What is machine?

Jul 28 at 12:01 p.m

MAနဲ့VRတို့ကိုမရှင်းခင်Machine "စက်"ဆိုတာဘာလည်းလို့အရင်ရှင်းမှဖြစ်မယ်။"စက်"ဆိုတာနဲ့မင်းတို့မျက်စိထဲ ဆန်စက်ကြီးတွေ၊ဆီကြိတ်စက်ကြီးတွေ၊မြေတူးစက်ကြီးတွေ၊ကရိန်းကြီးတွေကိုပြေးမြင်မှာဘဲ။မှန်ပါတယ်...အဲ့တာ Machine "စက်"တွေဘဲ ။နို့..စက်တွေကဘာလုပ်လည်းမေးရင်မင်းတို့ဘယ်လိုဖြေမလည်း။(ဒီလူတော့ခက်တော့တာဘဲ.... ဆန်စက်ကဆန်ကြိတ်တာပေါ့၊မြေတူးစက်ကမြေတူးတာပေါ့လို့တွေးနေပီမဟုတ်လား)ကိုယ်ပြောချင်တာကစက်တစ်ခုချင်းစီရဲ့ Functionကိုပြောာမ ဟုတ်ဘူး။စက်အားလုံးအတွက်အဖြေတစ်ခုလိုချင်တာ။ကိုင်း...မေးခွန်းကိုဒီလိုပြင်မေးလိုက်မယ်။စက်တွေကိုဘာလို့သုံးလည်း။အဲ့တာဆိုရင်တော့မင်းတို့တန်းပြောမှာဘဲ... လူသက်သာလို့...။ဟုတ်တယ်လေ...စက်တွေနေရာမှာလူတွေသာဝင်လုပ်ရရင်ဘယ်သက်သာပါ့မလည်း။ဒါပေမယ့်သေချာေ တွးကြည့်တော့လူသက်သာအောင်သက်သက်လောက်တော့မဟုတ်သေးဘူးကွ။ဆိုပါတော့... အလုပ်တစ်ခုကိုလူတစ်ယောက်လုပ်ဖို့ 20Nလိုတယ်ဆိုပါတော့။အဲ့ဒီအလုပ်ကိုလုပ်ဖို့စက်တစ်ခုထွင်လိုက်တယ်။လူအစားစက်ကလုပ်လို့ရပြီ (လူတော့သက်သာပီပေါ့)ဒါပေမယ့်စက်ကအဲ့ဒီအလုပ်လုပ်ဖို့ 100Nလိုတယ်ဆိုရင်....အဲ့ဒီစက်ကစက်မဟုတ်တော့ဘူး။နောက်တစ်မျိုးပြောကြည့်ဦးးမယ်။

