အဲ့လိုပြောတော့ ကျွန်တော်တို့ကမေးမယ်၊ ရေခဲဆိုတာ သုညအပူချိန် (zero temperature) မဟုတ်ဘူးလားလို့.. ။ မဟုတ်ဘူးကွ.. သူ့မှာလည်း အပူချိန်ရှိတယ်။ ကျွန်တော်တို့စိတ်ထဲ ဒီလောက်အေးစက်နေတာကြီးကို ဘယ်လို အပူချိန်ရှိသလဲလို့ ဇဝေဇဝါဖြစ်သွားနိုင်တယ်။ အမှန်က စကားလုံးကြောင့် နားလည်မှုတွေ လွဲကုန်တာ။ အပူချိန်ဆိုတော့ ကျွန်တော်တို့စိတ်ထဲမှာ အပူရှိမှ၊ ပူနေမှလို့ ထင်လိုက်ကြတယ်။ မပူရင် အေးနေရင် အပူချိန်မရှိဘူးလို့ ထင်တက်ကြတယ်။ နာမည်ကိုက အပူချိန်ကိုး၊ အအေးချိန်မှမဟုတ်တာ။ အဲဒီမှာ နားလည်မှုလွဲကုန်တာ။ အမှန်က ပူတာပဲဖြစ်ဖြစ်၊ အေးတာပဲဖြစ်ဖြစ် 'အပူ' ကိုပြောနေတာ။ တစ်နည်းအားဖြင့် ပူတယ်အေးတယ်ဆိုတာ ဘယ်လောက်ပူသလဲဆိုတဲ့ ဒီဂရီအတိုင်းအဆကို ပြောနေတာ။ အပူဆိုတဲ့ပြဒါးတိုင်ရဲ့ အနိမ့်အမြင့်ပမာဏကို ပြောနေတာ။ နည်းနည်းပဲပူတယ်ဆိုတယ်ဆိုရင် အေးတဲ့ဖက်ကို ရောက်သွားတာပေါ့။ များများပူတယ်ဆိုရင် ပူတဲ့ဖက်ကို ရောက်သွားတာပေါ့။ အနိမ့်အမြင့်လိုပေါ့။ နိမ့်တယ်ပဲ ပြောပြော၊ မြင့်တယ်ပဲပြောပြော အဲဒါ အကွာအဝေးကို ပြောနေတာ။ အကွာအဝေးက နည်းနည်းလေးဆို နိမ့်တယ်ပေါ့။ အကွာအဝေးများတယ်ဆို မြင့်တယ်ပေါ့။ နိမ့်တယ်ဆိုတာနဲ့ အကွာအဝေးမရှိဘူးလို့ ပြောတာမဟုတ်ဘူးလေ။ ဒါကြောင့် ပူတာပဲပြောပြော၊ေ အးတယ်ပဲပြောပြော အဲဒါ ဘယ်လောက်ပူသလဲဆိုတဲ့ အတိုငအဆပမာဏကို ပြောနေတာ၊ အေးတယ်ဆိုတာနဲ့ အပူမရှိဘူးလို့ပြောတာမဟုတ်ဘူး။
အပူနဲ့ပတ်သတ်ရင် အဲ့ဒီအပူ(heat)နဲ့အပူချိန်(temperature)ဆိုတာ ကိုယ်တို့ နားလည်အလွယ်ဆုံးနှစ်ခုပဲ၊အပူနဲ့အပူချိန်ကို အတူတူပဲလို့ထင်ကြတယ်။မဟုတ်ဖူးကွာ။သိပ္ပံသဘောအရ အပူနဲ့အပူချိန်မတူဖူး။ပူလိုက်တာ အေးလိုက်တာ(hotတယ်coldဆိုတယ်တာ) အပူချိန်ကိုပြောနေတာ။ဒီရေကအေးလိုက်တာ ဒီကောင်တော်တော်ပူနေတယ်...စသည်ဖြင့်ပေါ့လေ၊အရပ်ထဲမှာပြောနေတဲ့ ဒီလိုစကားတွေဟာ အပူချိန့်temperatureကိုပြောနေတာ။အပူ(heat)ကိုပြောနေတာမဟုတ်ဖူး၊ဘယ့်နှယ် ရှုပ်သွားလား။အပူချိန် (temperature)ဆိုတာဘယ်လောက်ပူသလဲ ဆိုတဲ့ ပူခြင်း၊အေးခြင်းအဆင့်(degree of hotness and coldness)ကိုပြောတာ။ အပူ(heat)ဆိုတာ အပူစွမ်းအင်ပမာဏ(amount of heat energy)ကိုပြောတာ။နောက်တစ်မျိုးပြောရရင်temperatureဆိုတာ အပူပါပမာဏအနည်းအများ တစ်နည်းအားဖြင့်ပြင်းအား(consentration of heat energy)ကိုပြောတာ။
