ကင်းနစ်ကို ကွမ်တမ်မက္ကင်းနစ် သို့မဟုတ် ကွမ်တမ်သီအိုရီ ဟူ၍လည်း ခေါ်ဆိုကြသည်။ ကွမ်တမ်စက်ကွင်းသီအိုရီ သည်လည်း ကွမ်တမ်မက္ကင်းနစ်၏ အစိတ်အပိုင်းဖြစ်သည်။ ကွမ်တမ်မက္ကင်းနစ်သည်ရူပဗေဒ၏ အခြေခံကိုင်းခွဲတစ်ခုဖြစ်ပြီး အက်တမ်နှင့် အက်တမ်အောက်အမှုန်များဖြစ်သည့် ဖိုတွန်၊ အီလက်ထရွန် စသည်တို့နှင့် သက်ဆိုင်သော ဘာသာရပ်ဖြစ်သည်။ ကွမ်တမ်ဖြစ်ရပ်များ ပလန့်ကိန်းသေ(plank's Constant)၏ ဆတိုးကိန်းပြည့်များဖြင့် ဖြစ်ပေါ်ကြောင်း လေ့လာတွေ့ရှိရသည်။ အက်တမ်အောက် အမှုန်လောကတွင် စွမ်းအင်များ ဖလှယ်သည့်အခါ၊ ထုတ်လွှင့်သည်အခါများတွင် စိတ်ကြိုက်ပမာဏဖြင့် ထုတ်လွှတ်ခြင်း မရှိဘဲ ပလန့်ကိန်းသေ၏ ဆတိုးအပြည့်ကန်းဖြစ်သော ပမာဏများဖြင့်သာ ထုတ်လွှင့်သည်။ ၄င်းသည် စွမ်းအင်ကို သတ်မှတ်ထားသည့် ပမာဏများ(Quanta)ဖြင့်သာ ထုတ်လွှတ်သောကြောင့် ကွမ်တမ်မက္ကင်းနစ် (Quantum mechanics)ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ဤသဘောတရားသည် ရှေးရိုးရူပဗေဒ သဘောတရားဖြင့် မည်သို့မှ ရှင်းမပြနိုင်သည့် ကိစ္စဖြစ်သည်။
၁၉၀၀ ခုနှစ်တွင် ဝတ္တုနက်၏ရောင်ခြည်ထုတ်လွှင့်ခြင်း (Black-body radiation) ပြဿ.....နာအပေါ် မက်စ် ပလန့် (Max Plank) ၏ ဖြေရှင်းချက်နှင့်
၁၉၀၅ ခုနှစ်တွင် အဲလ်ဘတ် အိုင်းစတိုင်း၏ အလင်းလျှပ်စစ် အကျိုး (Photoelectric effect)ကို ဖြေရှင်းပေးသည့် ကွမ်တမ်သဘောတရား အခြေပြု သီအိုရီတို့မှ
စတင်၍ ကွမ်တင်မက္ကင်းနစ် ပညာရပ်သည် တဖြည်းဖြည်း ဖွံဖြိုးလာခဲ့သည်။
ကွမ်တမ်မက္ကင်းနစ် ဆိုင်ရာ သီအိုရီများကို အသုံးပြုထားသည့် ထင်ရှားသော ကိစ္စရပ်များမှာ
စူပါလျှပ်ကူးသံလိုက်၊ အလင်းလွှတ်ဒိုင်အုတ် နှင့် လေဆာအလင်း၊ ထရန်စစ်စတာ နှင့် တပိုင်းလျှပ်ကူးပစ္စည်းများဖြစ်သည့် မိုက်ကရိုပရောဆက်ဆာ၊
ဆေးရုံများတွင် အသုံးပြုသည့် MRI ဓာတ်မှန်စက် စသည်တို့ဖြစ်သည်။
ကွမ်တမ်မက္ကင်းနစ် ဆိုင်ရာ သီအိုရီများကို အသုံးပြုထားသည့် ထင်ရှားသော ကိစ္စရပ်များမှာ စူပါလျှပ်ကူးသံလိုက်၊ အလင်းလွှတ်ဒိုင်အုတ် နှင့် လေဆာအလင်း၊
ထရန်စစ်စတာ နှင့် တပိုင်းလျှပ်ကူးပစ္စည်းများဖြစ်သည့် မိုက်ကရိုပရောဆက်ဆာ၊ ဆေးရုံများတွင် အသုံးပြုသည့် MRI ဓာတ်မှန်စက် စသည်တို့ဖြစ်သည်။