အလုပ်ကဒီအလုပ်ဘဲ(ထွက်လာတယ့်အလုပ်ရလဒ်ကတူတူဘဲ)၊လူကလုပ်ရင်တစ်မနက်နဲ့ပြီးတယ်၊အဲ့စက်ကိုခိုင်းရင်တော့ ၂-ရက်လောက်ကြာမယ်ဆို အဲ့ဒီ့စက်နဲ့ ဘယ်သူကအလုပ်လုပ်တော့မလည်း။ စက်ဘီးဆိုတယ့်စက်ကိုထွင်တာလမ်းလျှောက်တာထက်ခရီးတွင်ချင်လို့။စက်ဘီးစီးသွားရတာလမ်းလျှောက်သွားရတာထက်ပိုပင်ပန်းရင်၊ခရီးမတွင်ဘူးဆိုရင် အဲ့"စက်ဘီး"ဆိုတာကိုထွင်စရာကိုမလိုဘူး။ ပြောချင်တာကတစ်ခွန်းတည်းပါ။စက်ဆိုတာလူနေရာမှာအစားထိုးရုံ၊လူသက်သာရုံသက်သက်မဟုတ်ဘူး....စိုက်ထုတ်ရတယ့်အားပမာဏ(Effort)ကိုလျော့ကျသွားအောင်ထွင်ထားတာ။ တစ်မျိုးလှည့်ပြောရရင်စိုက်ထုတ်ရတယ့်အားကိုဆပွားပေးတာ။အဲ့တာစက်ဘဲ....အဲ့တာစက်အားလုံးရဲ့အဓိကလုပ်ဆောင်ချက်ဘဲ။ပိဿာ-၁၀၀ရှိတယ့်အထုတ်ကြီးကိုလူတစ်ယောက်ကဘာအကူအညီမှမယူဘဲလက်ဗလာနဲ့"မ"ရင်သူ...ပိဿာ-၁၀၀အားထုတ်ရမှာဘဲ။ ဒါပေမယ့်စက်အကူအညီတစ်ခုခုယူပီး"မ"ရင်အဲ့လောက်အားထုတ်စရာမလိုတော့ဘူး။ပိဿာ-၅၀ဘဲအားထုတ်ရမယ်...၁၀ဘဲအားထုတ်ရမယ်....အဲ့လိုဖြစ်အောင်လုပ်ပေးတာစက်ဘဲ။ကိုယ်ကစက်အကူအညီနဲ့ပိဿာ-၅၀အားလေးစိုက်ထုတ်ပီးပိဿာ-၁၀၀ကို"မ"နိုင်တယ်ဆိုရင်.. .ဒါစက်ကကိုယ့်အားကိုနှစ်ဆပွားပေးလိုက်တာပေါ့။နောက်တစ်ခုကစက်ကအားရဲ့ဦးတည်ဖက်ကိုပြောင်းပေးတယ်။ဒါလည်းသူ့ရဲ့အဓိကလုပ်ဆောင်ချက်ဘဲ။ဂီယာအမျိုးမျိုးတွေ၊ချိန်းကြိုးတွေ၊စက်သီးတွေဟာဒီသဘောပေါ့(အားရဲ့ Direction"ဦးတည်ဖက်"ကိုပြောင်းပေးတာပေါ့) အဲ့ဒီနှစ်မျိုးကိုမှလုပ်မပေးရင်သူလုပ်ပေးနေတာ...speedကိုမြန်စေတာ။ဥပမာ-လှော်တက်နဲ့လှေလှော်တားမျိုးပေါ့။(လှော်တက်ကမင်းရဲ့စိုက်အားကိုပွားမပေးဘူး၊ပိုတောင်ပင်ပန်းသေး...ဒါပေမယ့်မင်းရဲ့speedကိုတော့မြန်စေတယ်၊စက်ဘီးနင်းတာလည်းအဲ့ဒီအတိုင်းဘဲ၊speedကိုမြန်ပေးတာ) အဲ့ဒီ၃-မျိုးကိုလုပ်ပေးနိုင်လို့စက်တွေကိုသုံးနေတာ။စက်ကိုထွင်တယ့်ရည်ရွယ်ချက်ကအဲ့တာဘဲ။ မင်းတို့အံ့သြမလားတော့မသိဘူး...ကမ္ဘာပေါ်မှာအဲ့ဒီလုပ်ဆောင်ချက်၃-ခုကို(အားကိုပွားပေးတာ၊အားရဲ့ဦးတည်ဖက်ကိုပြောင်းပေးတာ၊speedကိုမြန်စေတာမျိုးကိုလုပ်ပေးနိုင်တယ့်အရာဝတ္ထု၃ခုဘဲရှိတယ်။(ဒီနေ့ထိလည်းနောက်ထပ်အသစ်ထပ်မတွေ့သေးဘူး) ဆိုတော့ဘယ်လောက်ရှုပ်ထွေးတယ့်စက်ကြီးဖြစ်ပါစေ..အဲ့ဒီအရာ၃မျိုးနဲ့ဘဲတည်ဆောက်ထားရတယ်။ဒါကြောင့်အဲ့ဒီသုံးခုကိုအရိုးရှင်းဆုံးစက်(Simple Machine)လို့ခေါ်ကြတယ်။အဲ့တာတွေက lever,inclined planeနဲ့ pulley(wheel and axel)တွေဘဲ။

Lever (ကုတ်)

