Thermal Expansion of substances

Aug 7 at 9:46 p.m

ကိုင်းဒီ​လောက်​ဆို အပူချိန်​​အ​ကြောင်း စုံစမ်း​လောက်​ပြီ။နောက်​ထပ်​အ​ရေးကြီးတဲ့အ​ကြောင်းဆက်​သွားရ​အောင်​။ အ​ရှေ့မှာတုံးကလည်း​ပြောခဲ့တယ်​။အပူဟာ အရာဝတ္ထု​တွေ​အတွက်​အ​ရေးပါတယ်​ ဂုဏ်​ အဂါင်္တစ်​ရပ်​လို့။ဒီ့ထက်​ပိုပြီးထင်​ရှားတဲ့တစ်​ချက်​က အပူ​ကြောင့်​အရာဝတ္ထု​တွေရဲ့ ဂုဏ်​သတ္တိ​တွေ​ပြောင်းသွားနိုင်​တာပဲ။အထင်​ရှားဆုံးက​တော့ အပူချိန်​မြင့်​လာတဲ့အခါအဲ့ဒီအရာဝတ္ထ​တွေဟာ အလျားရှည်​တယ်​(linear expansion)ဖြစ်​လာတယ်​။ထုထည်​အားဖြင့်​လည်းကြီးလာတယ်​(volume expansion)လည်းဖြစ်​လာတယ်​။အရပ်​​ပြော​ပြောရရင်​ ပွလာတယ်​​ပေါ့ကွာ။ပူရင်​ပွတယ်​​ပေါ့ကွာ။ဘယ်​​လောက်​အပူချိန်​တိုးရင်​ ဘယ်​​လောက်​ရှည်​လာမယ်​၊ဘယ်​​လောက်​ကျယ်​လာမယ်​၊ဘယ်​​လောက်​ကြီးလာမယ်​ဆိုတာ တစ်​ခုခုနဲ့မတူနိုင်​​တောဘဖူး​ပေါ့။ဒါ​ပေမယ့်​ အရာဝတ္ထုတစ်​ခု အပူချိန်​တိုးလာရင်​ ဘယ်​​လောက်​ရှည်​လာမယ်​၊ဘယ်​​လောက်​ကျယ်​လာမယ်​၊ဘယ်​​လောက်​ကြီးလာ မယ်​ဆိုတာသင်္ချာနည်းနဲ့အတိအကျတွက်​လို့ရတယ်​။သင်္ချာ အီ​ကွေးရှင်း​တွေမ​ပြောခင်​ ပူရင်​ပွလာတယ်​ဆိုတဲ့အ​ကြောင်းနဲ့ပတ်​သတ်​လို့ တစ်​ခုနှစ်​ခု​လောက်​​ပြောပြချင်​တယ်​။

Increasing in Volume and Decreasing in Density
(ထုထည်​များလာ၍သိပ်​သည်းဆနည်းသွားခြင်း)

တစ်​ခုကအပူချိန်​တိုးလာတဲ့အခါ ထုထည်​ပွလာတယ်​ဆိ့​ပြောခဲ့တယ်​​နော်​။အဲ့ဒီမှာ ထုထည်​(volume)ကသာပွလာတာ၊ massကမ​ပြောင်းဖူး။နဂို10kgဆို အပူချိန်​တိုးလည်း10kgပဲ။ပြောင်းမသွားဖူး၊​ပြောင်းလို့မရဖူး။(mass​ပြောင်းချင်​ရင်​ အဲ့အရာဝတ္ထုကိုဖဲ့ယူမှပဲရမယ်​)ထား​တော့..​ပြောချင်​တာကvolumeတိုးလာတယ်​၊massမ​ပြောင်းချင်​ဖူးဆိုရင်​ ρ =m/vဆိုတဲ့အီ​ကွေးရှင်းအရ သိပ်​သည်းဆpဟာ ကျသွားရမယ်​ နည်းသွားရမယ်​။ဒါ​ကြောင့်​ အပူချိန်​နဲ့ သိပ်​သည်းဆတို့ဟာ​ပြောင်းပြန်​ပတ်​သတ်​တယ်​၊​ပြောင်းပြန်​အချိုးကျတယ်​ (အပူချိန်​များရင်​ သိပ်​သည်းဆနည်းမယ်​)။ဒါ​ပေမယ့်​ အပူချိန်​နဲ့ထုထည်​က တိုက်​ရိုက်​အချိုးကျတယ်​(အပူချိန်​တိုးရင်​ ထုထည်​လည်းလိုက်​တိုးတယ်​)။

Related Articles