Velocity

Aug 6 at 10:00 p.m

အလျင် (velocity)နဲ့ အမြန်နှုန်း (speed)ဟာ ကျောင်းသားတွေ အရောတက်ဆုံး မတ္တာနှစ်ခုပဲ။ အဓိပ္ပါယ်ကို သေချာနားလည်ထားသင့်ပါတယ်။ ထင်သလောက် မရှုပ်ပါဘူး။ အထက်မှာ ပြောခဲ့သလိုပဲ။ အလျင်ဆိုတာ အမြန်နှုန်းပဲ၊ ဒါပေမယ့် ဦးတည်ဖက်ကိုပါ ထည့်စဉ်းစားထားတဲ့ကောင်..။ ဥပမာ တစ်နာရီ မိုင် ၅၀ နှုန်းလို့ မပြောဘဲ အရှေ့ဖက်သို့ တစ်နာရီ မိုင် ၅၀ နှုန်းလို့ ဦးတည်ဖက်ကိုပါ ထည့်ပြောရင် အဲဒီကောင်က အလျင်ဖြစ်သွားပြီး ရိုးရိုးပြောတဲ့ တစ်နာရီ မိုင် ၅၀နှုန်းဆိုတာက speed.. အရှေ့ဖက်သို့ တစ်နာရီ မိုင် ၅၀နှုန်းဆိုတာက velocity... ဟုတ်လား။

speed ဆိုတာက အကွာအဝေးကို ကြာချိန်နဲ့စားတာ။ velocity ဆိုတာကလည်း အကွာအဝေးကို ကြာချိန်နဲ့ စားတာပဲပေါ့။ ဒါပေမယ့် velocity ရဲ့ အကွာအဝေးမှာ ဦးတည်ဖက်သဘောပါရမယ်။ အကွာအဝေး သက်သက်မဟုတ်ဘူး။ ဦးတည်ဖက်ပါတဲ့ အကွာအဝေးဖြစ်ရမယ်။ အဲလို ဦးတည်ဖက်ပါတဲ့ အကွာအဝေးကို အရွေ့ (displacement) လို့ခေါ်တယ်။ ဆိုတော့ speed ဆိုတာ ရိုးရိုးအကွာအဝေး (distance) ကို time နဲ့စားတာ။ velocity ဆိုတာ ဦးတည်ဖက်ပါတဲ့ အရွေ့ (displacement) ကို time နဲ့စားတာပေါ။ သခ်ာၤလိုဆို -

velocity v = displacement / time taken s / t

နောက် ဒီလိုမျိုး မှတ်ထားပေါ့။

velocity = speed + direction

ဒီထိ ရှင်းပါတယ်။ ကျွန်တော်တို့ စိတ်ထဲ ဦးတည်ဖက်ထည့်ပြောတာနဲ့ ဘာကွာမှာမို့လို့လဲ၊ မရှုပ်ရှုပ်အောင် လုပ်နေတယ်လို့ေ တွးကောင်းတွေးမိမယ်။ တကယ်က သဘောတရား၊ အနှစ်သာရမှာ ဘာမှမဆိုင်အောင် ကွာသွားတယ်။ ဘာဖြစ်လို့လဲ..။ ဦးတည်ဖက်ထည့်ပြောတဲ့အတွက် ဒီကောင်တွေက vector တွေဖြစ်သွားတယ်။ ဦးတည်ဖက်မပါတဲ့ ရိုးရိုးအမြန်နှုန်း (speed)က စကေလာ၊ ဦးတည်ဖက်ပါတဲ့ အမြန်နှုန်း အလျင်(velocity) က vector ဖြစ်သွားတယ်။ ဦးတည်ဖက်မပါတဲ့ ရိုးရိုးအကွာအဝေး (distance)က စကေလာ၊ ဦးတည်ဖက်ပါတဲ့ အကွာအဝေး အရွေ့ (displacement)က vector ဖြစ်သွားတယ်။

Related Articles

Popular Posts