ကားတွေ ဘာတွေ နွံထဲနစ်နေရင် ကားဘီးအောက်ကို တုတ်ချောင်းခံ၊ တုတ်ချောင်းအောက်မှာ ကျောက်တုံးခံပြီး ဝိုင်းမကြတာ၊၊ ဒါမှမဟုတ် လေးပင်လှတဲ့အရာဝတ္တုကြီးကို တုတ်တွေသုံးပြီး 'မ' နေတာ။ဘာလို့ တုတ်တွေသုံးတာလဲ။ဒီအတိုင်း 'မ' လို့မရဘူးလား။ရတယ်.. ဒါပေမယ့် တုတ်သုံးပြီး 'မ' ရင် ပိုသက်သာလို့၊၊ အထက်မှာ ပေးခဲ့တဲ့ ဥပမာအတိုင်းပဲ..တုတ်မပါရင် (ကားက ၁၀-တန်ဆို) လူကစိုက်ထုတ်ရမယ့် အားကလည်း ၁၀တန်ပဲ။တုတ်သုံးရင် အဲ့လောက်စိုက်ထုတ်စရာမလိုတော့ဘူး။လူသက်သာသွားတယ်။ တစ်နည်းအားဖြင့် တုတ်က မင်းရဲ့အားကို ဆပွားပေးလိုက်တာပဲ။ အအေးပုလင်းဖောက်တံနဲ့ ပုလင်းဖုံးဖွင့်တာလည်း ဒီသဘောပဲ။တူနဲ့ သံကို ကန့်လန့်ပြီးနှုတ်တာလည်း ဒီသဘောပဲ။(ဖောက်သံတွေ၊တူရွှင်းတွေက မင်းရဲ့အားကို ဆပွားပေးလိုက်တယ်) အဲဒါတွေ အားလုံးဟာ ကုတ်(lever)ပဲ။ ကုတ်က မင်းရဲ့အားကိုဆပွားပေးတယ်၊ စိုက်ထုတ်ရမယ့်အားကို နည်းစေတယ်။ဒါကြောင့် simple machine ပဲ။

ကုတ်ရဲ့အစွမ်းကို ပထမဆုံး စသတိထားမိပြီး လက်တွေ့အသုံးချခဲ့တာကတော့ ရှေးဂရိလူမျိုးတွေပဲ။ လေးလံတဲ့ ကျောက်တုံးကြီးတွေကို မချင်ရွေချင်ရင် လူသက်သက် 'မ' တာထက် ကုတ်ကိုသုံးတာ ပိုသက်သာတယ်ဆိုတာ သိသွားကြတယ်။တုတ်သံရှည်လေလေ စိုက်ထုတ်ရမယ့်အားကလည်း နည်းလေလေ (အားကိုဆပွားနိုင်လေလေ)ဆိုတာကို သိခဲ့ကြတယ်။ကုတ်အကြောင်းကို သချာင်္ နည်းအရ ကျကျနနပြောခဲ့၊ ရှင်းပြခဲ့သူက အာခိမီးစ်ဒီးစ် ဆိုတဲ့ သချာင်္ပညာရှင်ပေါ့။တကယ်တော်ပါတယ်။ သူ့ရဲ့ 'ကျုပ်ကို ကမ္ဘာကြီးအပြင်ဘက်မှာ ရပ်စရာတစ်နေရာသာ ပေးပါ။ ကမ္ဘာကြီးကို ကုတ်နဲ့ ကော်ထုတ်ပြပါ့မယ်' ဆိုတဲ့စကားဟာ ကမ္ဘာကျော်ပေါ့ကွာ။(အင်း..သချာင်္နည်းအရ (သီအိုရီအရ) မဖြစ်နိုင်စရာမရှိဘူး.. ဒါပေမယ့် သူ့ရဲ့တုတ်ကတော့ တော်တော် ရှည်ရလိမ့်မယ်။ ကိုယ့်တို့နေစကြာဝဠာကို ကျော်သွားလောက်တယ်)။ ကလေးတွေဆော့တဲ့ စီးစော ကအစ ကပ်ကြေး၊နွားစားစဉ်းခုံ၊ဇာဂနာ၊ လက်တွန်းလှည်းအဆုံး..ကိုယ်တို့ရဲ့ နေစဉ်သုံး ပစ္စည်းတော်တော်များများမှာ အဲ့ဒီ ရိရှင်းထိရောက်လှတဲ့ ကုတ်ဆိုတဲ့ စက်သဘောကို သုံးထားတာပေါ့။ ဖတ်စာအုပ်မှာတော့ သံတူရွင်း crowbar ကို ဥပမာပေးထားတယ်။