အရာဝတ္ထုတစ်ခုမှာရှိတဲ့အပူပမာဏများနေတယ်ဆိုရင်သူ့ရဲ့ပါဝင်တဲ့အမျိုးအစားက ပြင်းအားအချိုးအစားက ပြင်းတယ်များတယ်။အပူချိန်မြင့်တယ်ဆိုတော့၊ ဥပမာရေတစ်ပိဿာထဲမှာ အပူပမာဏတစ်ဆယ်ဖိုးရှိမယ်။နောက်ရေတစ်ပိဿာထဲမှာ အပူပမာဏ ၃၀ဖိုးရှိမယ်ဆိုရင်နောက်ရေတစ်ပိဿာက ပိုပူမယ်၊temperatureပိုမြင့်မယ်ပေါ့။အရာဝတ္ထုရဲ့ ပမာဏကအတူတူပဲ၊အပူပမာဏက ကွဲသွားတာconcentration of heat ကွာသွားတာပေါ့။ဒါကြောင့် temperatureလည်းကွာသွားတယ်။(အရာဝတ္ထုအတူတူကိုအပူစွမ်းအင်ပိုများတော့ အပူချိန်လည်းများလာတယ်)နောက်တစ်မျိုးပြောကြည့်မယ်။အပူပမာဏ(heat)ကတော့တူတူပဲ။၁၀စီပဲထားပါတော့။ရေကန်ထဲမှာလည်း အပူ၁၀ဖိုးရှိမယ်။ရေပုံးထဲမှာလဲ အပူ၁၀ဖိုးရှိမယ်။ဒါဆိုရေပုံးက ပိုပူနေမှာ temperatureပိုမြင့်နေမှာသေချာတယ်။ရေပုံးရဲ့အပူအားအဆ (concentration of heat)ကများတာကိုး။
ဆိုတော့ အပူချိန်မြင့်တိုင်း အပူပမာဏများတယ် ပြောလို့မရဘူး၊ အပူချိန်မြင့်တာဟာ သူ့ရဲ့ အပူပြင်းအားအဆ များတယ်လို့ပဲ အဓိပ္ပါယ် ရတယ်။ ဥပမာ ကော်ဖီပူပူတစ်ခွက်နဲ့ စည်ဝိုင်းထဲကရေ... ဘယ်ဟာ ပိုပူလဲ။ ကော်ဖီပေါ့။ မှန်တယ်။ ကော်ဖီက ပိုပူမယ်။ တစ်နည်းအားဖြင့် ကော်ဖီက စည်ဝိုင်းထက် temperature ပိုမြင့်တယ်။ ဒါပေမယ့် အပူပမာဏ (heat) အနေနဲ့ကတော့ စည်ဝိုင်းထဲကရေက ပိုများတယ်။ ဒီထက်မြင်သာအောင်ပြောရရင် ဆူနေတဲ့ရေတစ်ပိဿ နဲ့ ရေနှစ်ပိဿ ..အပူချိန် (temperature) ကတော့ အတူတူပဲ ဖြစ်မယ်။ နှစ်ခုလုံးရဲ့ အပူချိန်က ရေဆူမှတ် 100' C မှာပဲရှိမယ်။ ဒါပေမယ့် ရေနှစ်ပိဿ က တစ်ပိဿ ထက် အပူပမာဏ (anount of heat) နှစ်ဆ ပိုများမယ်။ ဒီလောက်ဆို အပူနဲ့ အပူချိန်ကို နားလည်လောက်ပါပြီ။
ပြီးတော့ အရပ်ထဲမှာပြောနေတဲ့ ပူတယ်အေးတယ်ဆိုတာ နှိုင်းဆခြင်းသဘောနဲ့ ပြောတာ။ ဥပမာ အအေးခန်းထဲက ထွက်လာတဲ့လူတစ်ယောက် အပြင်ရောက်ရင် ပူလိုက်တာလို့ ပြောမှာပဲ။ အဲလိုပဲ အပြင်ကလူက အအေးခန်းထဲဝင်လာရင် ဟာ အေးလိုက်တာကွာလို့.. ပြောမှာပဲ။ အခန်းထဲမှာ ကျောက်ပြားနဲ့ ကော်ဇောခင်းထားရင် ကျောက်ပြားပေါ်နင်းရတာ ပိုအေးတယ်။ တံခါးက သတ္တုလက်ကိုင်နဲ့ သစ်သားတံခါးရွက်ဆိုလည်း သတ္တုလက်ကိုင်က ပိုအေးတယ်လို့ ခံစားရတယ်။ ဒါပေမယ့် တကယ့်တကယ်က အပူချိန်အားဖြင့် အတူတူပဲ။ ဆိုတော့ ပူတယ်အေးတယ်ဆိုတာကို စိတ်မှန်းနဲ့ ဆုံးဖြတ်လို့မရဘူး။ ဆုံးဖြတ်ရင် မှားဖို့များတယ်။ ဒါဆို ဘယ်လောက်ပူလဲဆိုတာကို တိုင်းတာဖို့အတွက် ပေတံတစ်ချောင်း (ကိရိယာတစ်ခု) လိုပြီပေါ့။ ဆိုတော့...အပူချိန်ကို ဘာနဲ့ တိုင်းကြမလဲ။