ကော်ဖီပူပူလေးတစ်ခွက်ဟာ တော်တော်ကြာလာရင် အေးလာတာကို တွေ့ဖူးတယ်မဟုတ်လား။ အေးစက်နေတဲ့ အအေးပုလင်းဟာလည်း
ကြာရင် အအေးလျော့လျော့လာတာကိုလည်း သတိထားမိတယ်မဟုတ်လား။ ဒါတွေကို မြင်ရင် မင်းတို့လည်း ရိပ်မိမှာပဲ။ အပူဟာ တစ်နေရာကနေ တစ်နေရာ
(ပစ္စည်းတစ်ခုကနေ တစ်ခုဆီ) ကူးပြောင်းသွားတယ်ဆိုတာ.. ။တိတိကျကျပြောရင် ပိုပြီးပိုတဲ့ (အပူချိန်ပိုမြင့်တဲ့)အရာဝတ္ထု ကနေ ပိုပြီးအေးတဲ့(အပူချိန်ပိုနိမ့်တဲ့)
ရာဝတ္ထုဆီကို ကူးပြောင်းသွားတယ်။ဟုတ်တယ်မဟုတ်လား။ ပူနေတဲ့ ကော်ဖီခွက်ဟာ ပိုပိုပြီးပူလာတယ်လို့မှ မရှိတာ။ အဓိပ္ပာယ်က (ပတ်ဝန်းကျင်အခန်းထက်)
အပူချိန်မြင်တဲ့ ကော်ဖီခွက်ရဲ့ အပူကပဲ အပူချိန်နိမ့်တဲ့ ပတ်ဝန်းကျင်ကို ကူးပြောင်းသွားတယ်။ အခန်းရဲ့အပူက ကော်ဖီခွက်ဆီစီးကူးလာတယ်လို့ မှ မရှိတာ။ အအေးပုလင်းမှာလည်း ဒ
ီတိုင်းပဲ။ မြင့်တဲ့ပတ်ဝန်းကျင်က အပူတွေကပဲ နိမ့်တဲ့အအေးပုလင်းဆီကိုလာတယ်။ ဟုတ်လား...။နောက်ထက်နည်းနည်းထပ်စဉ်းစားကြည့်ရအောင်။ ေ
က်ာဖီခွက်က အေးအေးလာတော့ဟုတ်ပါတယ်။ ဘယ်လောက်ထိအေးမှာလဲ။
ရေခဲတုံးဖြစ်သွားအောင် အေးမှာလား..။ အဲ့လိုလည်း မဟုတ်ဘူးဆိုတာ ကျွန်တော်တို့လည်းသိပါတယ်။ ဒါကို ကြည့်ပြီး ကျွန်တော်တို့လည်း ရိပ်မိမှာပဲ။
အပူစီးကူးမှုဟာ အမြဲမဖြစ်ဖူး။တစ်ချိန်ချိန်မှာ ရပ်သွားတယ်ဆိုတာ....။
ဘယ်အချိန်မှာရပ်သွားမှာလဲ။စဉ်းစားကြည့်ရင် ရပါတယ်။စောစောကကော်ဖီခွက်ကိုပဲ ကြည့်....
သူ့ရဲ့အပူဟာ ပတ်ဝန်းကျင်က အပူချိန်နဲ့ ညီသွားတဲ့အချိန်မှာ ရပ်သွားမှာပဲ။တစ်နည်းအားဖြင့်သူ့ရဲ့အပူချိန် ပတ်ဝန်းကျင်ရဲ့အပူချိန်နဲ့မတူမခြင်း
အပူကူးနေမှာပဲ။ကဲဒါဆိုအပူစီးကူးမှုနဲ့ပတ်သတ်လို့ မင်းတို့ကောက်ချက်နှစ်ချက်ချလို့ ပြီး
၁။အပူဟာ အပူချိန်မြင့်တဲ့ဆီကနေ အပူချိန်နိမ့်တဲ့ဆီကူးသွားတယ်။
၂။အဲ့လိုကူးတာလည်း အပူချိန်ခြားနားချက်မရှိရင်(အရာဝတ္ထု၂နှစ်ခုရဲ့အပူချိန်တွေ တူသွားရင်)ရပ်သွားမယ်။
(အလွယ်ဆုံးဥပမာပေးရရင် ရေစီးသလိုပေါ့။အမြင့်ကနေအနိမ့်ကိုစီးမယ်၊ levelညီသွားရင် ရေစီးတာရပ်သွားလိမ့်မယ်။ )
ကောင်းပြီး။အရာဝတ္ထုတွေက အဲ့ဒီအပူဆိုတဲ့ဂုဏ်သတ္တိကိုဘယ်လိုပုံစံနေတွေနဲ့ ကူးပြောင်းပေးတာလဲ။ကူးပြောင်းတဲ့နည်း(transfer of heat)သုံးနည်းရှိတယ်။Conduction,Convection,Radiationတဲ့။