Inclined plane

မင်းတို့မြင်ဖူးမှာပါ။ ဆီပေပါ တွေတာတွေကိုကားပေါ်တင်တော့ ကားနောက်မှာ ပျဉ်ချပ်ခင်းပြီး ဆီပေပါတွေကိုအဲဒီ ပျဉ်ချပ်အတိုင်း လှိမ့်လှိမ့်ပြီးတင်သွားတာ။ ဘယ့်နဲ့ကြောင့် လှိမ့်တင်နေရတာတုန်း၊ ပျဉ်ပြားမခင်းပဲ ' မ 'တင်ရင်ပို မြန်တာပေါ့ .. ဟုတ်လား။ အဖြေကိုမင်းတို့လဲသိပါတယ်။ ပိုသက်သာလို့ပေါ့။ 'မ' တင်ရင်အားအပြည့်သုံးရမယ်။ လှိမ့်တင်ရင် စိုက်ထုတ်ရမယ့်အားက နည်းမယ်။ (အလုပ်ကတော့အတူတူပဲ၊ ဒီဆီပေပါ ကားပေါ်ရောက်သွားချင်း အတူတူပဲ) ဒါပေမဲ့ ပျဉ်ချပ်ကစိုက်ထုတ်ရမယ့်အားကို လျော့စေတယ်။ တစ်နည်းပြောရရင် မင်းရဲ့အားကိုပွားပေးတယ်ပေါ့ကွာ။ အဲဒီ့ပျဉ်ချပ်ဆိုတာ inclined plain ပဲ။ အဲဒီ inclined plain ဟာ မင်းရဲ့စိုက်အားကို လျော့နည်းစေတယ်၊ မင်းရဲ့အားကိုပွားစေတယ်။ ဒါကြောင့် simple machine ပဲ။ ( inclined plain ဟာ အစောဆုံးအသုံးချနိုင်ခဲ့တဲ့ simple machine ပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော် အီဂျစ်တွေ ပိရမစ်တွေ ဆောက်တော့ ကျောက်တုံးကြီးတွေ အပေါ်တင်ဖို့ inclined plain သဘောကို သုံးခဲ့တယ်) အထက်ကပြောတဲ့ inclined plain က အဖြောင့်ပေါ့။ အဖြောင့်မဟုတ်ပဲလမ်းကြောင်းကို ကြောင်အိမ်လှေကားပုံစံကောက် ကွေ့လိုက်ရင်လည်း အဲဒါ inclined plain ပဲ။ အဲလို inclined plain မျိုးကို မင်းတို့ အများ ကြီးမြင်ဖူးပါတယ်။ ဝက်အူ (screw) အမျိုးမျိုးပေါ့။ ထုံးစံအတိုင်း အဲဒီ့ screw တွေကို စသုံးတာလဲဂရိတွေပဲ။ အားခီမီးစ်ဒိစ်ကြီးကလည်း အဲဒီ inclined plain သဘောကို သုံးပြီး ရေတင်စက် ထွင်ခဲ့သေးတယ်။ကားဘီးတွေဘာတွေလဲချင်ရင် ကားကို ' မ ' ဖို့သုံးတဲ့ screw jack ဆိုတာလည်းဒီသဘောကိုသုံးထားတဲ့၊ ထင်ရှားတဲ့ ပစ္စည်းပေါ့။ မင်းအသာလေးလှည့်ပေးရုံနဲ့ ကားတစ်စီးလုံးကို 'မ' လို့ရတယ်။ အဲဒီကောင်ကိုသာမသုံးရင် မင်း စိုက်ထုတ်လိုက်တဲ့အားက ကားရဲ့အလေးချိန်တိုင်းပဲ။ ကားက ၁၀- တန်လေးရင်၊ မင်းကလည်း၁၀-တန်အားနဲ့ 'မ'မှ ကားကကြွမှာ။ ဒီလောက်ဆို screw ဆိုတဲ့ inclined plain ရဲ့ အစွမ်းကိုသဘောပေါက်။ နောက်ထပ် inclined plain တစ်မျိုးရှိသေးတယ်။ စို့(wedge) လို့ ခေါ်တယ်။ အထင်ရှားပြရရင်ပုဆိန်ပေါ့ကွာ။ အနားသွားတွေက အသွားဖက်မှာ ပါးပါး၊ တဖြည်းဖြည်းနဲ့ထူလာတယ်။ (အဲဒါကြောင့် double inclined plain လို့လည်းခေါ်တယ်) ဒါ inclined plain ရဲ့ သဘောကို သုံးထားတာ။ wedge တွေရဲ့ ထူးခြားချက်က အားကို ဘေး ဖက်ကို ဖြန့်ထုတ်ပေးတာပဲ။ ရှေးတုန်းက သစ်သားစို့တွေကို ကျောက်တုံးတွေဘာတွေခွဲတဲ့နေရာမှာ သုံးခဲ့တယ်။ ကျောက်တုံးအက်ကွဲကြောင်းထဲကို စို့ရိုက်ထည့်ပြီး ကျောက်တုံးကိုခွဲတာ (ရိုးရိုးသစ်သားစရိုက်ထည့်ပြီး ခွဲတာ ထက်) ပိုသက်သာတယ်ဆိုတာ သိခဲ့ကြတယ်လေ။

Pulley
(wheel and axle)

မင်းတို့စက်​သီး(pulley)နဲ့ ​ရေငင်​တာ​တွေ့ဖူးတယ်​မဟုတ်​လား။စက်​သီး မသုံးဘဲ ကြိုးနဲ့ဒီအတိုင်းဆွဲတင်​လို့လဲရတာပဲ... ဘာလို့စက်​သီးကိုသုံးရတာလဲ။(စက်​သီးသုံးမယ်​ဆို စက်​သီးအတွက်​ တိုင်​​တွေဘာ​တွေလုပ်​​ပေးရတာ အလုပ်​​တောင်​ပိုရှုပ်​​သေး)အ​ဖြေက​တော့ဒီအတိုင်းပါပဲ... စက်​သီးနဲ့ဆိုပိုသက်​သာလို့...စိုက်​ထုတ်​ရတဲ့အားကိုနည်း​စေလို့၊(တိတိကျကျ​ပြောရရင်​ စက်​သီးနဲ့​ရေငင်​တဲ့ ဥပမာမှာ စက်​သီးက အားကိုပွား​မ​ပေးဖူး။ရေပုံးက ၁၀ပိဿာဆို မင်းကလည်း ၁၀ပိဿာအားနဲ့မရမှာ။ ဘာလို့လူကိုသက်​သာ​စေတာလဲဆိုရင်​ " မ" ရတာထက်​စာရင်​ "ဆွဲ" ရတာက ပိုအဆင်​​ပြေလို့။ပြီး​တော့ 'မ ' ရင်​ မင်းခန္ဓာကိုယ်​အ​လေးချိန်​ကိုပါ ပြန်​ပြီး againstလုပ်​​နေရလို့...ဒါ​ပေမယ့်​ pulley​တွေကို၂လုံး၊၃လုံး ဆင့်​သုံးရင်​​တော့ သုံးသ​လောက်​သက်​သာတယ်​၊မင်းရဲ့အားကို၂ဆပွား​စေတယ်​။(100N၀န်​ကို 50Nအားနဲ့မနိုင်​မယ်​)ပစ္စည်းကြီး​တွေကို မ တင်​တဲ့ ကရိန်း​တွေကို ဒီသ​ဘောနဲ့ တည်​​ဆောက်​ထားတာ​ပေါ့။ဒီလိုpulley​တွေအများကြီးသုံးတာကို (block and tackel system)လို့​ခေါ်တယ်​။ မင်းရဲ့စိုက်​အားကိုနည်း​စေလို့၊ တစ်​နည်းအားဖြင့်​မင်းရဲ့အားကိုဆပွား​ပေးလို့ pulleyဆိုတာ simple machine။နောက်​pulleyရဲ့ထင်​ရှားတဲ့ ဂုဏ်​သတ္တိက အားရဲ့directionကို​ပြောင်း​ပေးတာပဲ။ရေငင်​တာပြဲကည့်​...ကိုယ်​က ​ရေပုံးကိုအ​ပေါ်တက်​​စေချင်​​တော့ အားကို​အောက်​ကိုဆွဲချရတယ်​။ ၀န်​ရိုးနဲ့အ​သေတပ်​ထားတဲ့ဘီး(wheel and axle)ကလည်း မင်းရဲ့စိုက်​အားကို​လျော့ကျ​စေတယ်​။အထင်​ရှားဆုံးဥပမာက​တော့ ကားစတီယာတိုင်​ပဲ။ လက်​ကိုင်​ဘီးသာမရှိရင်​(အဲ့​လောက်​သွားဖို့)မင်းစိုက်​ထုတ်​ရတဲ့အားကလည်းများမယ်​။လက်​ကိုင်​ဘီးပါ​တော့စိုက်​ထုတ်​ရတဲ့အား နည်းသွားတာ​ပေါ့။ဒါ​တောင်​လက်​ကိုင်​ဘီးက ​သေး​သေး​လေးဆို လှည့်​ရတာ (ဘီးအကြီးထက်​စာရင်​)ပိုပင်​ပန်းတယ်​...ဟုတ်​လား။ဒါ​ကြောင့်​ wheel and axleဟာလည်း simple machineပဲ။ ဒီလိုထိ​ရောက်​အသုံးဝင်​လွန်းလို့ ဒီသ​ဘောတရား​တွေဟာ စက်​တိုင်းရဲ့ အ​ခြေခံသ​ဘောတရား​တွေ၊အ​ခြေခံယူနစ်​​တွေဖြစ်​လာခဲ့တယ်​။ ဘယ်​​လောက်​ရှုပ်​​ထွေးတဲ့စက်​မဆို၊ဒီ​ကောင်​​တွေနဲ့ပဲတည်​​ဆောက်​ထားရတယ်​။ဒါဆိုမင်းတို့စိတ်​ထဲမှာ ​မေးခွန်းတစ်​ခု​လောက်​များ​ပေါ်မလာဖူးလား။ simple machine​တွေဟာဟဘယ်​လိုများထိ​ရောက်​​အောင်​လုပ်​​ပေးနိုင်​ပါလိမ့်​။စာဆန်​ဆန်​​မေးရင်​ simple machine​တွေက ကိုယ်​တို့စိုက်​ထုတ်​ရမယ့်​အား​တွေကို ဘယ်​လိုပွား​ပေးလိုက်​တာလဲ။ဘယ်​လိုနည်း​စေသလဲ။

MA,VR

စက်(simple machine) ဆိုတာ စိုက်အား (effort) ကိုလျော့နည်းစေတာ၊စိုက်အားကို ဆပွားပေးတယ်လို့ ပြောခဲ့တယ်နော်။ဘယ်လောက် လျော့စေသလဲ၊ဘယ်လောက်ပွားပေးသလဲဆိုတာ အဲ့ဒီစက်ရဲ့ အစွမ်းသတ္တိပဲ။အဲ့ဒီအစွမ်းသတ္တိကို 'စက်ရဲ့သာရည်' (mechanical advantage MA)လိုခေါ်တယ်။ ဆိုပါစို့။...မင်းက simple machine တစ်ခုကို သုံးပြီး 100N လေးတဲ့ ဝန်(load)တစ်ခုကို 'မ' လိုက်တာ 50N အားပဲ စိုက်ထုတ်လိုက်ရတယ်ဆိုရင် ဒါ အဲ့ဒီစက်က မင်းရဲ့အားကို ၂ဆ ပွားပေးလိုက်တာပါ။တစ်နည်းအားဖြင့် အဲဒီစက်ရဲ့ MA က 2 ပါ။စက်တစ်ခုရဲ့ MA က 5 လို့ဆိုရင် အဲ့ဒါမင်းရဲ့အားကို ၅ဆ ပွားပေးမယ်လို့ ပြောတာ။ မင်း ငါးပုံတစ်ပုံ သက်သာမယ်ပေါ့။ဒါဆို သချာင်္ နည်းပညာအရ စက်ရဲ့ MA ဆိုတာ(effort ကို ဘယ်လောက် လျော့နည်းသက်သာစေမလဲဆိုတာ) ဝန်(load) နဲ့ စိုက်အား(effort) တို့ရဲ့ အချိုးပါ။ equation အနေနဲ့ရေးရင် MA = load / effort ပေါ့။

The mechanical advantage of a machine is defined as the ratio of a load to an effort.
စက်တစ်ခု၏သာရည်ဆိုသည်မှာ 'မ' ရမည့်ဝန်နှင့် (ထိုသို့မတင်ရန်) စိုက်ထုတ်လိုက်ရသောအားတို့၏ အချိုးအဆပင် ဖြစ်သည်။

ဒါပေမယ့် အဲ့လို [100N(load) ကို 50N(effort)အားနဲ့ မ နိုင်လို့ ဒီစက်ရဲ့ MA က ၂ပဲ ၊ငါရဲ့အားကို ၂ဆ ပွားပေးတာပဲဆိုပြီး] တွက်လို့ရတဲ့ MA က စက်ရဲ့ တကယ့် MA မဟုတ်ဘူး။လွယ်လွယ်ပြောရရင် စက်ကထုတ်ပေးနိုင်တဲ့ MA အပြည့်မဟုတ်ဘူး။စက်ကသာ 100% အပြည့်ထုတ်ပေးနိုင်ရင် အဲ့ဒီစက်ရဲ့ MA က ၂တင်မကဘူး။ ၃ ဖြစ်ချင်ဖြစ်မယ်။၎ ဖြစ်ချင်ဖြစ်မယ်။ ၂တော့ မကဘူး။ သေချာတယ်။ ပီးတော့ မှတ်ထားပါ။ ဘယ်စက်မှ ၁၀၀% အပြည့် ထုတ်မပေးနိုင်ဘူး...ဘာလို့လဲဆိုတော့ friction ကြောင့်ပဲ။ friction ဆိုတာ မျက်နှာပြင်နှစ်ခု ပွတ်တိုက်မိရင် ဖြစ်လာတဲ့ ပွတ်မှုအားကိုခေါ်တာ။ ဒီအားများရင် စက်ရဲ့စွမ်းရည်က ပိုပြီးနည်းသွားတာ၊ကျသွားတယ်။ ဥပမာ - သံချေးတက်နေတဲ့ စက်သီး(pulley) နဲ့ရေငင်ရင် မင်းပိုပင်ပန်းမယ်။ အဲ့ဒီ pully ရဲ့ MAက နည်းတယ်၊ညံတယ်ပေါ့။ သံချေးတင်တယ်ဆိုတာ မျက်နှာပြင်နှစ်ခုကြား ပွတ်အား(friction)တွေများလာတာ။ ဒါကြောင့် သူတစ်ကယ်ရှိရမယ့် MA ထက်အများကြီးနည်းသွားတယ်။ ဒါက မြင်သာအောင်ပြတာ။ တကယ်က သံချေးမတက်လည်း friction က တော့ရှိနေမှာပဲ။သံချေးတက်တော့ ပိုများလာတာပေါ့။
စက်အားလုံးမှာ အဲ့လို friction တွေ၊ဆုံးရှုံးမှုတွေ ရှိတယ်၊၊ဒါကြောင့် စက်တွေဟာ လက်တွေ့အခြေအနေမှာ ဘယ်အခါပဲဖြစ်ဖြစ် (100%) အပြည့် ထုတ်မပေးနိုင်ဘူး။ဘယ်လောက်ကောင်းတဲ့ စက်ပဲဖြစ်ဖြစ် တွက်လို့ရတဲ့ MA ဟာ သူရဲ့မူလအပြည့်ထုတ်ပေးနိုင်တဲ့ MA ထက်တော့နည်းမှာချည်းပဲ။

Efficiency

စက်တွေက friction ကြောင့် သူ့စွမ်းအားကို အပြည့်မထုတ်နိုင်တဲ့အကြောင်း ပြောခဲ့တယ်နော်။ အဲ့ဒီမှာ စကားလုံးတစ်လုံး ဝင်လာတယ်။ efficiency တဲ့။ စွမ်းဆောင်ရည်လို့ အဓိပ္ပါယ်ရတယ်။ ဒီစကားလုံးဟာလဲ work နဲ့ ပတ်သက်ရင် power လိုဘဲ အရေးပါတဲ့ စကားလုံးတစ်ခု၊ အတိုင်းအတာတစ်ခုပဲ။ မင်း power ကိုသိရင် အဲ့ဒီစက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို ခန့်မှန်းလို့ရတယ်။ အဲ့ဒါနဲ့တင် မပြည့်စုံသေးဘူး။ အဲ့ဒီစက်ရဲ့ efficiency ကိုလဲ သိဖို့လိုတယ်။ စောစောက pulley ကိုဘဲ ပြတ်ကြည့်ရအောင်။ သံချေးတက်နေတဲ့ pulley က မင်းကို အရင်ကထက် ၂-ဆ ပိုပင်ပန်းစေတယ်ဆိုပါစို့ ... ဒါဆို အဲ့ဒီ pulley ရဲ့ efficiency က အရင်ရှိတာထက် တစ်ဝက်ကျသွားတဲ့ သဘောပဲ။ အကောင်းတုန်းက 0.8 ဆို အခု 0.4 ပေါ့။ အဲ့ဒီ pulley နှစ်ခု ဘယ်ဟာကိုရွေးမလဲဆို အကောင်းကိုဘဲရွေးမှာပဲ။ ဟိုကောင်ရဲ့ efficiency ကနည်းလို့။ ညံ့လို့ ... ဟုတ်လား။ ဆိုတော့ efficiency ဆိုတာ စက်တစ်ခုရဲ့ ထွက်လညမယ့် အလုပ်ရလဒ်ကို ပြောနိုင်ရင် ကောင်းတာပေါ့။ (power ဘယ်လောက်ကောင်းကောင်း efficiency နည်းရင်ညံ့ရင် တယ်အလုပ်တွင်မှာ မဟုတ်ဘူး။

ဆိုတော့ efficiency ဆိုတာ လက်တွေ့ထွက်လာတဲ့ အလုပ်ရလဒ် ( Actual MA )နဲ့ (friction မရှိရင်ဖြစ်လာမယ့်) 100% နှုန်းထုတ်ပေးနိုင်တဲ့ စံရလဒ် (Ideal MA)တို့ရဲ့ကွာဟချက်အချိုးအဆစ် နောက်တစ်မျိုး ပြောရရင် MA နဲ့ VR တို့ရဲ့ အချိုးအဆပဲ။ ဒါကြောင့်သင်္ချာလိုဆို -
အဲ့ဒီအဓိပ္ပာယ်တိုင်းဆို နောက်တစ်မျိုးပြောလို့ရသေးတယ်။ လက်တွေ့ထွက်လာမယ့်အလုပ်ရလဒ် output work နဲ့ စံအလုပ်ရလဒ် input work တို့ရဲ့ အချိုးအဆလို့လည်း ပြောလို့ရတယ်။
The ration of output work to input work is defined as the efficiency of the machine.
စက်တစ်ခု၏ စွမ်းဆောင်ရည်ဆိုသည်မှာ output work နှင့် input work တို့၏ အချိုးအဆပင်ဖြစ်သည်။ .

လက်တွေ့ဖြစ်လာတဲ့အလုပ် (output work)ဆိုတာ စက်ကြောင့် ဝန်ပစ္စည်းမှာ ဖြစ်လာတဲ့ အလုပ့်ရလဒ်။ တနည်းအားဖြင့် ဝန်ပစ္စည်း တကယ်ရွေ့သွားလို့ ဖြစ်လာတဲ့အလုပ်။
The work done on the load by the machine is called output work.

စံအလုပ် (input work)ဆိုတာ စိုက်အားကြောင့် (စက်မှာ ဖြစ်လာတဲ့)အလုပ်။ (ဝန်ပစ္စည်းနဲ့ မဆိုင်ဘူး)
The work done on the machine by the effort is called input work.

Related Articles

Popular Posts